Date

September 8, 2019

အလကားရတာလား ချည်နှောင်ခံလိုက်ရတာလား

ဖားကန့်မှော်တစ်ခုမှာ လောပန်းတစ်ယောက်အိမ် အလည်ရောက် စကားပြောနေတုန်း ရေမဆေးတစ်ယောက် အတန်သင့်ကြီးတဲ့ ကျောက်တုံး တစ်တုံးထမ်းပြီးဝင်လာတယ်။ ရေမဆေး – လောပန်း ကျောက်ကြည့်ပါ လောပန်း – အေး ဘယ်လာက်လဲ ရေမဆေး – ၁၀ သိန်းရရင် ရောင်းမယ်လောပန်း လောပန်း – ၅ ထောင်ပေးမယ် ရေမဆေး – ဟာဗျာ ဆိုပြီး သူ့ကျောက်ကို ပြန်ထမ်းပြီး ထွက်သွားပါရော။ ခြံပေါက်ဝ ရောက်တော့ ပြန်လှည့်လာပြီး ကျောက် ကို ပစ်ချပြီး လောပန်း ၅ထောင်ပဲ… Continue Reading →

ဝိုက်နယ်ဒမ်ကြောင့် နယ်သာလန်လက်ရွေးစင်ကို လီဗာပူးထံခေါ်ယူဖို့ ပရိသတ်တွေရဲ့ တောင်းဆိုမှုရှိလာ

ယူရို ၂၀၂၀ ခြေစစ်ပွဲအတွက် ယှဉ်ပြိုင်ကစားတဲ့ ဂျာမနီနဲ့ နယ်သာလန်ပွဲမှာ လီဗာပူးကွင်းလယ်လူ ဝိုက်နယ်ဒမ်က အထူးခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ကိုယ်တိုင် တစ်ဂိုးသွင်းကာ ဂိုးထောက်ပံ့မှု တစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဝိုက်နယ်ဒမ်ဟာ နယ်သာလန်အသင်းမှာတော့ လီဗာပူးမှာထက် တိုက်စစ်ကို ပိုလိုက်ရပြီး ပိုမိုခြေစွမ်းပြနိုင်ခြင်းလည်း လုပ်နိုင်သူဖြစ်တယ်။ သူဟာ လီဗာပူးမှာတော့ ခံစစ်ကို ပိုမိုအားပြုရတဲ့ ကွင်းလယ်လူအဖြစ် ကစားရပြီး နယ်သာလန်မှာတော့ တိုက်စစ်ကို ပိုမိုလိုပါရကာ အဆုံးသတ်ပိုင်း ဧရိယာတွေမှာ တိုက်စစ်သမားတွေနဲ့ တွဲကစားရသူဖြစ်ပါတယ်။ ဝိုက်နယ်ဒမ် နယ်သာလန်အသင်းမှာ ခြေစွမ်းပြနိုင်ခြင်းရဲ့ အဓိက အကြောင်းတစ်ရပ်က… Continue Reading →

လမ်းပတ် လက်ထက်မှ တောက်ပလာတဲ့ ၂၅ နှစ်အရွယ် အသင်းသားကို သက်တမ်းတိုးမယ့် ချယ်ဆီး

ချယ်ဆီးအသင်းဟာ မန်နေဂျာလမ်းပတ်လက်ထက်မှာ တောက်ပလာနေတဲ့ အသက် ၂၅ နှစ်အရွယ် ဘယ်အစွန်လူ အီမာဆန်ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ဖို့ ပြင်ဆင်လာနေခဲ့ပြီဖြစ်ပါတယ်။ အီမာဆန်ဟာ စတမ်းဖိုဒ်ဘရစ်မှာ ၂၀၂၂ ခုနှစ်ထိ သက်တမ်းကျန်သေးပြီး နောက်ထပ် ၁၂ လ သက်တမ်းတိုးခွင့် ပါဝင်ပေမယ့်လည်း သူ့ရနေတဲ့ တစ်နှစ်လုပ်ခ ပေါင် ၃.၅ သန်းအား တစ်နှစ် ပေါင် ၄.၅ သန်းထိ တိုးမြင့်ပေးကာ ဆုကြေးတွေနဲ့အတူ စာချုပ်သစ်ပေးနိုင်ဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ်။ ဒီရာသီ ချယ်ဆီးအသင်းရဲ့ ပုံမှန်ပွဲထွက်ခွင့်ကို ပိုင်ဆိုင်ထားသူ အီမာဆန်ဟာ… Continue Reading →

