အာဆင်နယ် တိုက်စစ်သမား နီကိုးလပ်စ် ပေပေဟာ အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီး တူရကီကလပ် Trabzonspor အသင်းထံ ပြောင်းရွှေ့သွားပြီ ဖြစ်ပါတယ်။ တရားဝင် သတင်းထုတ်ပြန်မလာသေးပေမယ့် ကစားသမားက အသင်းသစ် ဂျာစီနဲ့ ပုံ တင်သွားခဲ့တာပါ။

ဩဂုတ်လအတွက် ပရီးမီးယားလိဂ် အကောင်းဆုံး မန်နေဂျာ ဆု ဆန်ကာတင် စာရင်းမှာ အာတီတာဟာ မန်စီးတီး၊ လီဗာပူး၊ ဝက်စ်ဟမ်း၊ စပါးအသင်း နည်းပြတွေနဲ့အတူ ပါဝင်နေပါတယ်။

ဖောရက်စ်ပွဲမှာ ဆာကာ သွင်းယူခဲ့တဲ့ သွင်းဂိုးဟာ ဩဂုတ်လအတွက် ပရီးမီးယားလိဂ် အကောင်းဆုံး ဂိုး ဆန်ကာတင် စာရင်းထဲ ပါဝင်နေပါတယ်။

ယုံကြည်မှုပိုင်း ကျဆင်းနေတဲ့ တိုက်စစ်မှုး ကိုင်ဟာဗက်ကို အရန်ခုံမှာ ထိုင်ခိုင်းထားဖို့ နည်းပြ အာတီတာ အား ဂန်းနားဟောင်းတွေ တိုက်တွန်းနေကြပါတယ်။

ဘရာဇီးနဲ့ ဘိုလီဗီးယားတို့ ပွဲစဉ်မှာ ခံစစ်မှူး ဂါဘရီရယ်ဟာ လက်ရွေးစင် အသင်းအတွက် ပွဲထွက်ခွင့်ရမှာဖြစ်ကာ ဂျေးဆုနဲ့ မာတင်နယ်လီတို့ အရန်လူစာရင်းကနေ ပါဝင်ခွင့်ရမယ်လို့ သိရပါတယ်။

အင်္ဂလန်သတင်းတွေမှာတော့ နောက်ပွဲမှာ နည်းပြအာတီတာက ရမ်စ်ဒယ်ကို အနားပေးပြီး ဂိုးသမားသစ် ဒေးဗစ် ယာယာကို ပွဲထုတ်မယ်လို့ ဖော်ပြလာနေပါတယ်။

အာဆင်နယ်က မန်ချက်စတာယူနိုက်တက်ကို အနိုင်ရတဲ့ပွဲဟာ ရမှတ် ၃ မှတ်တင် မဟုတ်ဘဲ မန်စီးတီးအား ပရီးမီးယားလိဂ် ဖလားအတွက် အချက်ပေးမှုကို နဗီးက ဆိုပါတယ်။