ဝက်စ်ဟမ်း အသင်း ဟာ ပါကွီတာကို မန်စီးတီးထံ လက်လွတ်ရနိုင်ခြေ ရှိလာတာကြောင့် သူ့နေရာမှာ အေဂျက် အသင်းကွင်းလယ်လူ ခူးဒက်စ်ဖြင့် အစားထိုးဖို့ စတင် ကြိုးစားနေပြီ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ပေပေကို ဘက်ဆစ်တက်ထံ လက်လွှတ်နိုင်ရေး လက်ရှိ စာချုပ် နောက်ဆုံးနှစ်ထဲ ရောက်နေတဲ့ ကစားသမားနဲ့ စာချုပ်ကို ဖျက်သိမ်းဖို့ စဉ်းစားနေပါတယ်။

လီဗာပူး အသင်းဟာ လာဗီယာအတွက် ဆောက်သမ်တန်ကို ပေါင် သန်း ၆၀ ပေးဖို့ သဘောတူလိုက်ပေမယ့်လို့ ကွင်းလယ်လူက ချယ်ဆီးထံပဲ ပြောင်းလိုနေပါတယ်။

ဖူလ်ဟမ်အသင်းဟာ ချယ်ဆီး တောင်ပံသမား အိုဒွိုင်းကို ခေါ်ယူနိုင်ရေး နောက်ဆုံးအဆင့်တွေ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ဖရက်ကို ဖီနာဘာချီထံ ယူရို ၁၅ သန်းဖြင့် ရောင်းချပြီးတဲ့နောက် မန်ချက်စတာ ယူနိုက်တက်ဟာ ဖီအိုရင်တီးနား ကွင်းလယ်လူ အမရာဘတ်ကို ခေါ်ယူဖို့ ကြိုးစားနေပြီ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ချယ်ဆီးဂိုးသမား ကီပါကို တစ်ရာသီ အငှားဖြင့် ခေါ်ယူနိုင်ကြောင်း ကြေညာခဲ့ပြီ ဖြစ်ပါတယ်။

ရီးရဲလ်ဆိုစီဒက်ဟာ အာဆင်နယ် အစွန်လူ တီရာနေးနဲ့ ယူနိုက်တက် ကွင်းလယ်လူ ဗန်ဒီဘိခ်တို့ နှစ်ဦးလုံးကို အငှားခေါ်ယူဖို့ ကြိုးစားနေပါတယ်။

အဲဗာတန်အသင်းဟာ လိဒ်စ်ယူနိုက်တက် တိုက်စစ်သမား ဂျက်ဟာရစ်ဆန်ကို တစ်ရာသီ အငှားဖြင့် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ မက်ဂွဲရားကို ဝက်စ်ဟမ်းအသင်းထံ ပေါင် သန်း ၃၀ ဖြင့် ရောင်းထုတ်ဖို့ ကြိုးစားနေဆဲဖြစ်ကာ ဘိုင်ယန်မြူးနစ် ခံစစ်သမား ပါဗက်ကို ပြန်လည် ခေါ်ယူဖို့ အားထုတ်နေမှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဘရန့်ဖိုဒ့် ဂိုးသမား ရာယာကို ပေါင် သန်း ၃၀ ဖြင့် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကနဦး ပေါင် ၃ သန်းဖြင့် အငှားခေါ်ယူခြင်းဖြစ်ကာ ပေါင် ၂၇ သန်းဖြင့် အပြီးသတ် ခေါ်ယူမှာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ ဆောက်သမ်တန် ကွင်းလယ်လူ ဝေါပရောက်စ်ကို ပေါင် သန်း ၃၀ ဖြင့် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။