မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင်သစ် ဖြစ်ဖို့ ရေပန်းစားနေတဲ့ ဘရူနို ဖာနန်ဒက်စ်ဟာ ဒီနွေမှာ ဆော်ဒီ ကလပ်တွေထံက ကမ်းလှမ်းမှု အကြိမ်ကြိမ် ရခဲ့သော်လည်း ငြင်းဆန် ပယ်ချခဲ့တယ် လို့ သိရပါတယ်။
လူကာကူ ကို ခေါ်ယူဖို့ ရေပန်းစားလာတာကြောင့် ဂျူဗင်တပ် အသင်း ပရိသတ်တွေကတော့ ဘယ်လ်ဂျီယံသားကို သူတို့ လက်မခံနိုင်ကြောင်း ဆန္ဒ ထုတ်ဖော်နေကြပါပြီ။
တော့တင်ဟမ် စပါး ဂိုးသမား လိုရစ်ဟာ ပြင်သစ်က သူ့အဆက်အသွယ်နဲ့ ပီအက်စ်ဂျီ အသင်းထံ ချိတ်ဆက်ပြီး အသင်းပြောင်းဖို့ ကြိုးစားနေပါတယ်။
တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ်ဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ ၅ နှစ်သက်တမ်းရှိ စာချုပ်သစ် သက်တမ်းတိုး ချုပ်ဆိုသွားပြီ ဖြစ်ပါတယ်။
တိုက်စစ်မှူး စီ ရော်နယ်ဒိုက သူဟာ ဥရောပ ကစားသမားတွေ ဆော်ဒီလိဂ်ထံ ပြောင်းလာနိုင်ဖို့ လမ်းဖွင့်ပေးခဲ့တာဖြစ်ပြီး နောက်ရာသီတွေမှာ ပိုများတဲ့ ကစားသမားတွေ ရောက်လာဦးမယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
စပါး တိုက်စစ်မှုး ဟယ်ရီကိန်းဟာ ပီအက်စ်ဂျီအသင်းထံ ပြောင်းဖို့ကို စိတ်မဝင်စားဘဲ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပူးပေါင်းဖို့ပဲ ဆန္ဒရှိပါတယ်။
ချယ်ဆီးတိုက်စစ်မှူး အူဘာမီယန်းဟာ လီဂူးဝမ်းကလပ် မာဆေးအသင်းထံ ပြောင်းဖို့ ရေပန်းစားနေပါတယ်။
အာဆင်နယ်နည်းပြ အာတီတာက အသုံးစရိတ် ပေါင် သန်း ၂၀၀ ဖြင့် လူသစ် ၃ ဦး ခေါ်ယူထားပေမယ့်လို့ နောက်ထပ် ခေါ်ယူမှုတွေ ထပ်ရှိလာနိုင်သေးကြောင်း ဆိုလာပါတယ်။
ချယ်ဆီးအသင်း ရာသီကြို ခရီးစဉ်အတွက် အသင်းသား ၂၉ ဦးစာရင်းမှာ လီဗာပူးဘက်က အတော်လေး အလိုရှိနေတဲ့ ခံစစ်မှူး လီဗီ ကိုးဝဲလ်လည်း ပါဝင်နေပါတယ်။
ဂိုးသမား အိုနာနာဟာ ယူနိုက်တက်နဲ့ ပူးပေါင်းနိုင်ဦးမှာ မဟုတ်ဘဲ ကလပ်နှစ်သင်းကြား အပြီးသတ် ကိစ္စတွေကို ဆက်လက် လုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ်။
အာဆင်နယ် ဘယ်အစွန် နောက်ခံလူ တီရာနေးကို ပြန်လည် ခေါ်ယူလိုပေမယ့် သူ့အတွက် ပေးရမယ့် ပြောင်းရွှေ့ကြေးကို ဆဲလ်တစ် အသင်း တတ်နိုင်မလား မသေချာဘူးလို့ နည်းပြ ဘရန်ဒန် ရော်ဂျာက ဆိုပါတယ်။