ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် မန်ယူနဲ့ စပါးတိုက်စစ်မှုးဟောင်း ဖြစ်တဲ့ ဝါရင့် ပရီးမီးယားလိဂ် သုံးသပ်သူ ဘာဘာတော့ဗ်က အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

ဘန်လေ v ချယ်ဆီး

နှစ်သင်းလုံးက သူ့နည်းသူ့ဟန်နဲ့ ရုန်းကန်နေရပါတယ်။ ကျနော် အမြင်မှာတော့ ချယ်ဆီးက ပုံမှန်စွမ်းဆောင်ရည် အောက်မှာပဲ ရှိနေတဲ့ အသင်းဖြစ်ပါတယ်။ ကြားရက်က လူတန်ကို ရင်ဆိုင်တဲ့ပွဲမှာ ဘန်လေ နိုင်ပွဲ ရယူနိုင်ခဲ့တယ်။ ဒီပွဲမှာတော့ သူတို့ သရေရလဒ်အတွက် ကြိုးစားနိုင်မယ်လို့ ထင်ပါတယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ ဘန်လေ 1-1 ချယ်ဆီး

မန်ယူနိုက်တက် v ဘရန့်ဖို့ဒ်

မန်ချက်စတာ ယူနိုက်တက်တို့ ထပ်ပြီး အရေးနိမ့်မယ်လို့ ကျနော် တွေးကြည့်လို့တောင် မရပါဘူး။ မန်ချက်စတာ ယူနိုက်တက်တို့ အိမ်ကွင်းမှာ အရေးနိမ့်တာက ဘယ်လိုမျိုး ဆိုးရွားမှုလည်း ကျနော် သိပါတယ်။ ဒီပွဲက နိုင်ရမယ့်ပွဲပါ၊ ကျနော်ကတော့ ယူနိုက်တက် အနိုင်ဘက်က ရှိနေပါမယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ မန်ယူနိုက်တက် 1-0 ဘရန့်ဖိုဒ့်

ဘရိုက်တန် v လီဗာပူး

စပါးပွဲမှာ လီဗာပူးတို့ တော်တော်လေး ကံမကောင်းပေမယ့် ဒီရာသီ သူတို့ အများကြီး မျှော်လင့်လို့ရနေဆဲ ဖြစ်ပါတယ်။ သူတို့ကို အထင်သေးလို့ မရပါဘူး။ ဒီပွဲကတော့ ကြည့်လို့ကောင်းမှာဖြစ်ပြီး ဘရိုက်တန် နိုင်မယ်လို့ ခန့်မှန်းလိုပေမယ့် နှစ်သင်းလုံး တာထွက်ကောင်းနေတာမို့ သရေကျသွားမယ် ထင်မိပါတယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ ဘရိုက်တန် 2-2 လီဗာပူး

အာဆင်နယ် v မန်စီးတီး

အခြားပွဲတွေလိုပဲ ဒီပွဲက နိုင်ဖို့ အရေးတစ်ကြီး လိုအပ်တဲ့ပွဲစဉ် ဖြစ်ပါတယ်။ နိုင်ငံတကာ သီတင်းပတ် မတိုင်ခင် ကိုယ့်ရဲ့ အနီးကပ် ပြိုင်ဘက်ကို ကျော်တက်ရမှာပါ။ ကျနော်ကတော့ သရေပွဲလို့ပဲ ထင်မိပါတယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် 2-2 မန်စီးတီး

အခြားပွဲစဉ်များ အတွက် ဘာဘာတော့ဗ် ခန့်မှန်းရလဒ်များ

  • Luton 0-2 Tottenham
  • Everton 1-1 Bournemouth
  • Fulham 2-1 Sheff Utd
  • Crystal Palace 0-1 Nottingham Forest
  • West Ham 2-1 Newcastle
  • Wolves 0-2 Aston Villa