မန်ချက်စတာ ယူနိုက်တက် က ဒီညမှာတော့ ပရီးမီးယားလိဂ် ပွဲ အဖြစ် ခရစ္စတယ်ပဲလေ့စ် အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲချိန်ကတော့ လာမယ့် အင်္ဂါနေ့ နံနက် ၁နာရီခွဲ အချိန်မှာ ဖြစ်ပါတယ်။

ဘောလုံးပွဲ ဝါရင့် သုံးသပ်သူတွေ ဖြစ်တဲ့ ပေါမာဆန်နဲ့ ခရစ်ဆက်တန် တို့ကတော့ မန်ချက်စတာ ယူနိုက်တက် ကို ဒီပွဲ အခြေမဟန်လောက်ဘူးလို့ ယူဆထားကြပြီး သရေနဲ့ အရှုံးလို့ ခန့်မှန်းထားကြပါတယ်။

ပေါမာဆန် ပွဲကြို သုံးသပ်ချက်

မန်ချက်စတာ ယူနိုက်တက်က အသင်းကြီးဆိုပေမယ့် သိပ်ကောင်းနေတဲ့ အသင်းတော့ မဟုတ်ပါဘူး။ သူတို့လို အနေအထားနဲ့ သင့်လျော်တဲ့ အသင်းတစ်သင်း အခြေအနေမှာ ရှိမနေပါဘူး။ ဒီပွဲကို ယူနိုက်တက်တို့ အနိုင်ရရင် အံ့ဩမိမှာပါပဲ။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ ပဲလေစ့် ၂-၁ ယူနိုက်တက်

ခရစ်ဆက်တန် ပွဲကြို သုံးသပ်ချက်

စက်တင်ဘာတုန်းက အိုးထရတ်ဖိုဒ့်မှာ ပဲလေစ့်တို့ ၁-၀ ရလဒ်နဲ့ အနိုင်ရခဲ့တယ်။

ကျနော်ကတော့ ဒီပွဲလည်း ပဲလေစ့် အနိုင်လို့ ခန့်မှန်းချင်ပေမယ့် ယူနိုက်တက် ပရိသတ်တွေက သူတို့ကိုပဲ ကန့်လန့်လိုက်တိုက်နေတယ် ထင်နေကြတော့ ဒီပွဲ သူတို့ ကံကောင်းပြီး သရေကျမယ်လို့ပဲ ခန့်မှန်းပေးလိုက်ပါမယ်။

ခရစ်ဆက်တန် ခန့်မှန်းရလဒ်။ ။ ပဲလေစ့် ၁-၁ ယူနိုက်တက်