ထိုင်းနိုင်ငံအစိုးရ၏ တရားမဝင်အလုပ်သမားပပျောက်ရေးစီမံချက်၊ ရက်ပေါင်း(၁၂၀)စီမံချက်ဖြင့် တစ်ပတ်အတွင်း မြန်မာနိုင်ငံသားအလုပ်သမား ၂,၀၁,၁၁ ဦးကို ထိုင်းရဲက ဖမ်းဆီးခဲ့ကြောင်း ထိုင်းအလုပ်သမားစီမံခန့်ခွဲရေးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၄ခုနှစ်၊ ဇွန် ၅ရက်မှ ဇွန် ၁၂ရက်နေ့အတွင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ပထုံဌာနီ၊ ရနောင်းနှင့် အခြား ခရိုင်များရှိ စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းခွင်ပေါင်း ၁၇၇၄ နေရာကို ထိုင်းရဲများက ဝင်ရောက်စစ်ဆေးစဉ် အထောက်ထားမဲ့ မြန်မာနိုင်ငံသား အလုပ်သမားများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများသည် တရားဝင်နေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့် အထောက်အထား မပြည့်စုံသူများဖြစ်ကြောင်း သိရပြီး တစ်ခါဖမ်းမိရင် အနည်းဆုံး ဘတ် ၁၀၀၀၀ ကနေ ၁၅၀၀၀ အထိ ဖမ်းဆီး ငွေတောင်းမှုများ ရှိနေသည်။

ထိုင်းနိုင်ငံ၏ အလုပ်သမားဥပဒေအရ နိုင်ငံခြားသားအလုပ်သမားများအနေဖြင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ရှိသော်လည်း၊ ခွင့်ပြုထားသည့်နေရာ၌ လုပ်ကိုင်ခြင်းမရှိဘဲ အခြားနေရာတွင် သွားရောက်လုပ်ကိုင်လျှင် အမြင့်ဆုံး ဘတ် ၅၀၀၀၀ ငွေဒဏ်အပြင် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့် နှစ်နှစ်ပိတ်ခံရမည်ဖြစ်ပြီး မိမိနေရပ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းခံရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ အစိုးရက ကြေညာထားသည်။

ဖမ်းဆီးခံရသည့် နိုင်ငံခြားသားအလုပ်သမား ၂၆၁၈၉ ဦး အနက် မြန်မာနိုင်ငံသား ၁၉၀ ဦး၊ လာအိုနိုင်ငံသား ၃၈ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ရှစ်ဦးနှင့် အခြားနိုင်ငံသား လေးဦး စသည့် အလုပ်သမား၂၄၀ဦးကို တရားစွဲဆိုထားသည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။