ဒီအပတ် ပရီးမီးယားလိဂ် ပွဲတွေအတွက် ယူနိုက်တက်နဲ့ စပါး တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ရဲ့ ပွဲကြို သုံးသပ် ခန့်မှန်းချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ဝုဗ် vs လီဗာပူး

ဝုဗ်က ဒီတလော အခြေအနေ သိပ်မကောင်းပါဘူး။ လီဗာပူးပဲ အနိုင်ရဖို့ ရေပန်းစားမှာပါ။ ကျနော်လည်း အဲ့လိုပဲ ထင်ပါတယ်။ ဗန်ဒိုက် မပါဝင်ဘူးဆိုပေမယ့် လီဗာပူးက ဝုဗ်ကို အနိုင်ယူနိုင်ပါတယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ ဝုဗ် ဝ-၂ လီဗာပူး။

ဝက်စ်ဟမ်း vs မန်စီးတီး

ဒီပွဲက ပွဲကောင်းဖြစ်မှာပါ။ ရိုက်စ်ထွက်သွားတဲ့နောက် ဝက်စ်ဟမ်းအတွက် ခက်ခဲမယ်လို့ လူတိုင်း ထင်ခဲ့ကြပေမယ့် သူတို့ အကောင်းဆုံး စီမံနိုင်ခဲ့တယ်။ ဒါပေမယ့်လို့ မန်စီးတီးက ပိုပြီး ရည်အချင်းရှိပါတယ်။ ဝက်စ်ဟမ်းတို့ ဘောလုံး ရာသီကောင်း ရနေပေမယ့် ဒီပွဲ မန်စီးတီးပဲ နိုင်မှာပါ။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ ဝက်စ်ဟမ်း ၁-၃ မန်စီးတီး။

မန်ချက်စတာ ယူနိုက်တက် vs ဘရိုက်တန်

ဘရိုက်တန်ကို ရင်ဆိုင်ပြီး မန်ယူနိုက်တက်တို့ ရလဒ် မကောင်းခဲ့တာ ရှိပါတယ်။ ဒီပွဲကို ဂရုစိုက်ပြီး မယှဉ်ပြိုင်ရင် ထပ်ပြီး ခံစားရဦးမှာပါ။ ဘရိုက်တန် ကစားနေတဲ့ ဘောလုံးပေးမှုနဲ့ နေရာလွတ် အသုံးချမှုတွေကို ကျနော် သဘောကျပါတယ်။ ယူနိုက်တက်တို့ နိုးထပြီး ဒီရာသီ မပြီးသေးဘူးဆိုတဲ့ အသိတရား ဝင်လာဖို့ လိုပါတယ်။

ယူနိုက်တက်တို့ အနိုင်ရဖို့ လိုပါတယ်။ နိုင်မယ်လို့ထင်တယ်။ မဟုတ်ဘူးဆိုရင် ထိပ်ဆုံးအသင်းတွေနဲ့ ရမှတ်တွေ စကွာလာမှာပါ။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ မန်ယူနိုက်တက် ၃-၂ ဘရိုက်တန်။

ဘုန်းမောက် vs ချယ်ဆီး

ချယ်ဆီးအပေါ် အများကြီး မျှော်လင့်ထားပေမယ့် သူတို့ရဲ့ ရလဒ်တွေက ဆိုးရွားပါတယ်။ ကိုင်ဆီဒို အမြန်ဆုံး ခြေတွေ့ဖို့ မျှော်လင့်တယ်။ ချယ်ဆီးက သူ့အတွက် ငွေကြေးအများကြီး အကုန်အကျခံထားပြီး ထိုက်တန်တဲ့ အရည်အချင်းကို သူပြဖို့ လိုပါတယ်။ ဒီပွဲမှာ ချယ်ဆီးတို့ ပိုကောင်းလာရမှာ ဆိုပေမယ့် သရေဖြစ်သွားမှာပါ။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ ဘုန်းမောက် ၁-၁ ချယ်ဆီး။

အဲဗာတန် vs အာဆင်နယ်

အာဆင်နယ်က ဘောလုံး ကောင်းကောင်းကစားနေလို့ သူတို့ကို ရင်ဆိုင်ရာမှာ အဲဗာတန်အသင်း ပါးနပ်ဖို့လိုပါတယ်။ အာဆင်နယ်ကို ယှဉ်ပြိုင်ဖို့ သူတို့မှာ အရည်အချင်း မရှိရင် အဲဗာတန်တို့ အနိုင်ယူခံရပါမယ်။ ရုပ်ဆိုးစွာ ကစားရရင်တောင် အဲဗာတန်က သန်မာတဲ့ လူစာရင်းကို ထုတ်ရပါမယ်။ ဒီပွဲ သရေဖြစ်သွားမယ် ထင်ပါတယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ အဲဗာတန် ၁-၁ အာဆင်နယ်။

အခြားပွဲစဉ်များအတွက် ဘာဘာတော့ဗ် ခန့်မှန်းရလဒ်များ

  • Aston Villa 3-1 Crystal Palace
  • Fulham 2-0 Luton
  • Tottenham 4-0 Sheff Utd
  • Newcastle 2-0 Brentford
  • Nottingham Forest 2-1 Burnley