ချယ်ဆီးဟာ ဘရိုက်တန် ကွင်းလယ်လူ ကိုင်ဆီဒိုအတွက် ပေါင် သန်း ၈၀ နဲ့ ကမ်းလှမ်းလိုက်ပြီ ဖြစ်ပါတယ်။ ကလပ်နှစ်သင်းကြား ဆွေးနွေးမှု ပြုလုပ်နေပြီး သဘောတူညီမှုတော့ မရသေးပါဘူး။

အတ္တလန္တာ တိုက်စစ်မှုး ဟွိုင်လန်း အတွက် ပီအက်စ်ဂျီအသင်းက လက်ဦးမှု ယူကာ ဝင်ရောက် ကမ်းလှမ်းပေမယ့်လို့ ကစားသမားကတော့ မန်ချက်စတာ ယူနိုက်တက်ကိုပဲ အလေးသာနေကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ် လာပါတယ်။

အယ်နာဆာအသင်းက ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး မာနေးအတွက် ဘိုင်ယန်မြူးနစ်ကို ယူရို ၃၇ သန်းဖြင့် ကမ်းလှမ်းမှု လုပ်ခဲ့ပါတယ်။ ကလပ်နှစ်သင်းကြား စကားပြောမှုဟာ နောက်ဆုံးအဆင့်တွေကို ရောက်ရှိနေပါပြီ။

ဘိုင်ယန်ဘုတ်အဖွဲ့ အကြီးအကဲဟာ စပါးဥက္ကဋ္ဌ လီဗိုင်းနဲ့ ဒီကနေ့မှာ တွေ့ဆုံ စကားပြောဖို့ စီစဉ်ထားပြီး ဟယ်ရီကိန်း ကိစ္စကို ထပ်မံ ဆွေးနွေးမှာ ဖြစ်ပါတယ်။

ချယ်ဆီး တိုက်စစ်သမား အိုဒွိုင်းကို ဖူလ်ဟမ်ဘက်က ပေါင် ၄ သန်း ဝန်းကျင်ဖြင့် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပါတယ်။ ချယ်ဆီး ကတော့ ပေါင် ၈ သန်း အလိုရှိနေတာ ဖြစ်ပါတယ်။

သောမက်စ် ပါတေး ဆက်နေဖွယ် ရှိတာကြောင့် အာဆင်နယ်ဘက်က ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာကို ခေါ်ယူဖို့ ကြိုးစားသွားမှာ မဟုတ်ပါဘူး။

လီဗာပူးအသင်းကတော့ လာဗီယာကို ခေါ်ယူနိုင်ရေး ပေါင် ၄၅ သန်းတန် ကမ်းလှမ်းမှု လုပ်ထားပြီး ချယ်ဆီးကလည်း ကြားဝင် ကမ်းလှမ်းမယ့် အရိပ်အယောင် ပြသနေပါတယ်။

ပရီးမီးယားလိဂ် ကလပ်အချို့ရဲ့ စောင့်ကြည့်ခြင်းကို ခံနေရတဲ့ ဖာရန် တောရက်စ်က သူ ဘာစီလိုနာမှာပဲ ဆက်နေမယ့် အကြောင်း ထုတ်ပြောလာပါတယ်။

ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း အလက်ဆစ် ဆန်းချက်စ်နဲ့ သတင်းထွက်နေပေမယ့် နော်တင်ဟမ် ဖောရက်စ်ဟာ ကို ဆန်းချက်စ်ကို ခေါ်ယူရေးအတွက် ကြိုးစားနေခြင်း မရှိပါဘူး။