မန်ချက်စတာ ယူနိုက်တက်ဟာ ဘယ်နောက်ခံ နေရာအတွက် ချယ်ဆီးမှ ကူကူရယ်လာ အပြင် ဘာစီလိုနာ မှ အလွန်ဆိုနဲ့ စပါးမှ ရယ်ဂူလွန်တို့ကိုပါ ပစ်မှတ်ထားနေပါတယ်။

ပြင်သစ်ကလပ် နိုက်စ်အသင်းရဲ့ ဗဟိုခံစစ်သမား Jean-Claire Todibo ဟာ မက်ဂွဲရား ထွက်မှသာ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းလာနိုင်မယ် လို့ သိရပါတယ်။

ယူနိုက်တက်ဟာ ဈေးကွက်မပိတ်ခင် မက်ဂွဲရားကို ရှင်းထုတ်နိုင်ဖို့ ကြိုးစားဆဲ ဖြစ်ပြီး ဝက်စ်ဟမ်းကလည်း ထပ်မံ ညှိနှိုင်းနေပေမယ့် ကစားသမား ကိုယ်တိုင်က လစာလျှော့ယူ အသင်းပြောင်းဖို့ ငြင်းဆန်နေတာပါ။

စီ ရော်နယ်ဒိုဟာ ပိုပြီး Fit ဖြစ်၊ ပိုပြီး ဆာလောင်စိတ် အောင်နိုင်လိုစိတ်တွေတောင် ပြင်းပြနေပြီ တွေ့လား လို့ ပီးယာ့ဇ် မော်ဂန်က ဆိုကာ ယူနိုက်တက် နည်းပြ တန်ဟက်အား ခနဲ့သွားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းဟာ ယူနိုက်တက် ကွင်းလယ် ကစားသမား မက် တော်မီနေးကို အငှားနဲ့ ခေါ်ယူဖို့ စဉ်းစားနေပါတယ်။ ထို အတွက် သူတို့ ကစားသမား ဂရာဗင်ဘာ့ချ်ကိုလည်း အပြန်အလှန် အနေနဲ့ အငှား ပြန်လွှတ်ဖို့ ရည်ရွယ်နေပါတယ်။

အမ်မရာဘတ်ဟာ ဈေးကွက်မပိတ်ခင် သူ့ကို မန်ချက်စတာ ယူနိုက်တက်က ခေါ်ယူမှာ စောင့်ဆိုင်းနေဆဲ ဖြစ်တယ်လို့ သတင်းထောက် ရိုမန်နိုက ဖော်ထုတ်လာပါတယ်။

နော်တင်ဟမ်ဖောရက်စ် အသင်းဟာ မန်ချက်စတာ ယူနိုက်တက်ကို ၃-၂ နဲ့ သူတို့ ရှုံးနိမ့်ခဲ့တဲ့ ပွဲမှ ဒိုင်လူကြီး စတူးဝပ် အက်ဝဲလ် အား ဒိုင်အဖွဲ့ထံ တိုက်ကြားဖို့ စီစဉ်နေပါတယ်။