ဒီတပတ် ပရီးမီးယားလိဂ်မှာ အာဆင်နယ် အသင်းဟာ ခရစ္စတယ်ပဲလေ့စ် အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာပါ။ ပွဲကတော့ မနက်ဖြန် တနင်္လာနေ့ ည ၁နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ပရီးမီးယာလိဂ် ပွဲစဉ်တွေ အပတ်စဉ် သုံးသပ် ခန့်မှန်းနေကြ ဝါရင့်ကြီးတွေ ဖြစ်တဲ့ ဘီဘီစီ ခရစ်ဆက်တန်၊ ဂန်းနားဟောင်းကြီး ပေါမာဆန် တို့က ပဲလေ့စ်နဲ့ အာဆင်နယ် ပွဲစဉ် အတွက် ဘယ်လိုတွေ သုံးသပ်ထားလဲ ဖော်ပြပေးပါမယ်။
ခရစ်ဆက်တန် ရဲ့ ပွဲကြို သုံးသပ်ချက်
မနှစ်က ရာသီစမှာ အာဆင်နယ်က ပဲလေစ့်ကွင်းထံသွားပြီး ၂-၀ နဲ့ အနိုင်ရတာက အကြောင်းကြားမှု ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီ အဲကွင်းမှာ အာဆင်နယ်က မကြာခဏ အမှတ်လျော့လေရှိတာပါ။ အရင်အပတ် ရှက်ဖီးကို ပဲလေစ့်တို့ ရင်ဆိုင်တုန်းက ခြေစွမ်းကောင်းပါတယ်။
အာဆင်နယ်မှာ တင်ဘာ ဒဏ်ရာကြောင့် အနားယူရတာကလည်း အတော်လေး အထိနာပါတယ်။ ဒါပေမယ့်လို့ အာဆင်နယ်ရဲ့ အင်အားစုက ဒီပွဲကို ကျော်ဖြတ်ဖို့ လုံလောက်နေဆဲ ဖြစ်ပါတယ်။
ဆက်တန်ရဲ့ ခန့်မှန်းရလဒ်။ ။ ပဲလေ့စ် ဝ-၂ အာဆင်နယ်
ပေါမာဆန် ရဲ့ ပွဲကြို သုံးသပ်ချက်
အာဆင်နယ်က နော့တင်ဟမ် ဖောရက်စ်နဲ့ ပွဲမှာ စိတ်လှုပ်ရှားနေတဲ့ ပုံနဲ့ စတင်ခဲ့တာပါ။ ဒါက ဂန်းနားတွေ အတွက် ဒီရာသီ ပြသနာ တစ်ခု ဖြစ်လာနိုင်တယ်။ ဒီရာသီမှာက သူတို့ဟာ မျှော်လင့်ခြင်းခံထာရတဲ့ ဝန်တွေ နဲ့ ကစားသွားရမှာပါ။
ဂန်းနားတွေဟာ ပြီးခဲ့တဲ့ ရာသီ စွမ်းဆောင်ရည်ကြောင့် အားလုံးရဲ့ လေးစားမှု ခံနေရတယ်။ ဒီတော့ ပြိုင်ဘက်တွေက ခံစစ်ကို အတော် ပိတ် ကစားလာကြတယ်။
ကျနော်ကတော့ ညာစွန်မှာ တိုမီယာဆု ကို ကျော်ပြီး ပါတေး ဝင် ကစားတာကို သဘောမကျပါဘူး။ ကိုင်ဟာဗက်ဇ် ကိုလည်း ကွင်းလယ် လို့ မမြင်ဘူး။ ဒါပေမယ့် သူ့ကို ယုံကြည်မှုတော့ ရှိပါတယ်။ ကိုယ့်အသင်းမှာ တိုက်စစ် ဖွင့်ကစားရင် သူ့လို ကစားသမားမျိုးက လိုအပ်တယ်။ မီခေးလ် အာတီတာ အနေနဲ့ ဒီ ကစားသမားသစ်တွေကို ရာသီသစ်မှာ ဘယ်လို သုံးမလဲ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
တဖက်မှာ ခရစ္စတယ်ပဲလေ့စ် ကလည်း ပြီးခဲ့တဲ့ အပတ်က ရလဒ်ကောင်း ရထားတယ်။ သူတို့က အာဆင်နယ်ကို သေချာပေါက် ပြသနာတွေ ပေးမှာပါပဲ။ ဒါပေမယ့် နိုင်ပွဲရနိုင်လောက်တဲ့ ထိတော့ သူတို့ မလုပ်နိုင်ပါဘူး။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ ခရစ္စတယ် ပဲလေ့စ် ဝ-၂ အာဆင်နယ်