ယူနိုက်တက်ဟာ အတ္တလန္တာ တိုက်စစ်မှုး ဟာ့ဂျ်လန်း အတွက် ယူရို ၃၅ သန်းနဲ့ ကမ်းလှမ်းမှု စတင် လိုက်ပြီး ချက်ချင်း ပယ်ချခံခဲ့ရပါတယ်။ ဟာလန်း လက်သစ်လို့ နာမည်ကြီးတဲ့ တိုက်စစ်မှုး အတွက် အတ္တလန္တာက ယူရို ၄၅ သန်း ရမှ ရောင်းချချင်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဆန်ချို ကို အငှားခေါ်ဖို့ ၎င်းရဲ့ အသင်းဟောင်း ဒေါ့မွန်က ကမ်းလှမ်းလာတာကို ငြင်းဆန် ပယ်ချလိုက်တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ယူနိုက်တက်ဟာ ဆန်ချိုကို ဈေးကောင်း ရရင် ရောင်းမှာ ဖြစ်ပေမယ့် အငှားတော့ မလွှတ်ဘူး ဆုံးဖြတ်ထားတာပါ။

ယူနိုက်တက်နဲ့ စာချုပ်ကုန်ဆုံးပြီး လိပ်ခဲတည်းလဲ အခြေအနေ ဖြစ်နေတဲ့ ဂိုးသမား ဒီဂီယာ ဟာ စပိန်မှာ သူ့ရဲ့ ချစ်သူနဲ့ အတူ လက်ထပ်ပွဲ ကျင်းပသွားခဲ့ပါတယ်။

မေဆန်မောင့် ရပြီးနောက် ဂိုးသမားသစ်လည်း ဝယ်ယူချင်နေတဲ့ နည်းပြတန်ဟက်ဟာ တိုက်စစ်နေရာ အတွက် ယူရို သန်း ၃ဝ လောက်သာ ပေးရမယ့် အီရန်သား ပေါ်တိုတိုက်စစ်မှုး တာရဲမီကို ချိန်ရွယ်လာပါတယ်။

နည်းပြ တန်ဟက်ဟာ ရာသီကြိုမှာ ယူနိုက်တက် လူငယ်ကြယ်ပွင့် အာမက် ဒီယာလို အား အခွင့်အရေးတွေ များများပေးပြီး စောင့်ကြည့်ဖို့ ရည်ရွယ်နေပါတယ်။ ၎င်းကို လာမယ့်ရာသီ ပထမအသင်းကြီးမှာ အ်ခွင့်အရေးပေးဖို့ တန်ဟက်က ကြံရွယ်ထားပါတယ်။

ယူနိုက်တက် အကယ်မီထွက် ဖြစ်တဲ့ သရဲနီဟောင်းကြီး ကလီဗာလေဟာ အသက် ၃၃ နှစ် အရွယ်မှာ ကစားသမား ဘဝကနေ အနားယူကြောင်း ကြေညာသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီဝက် ယူနိုက်တက်မှာ အငှား လာကစားခဲ့တဲ့ တိုက်စစ်မှုး ဗက်ဟော့စ်ဟာ မိခင်ကလပ် ဘန်လေအသင်းထံ ပြန်ပြီ ဖြစ်ပါတယ်။