ဂန်းနားဟောင်းကြီး ဂါးလက်စ်က မန်စီးတီး အရန် တိုက်စစ်မှုး ဂျူလီယန် အဲဗာရက်စ်နဲ့ လက်ရှိ ဘိုင်ယန်မှာ ကစားနေတဲ့ စီးတီး တိုက်စစ်ဟောင်း ဆာနေး တို့ကို အာဆင်နယ် ခေါ်ယူ အားဖြည့်သင့်ကြောင်း တိုက်တွန်း အကြံပြု သွားပါတယ်။

ဆာနေးကိုတော့ အာဆင်နယ် နည်းပြ အာတီတာက ခေါ်ယူလိုနေပြီး ဘိုင်ယန်က သူတို့ ကစားသမားကို ထိန်းထားချင်သည့်တိုင် စာချုပ် တစ်နှစ်ပဲ ကျန်တဲ့ ဆာနေးက အာဆင်နယ်ထံ ပြောင်းဖို့ စိတ်ဝင်စားနေပါတယ်။

အာဆင်နယ် အသင်းနည်းပြ အာတီတာကတော့ လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည်တွေကို အားမရကြောင်း ဝန်ခံပြောဆို သွားခဲ့ပါတယ်။

အာဆင်နယ် တိုက်စစ်သမား အန်ကတ်တီးရားနဲ့ မာဆေးအသင်းတို့ဟာ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရခဲ့ပြီဖြစ်လို့ အပြောင်းအရွှေ့ဖြစ်အောင် အာဆင်နယ်အသင်းနဲ့ ဆက်လက် ညှိနှိုင်းဖို့ပဲ ကျန်ပါတော့တယ်။

လက်စတာအသင်းဟာ အာဆင်နယ် တိုက်စစ်သမား နယ်ဆန်ကို ခေါ်ယူနိုင်ဖွယ် မရှိပါဘူး။ လက်စတာတို့ ကမ်းလှမ်းမယ့် ပြောင်းရွှေ့ကြေးကို အာဆင်နယ်ဘက်က သဘောမကျသေးတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဆိုဒီဒက် ကွင်းလယ်လူ မာရီနိုကို ယူရို သန်း ၃၀ ဝန်းကျင်ဖြင့် ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။