အာဆင်နယ်ထံ ပြောင်းလာဖို့ သဘောတူညီမှု ရထားတဲ့ တိုက်စစ်သမား ကိုင်ဟာဗက်ဟာ ဒီအပတ်ထဲမှာ ဆေးစစ်မှု ခံယူသွားမှာ ဖြစ်ပါတယ်။

အသင်း ဒါရိုက်တာ အီဒူးဟာ နည်းပြ အာတီတာ အလိုရှိတဲ့ ပစ်မှတ် တွေဖြစ်တဲ့ ရိုက်စ်၊ တင်ဘာနဲ့ လာဗီယာ တို့ကို ရရှိရေး တပြိုင်နက်တည်း လှုပ်ရှားနေပါတယ်။

မကြာခင်မှာ အာဆင်နယ်ဟာ အေးဂျက် ခံစစ်သမား တင်ဘာအတွက် နောက်ထပ် ကမ်းလှမ်းမှု ထပ်မံ ပေးပို့သွားတော့မှာ ဖြစ်ပါတယ်။

အာဆင်နယ် ကွင်းလယ်ကစားသမား ပါတေးဟာ ဆော်ဒီကလပ်တွေက ယူရို သန်း ၄ဝ နဲ့ ခေါ်ဖို့ ချိတ်ဆက်မှုကို ငြင်းဆန်ပြီး ဂျူဗင်တပ် အသင်းထံ ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။

အာဆင်နယ် တိုက်စစ်သမားလေး ဆာကာဟာ တူရကီမှာ ငလျင်ဒဏ် ခံစားခဲ့ရတဲ့ မိသားစုပေါင်း ၂၆ ခုအတွက် ကူညီမှု တစ်ခုကို BigShoe အဖွဲ့နဲ့ ပူးပေါင်း လုပ်ဆောင်ခဲ့ပါတယ်။

ဒီကလန်ရိုက်စ်ကို ခေါ်ယူနိုင်ရေး မန်စီးတီးကလည်း နေရာကောင်းမှာ ရှိလာနေပြီး အကယ်လို့ ကစားသမားက အာဆင်နယ်ကို ရွေးချယ်ခဲ့မယ်ဆိုရင် အာတီတာကြောင့် ဖြစ်လိမ့်မယ်လို့ သတင်းထောက် ရိုမန်နိုက ပြောပါတယ်။

ရိုက်စ်ကို မရရင် ခေါ်ယူဖို့ မန်စီးတီး ကွင်းလယ် ကစားသမား ဂွမ်ဒိုဂန် ကို ဂန်းနားတို့ ချိန်ထားပေမယ့် ဂျာမန်သားက ဘာစီလိုနာထံ ပြောင်းဖို့ သဘောတူညီမှုရသွားတာကြောင့် အာဆင်နယ်တို့ အကြပ်ရိုက်ဖွယ်ပါ

လာဇီယိုအသင်းထံက စိတ်ဝင်စားမှု ရရှိနေပေမယ့် အာဆင်နယ် ကွင်းလယ် ကစားသမား ဂျော်ဂျင်ဟို ဟာ အသင်း မပြောင်းဘဲ ပွဲထွက်ခွင့် အတွက် မြောက်လန်ဒန်ကလပ်မှာ ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။

ပဲလေ့စ်ကနေ ထွက်ပြီး အသင်းလက်မဲ့ ဖြစ်နေတဲ့ ဂန်းနားဟောင်း ပက်ထရစ် ဗီအဲရာ က လိဒ်စ် ယူနိုက်တက် အသင်း နည်းပြ ဖြစ်လာဖို့ ရေပန်းစားနေပါတယ်။

အာဆင်နယ် စိတ်ဝင်စားခဲ့တဲ့ ကွင်းလယ်လူ ကိုင်ဆီဒိုဟာ ဒီနွေဈေးကွက်မှာတင် ချယ်ဆီး အသင်းထံ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီထားပြီ ဖြစ်ပါတယ်။