ဂိုးသမားသစ် အိုနာနာက ကျောနံပါတ် ၂၄ ကို ဝတ်ဆင်မှာဖြစ်ကြောင်း မန်ချက်စတာ ယူနိုက်တက် ဘက်က တရားဝင် ကြေညာလိုက်ပါပြီ။

ယူနိုက်တက်လို ဂန္တဝင်ကလပ်ကို ရောက်လာရတာအတွက် ဂုဏ်ယူနေတဲ့ ဂိုးသမား အိုနာနာက သူ့ရဲ့ ကိုယ်ပိုင် ပုံရိပ်ကာင်းကို ချန်ထားနိုင်ဖို့ထိ ကြိုးစားမယ်လို့ ကတိပေးလာပါတယ်။

အက်စတွန်ဗီလာဟာ ဒီယာဘီကို ခေါ်ယူနိုင်ရေးမှာ အသာရခဲ့ပါပြီ။ လေဗာကူဆင် ကွင်းလယ်လူကို ဗီလာဘက်က ယူရို သန်း ၆၀ ဝန်းကျင်ဖြင့် ကမ်းလှမ်းမှာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ် တိုက်စစ်သမား မာနေးဟာ ဆော်ဒီလိဂ်ထံ ပြောင်းဖို့ မီးစိမ်းပြလိုက်ပါပြီ။ နည်းပြ သောမက်စ် တူချယ်ရဲ့ ရေရှည် ပလန်မှာ မပါဝင်တော့တာနဲ့အတူ ဆီနီဂေါသားဟာ ရော်နယ်ဒိုရှိရာ Al Nassr အသင်းထံ ပူးပေါင်းမှာ ဖြစ်ပါတယ်။

မန်စီးတီး လူငယ် ဂိုးသမား ဂျိမ်းထရတ်ဖိုဒ့်ဟာ ဘန်လေအသင်းထံ ပေါင် သန်း ၂၀ ဝန်းကျင်ဖြင့် ပြောင်းရွှေ့သွားပြီ ဖြစ်ပါတယ်။

အင်တာမီလန်ဟာ အိုနာနာနေရာ အစားထိုးဖို့ ဒီဂီယာကို ကမ်းလှမ်းခဲ့ပေမယ့် စပိန်သား ဂိုးသမားက စီးရီးအေ ကလပ်ထံ ပြောင်းဖို့ကို ပယ်ချသွားပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့က စိတ်ဝင်စားကြောင်း သတင်းထွက်နေပေမယ့်လို့ အမရာဘတ်အတွက် ကမ်းလှမ်းမှု မရသေးကြောင်း ဖီအိုရင်တီးနားဘက်က ထုတ်ပြောလာပါတယ်။

တိုက်စစ်သမား မာရက်ဇ်ဟာ Al Ahli အသင်းနဲ့ ဆေးစစ်မှု အောင်မြင်ခဲ့ပြီ ဖြစ်ပါတယ်။ သူဟာ မန်ဒီ၊ ဖာမင်နို၊ စိန့်မက်ဆီမန်တို့နဲ့အတူ တစ်သင်းတည်း တွဲကစားခွင့်ရမှာပါ။

ဝက်စ်ဟမ်းအသင်းဟာ မန်စီးတီး လူငယ် တောင်ပံသမား ကားလိုစ့် ဘော့ဂတ်စ်ကို ပေါင် ၁၄ သန်းဖြင့် ခေါ်ယူဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။