ကြောက်စရာကောင်းအောင် တိုးတက်လာတဲ့ ဂန်းနားအသင်းသားလို့ ဒါးရင်းဘန့် ချီးကျူးခဲ့ရသူ

အင်္ဂလန်သတင်းတိုက် ဒေးလီးစတားမှာ ဖော်ပြသွားခဲ့တာက အားကစားသုံးသပ်သူအဖြစ် လုပ်ကိုင်နေတဲ့ ပရီးမီးယားလိဂ်ကြယ်ပွင့်ဟောင်း ဒါးရင့်ဘန့်က ရာသီသစ်မှာ အာဆင်နယ်အတွက် အထူးခြေစွမ်းပြနေတဲ့ ဂွမ်ဒေါင်ဇီကို ချီးကျူးမှုဖြစ်ပါတယ်။ အသက် ၂၀ အရွယ် ကစားသမားဟာ ဒီရာသီမှာ ထူးချွန်တဲ့ ခြေစွမ်းတွေ ပြသနေတာကြောင့် ပွဲတိုင်းမှာ ပါဝင်ခွင့်ရနေသလို ပြင်သစ်အသင်းကပါ လက်ရွေးစင်အဆင့်အတွက် ခေါ်ယူထားခဲ့ပြီဖြစ်တယ်။ သူဟာ ဒီနှစ်တွေအတွင်း ဥရောပရဲ့ အကောင်းဆုံး လူငယ်တွေထဲက တစ်ဦးအဖြစ် တောက်ပလာနေသူဖြစ်တယ်။ အင်္ဂလန်ကြယ်ပွင့်ဟောင်း ဘန့်ကတော့ ဂွမ်ဒေါင်ဇီဟာ မွေးရာပါ ကွင်းလယ်လူကောင်းတစ်ဦး ဖြစ်လာနိုင်တဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်ထားသူဖြစ်ပြီး… Continue Reading →

အမ်မရီ စွန့်ပစ်ခဲ့တဲ့ အသင်းသားဟောင်းကိုမှ အထူးချီးကျူးသွားခဲ့တဲ့ အာဆင်ဝင်းဂါး

အာဆင်နယ်မန်နေဂျာဟောင်း အာဆင်ဝင်းဂါးက သူလက်မှတ်ထိုး ခေါ်ယူခဲ့ပြီး လက်ရှိမန်နေဂျာ အမ်မရီ စွန့်ပယ်ခဲ့တဲ့ ကစားသမားတစ်ဦးကို အထူးချီးကျူးမှု ပြုလုပ်သွားခဲ့ပါတယ်။ ဒီနွေအပြောင်းအရွှေ့မှာ မန်နေဂျာအမ်မရီဟာ ကွင်းလယ်ခံစစ်ကစားသမား အန်နီနီကို ဘက်ဆစ်တက် အသင်းထံ အငှားချခဲ့ပြီး ရာသီကုန်ရင် အပြီးသတ်ခေါ်ယူမှု ထည့်သွင်းခဲ့တာပါ။ အာဆင်ဝင်းဂါးကတော့ သူ့လက်ထက်မှာ ပုံမှန်နေရာမပေးခဲ့တဲ့ အန်နီနီဟာ အမြဲတမ်း တက်ကြွနေသူဖြစ်ပြီး နည်းစနစ်ပိုင်း အကျိုးများသူလို့ ကင်ပွန်းတပ်ခဲ့ပါတယ်။ “ အန်နီနီက အရမ်းသန်မာပြီး တက်ကြွတဲ့ ကစားသမားပါ။ သူက မော်ဒန်ဘောလုံးကစားဟန်မှာ အသင်းအတွက် အကောင်းဆုံး ကြိုးစားပေးသူဖြစ်တယ်။ နည်းစနစ်ပိုင်း… Continue Reading →

အသင်းမှာ နေရာမရဖြစ်နေတဲ့ ဖိုဒန်က ဂွာဒီယိုလာထံက သူ့ရဲ့မျှော်လင့်မှုတွေကို ထုတ်ပြော

မန်စီးတီးကွင်းလယ်လူ ဖိုဒန်က သူဟာ ပွဲထွက်ခွင့်တွေမှာ ပါဝင်နိုင်သူဆိုတာကို သက်သေပြဖို့ ကြိုးစားသွားမှာဖြစ်ပြီး သူ့ရဲ့ထိုက်တန်မှုအား မန်နေဂျာ ဂွာဒီယိုလာကို ပြသဖို့ ကြိုးစားမယ်လို့ ပြောဆိုလာပါတယ်။ အသက် ၁၉ နှစ်အရွယ် ကွင်းလယ်လူဟာ ပရီးမီးယားလိဂ်ချန်ပီယံအသင်းမှာ အများကြီး မျှော်လင့်ခံထားရသူဖြစ်ပေမယ့် ဒီရာသီမှာ ပရီးမီးယားလိဂ်ပွဲတွေအတွင်း ၁၀ မိနစ်ပဲ ကစားရပါသေးတယ်။ ဖိုဒန်ဟာ မန်စီးတီးမှာတော့ ဒေးဗစ်ဆေးဗား၊ ဒီဘရိုင်းတို့နေရာကို ဆက်ခံလာမယ့် ကြယ်ပွင့်အဖြစ် မှတ်ချက်ရထားသူဖြစ်တယ်။ ဖိုဒန်ကပဲ ” မန်နေဂျာမှာလည်း သူ့ရဲ့ရွေးချယ်မှုရှိပြီး ကျနော်ကလည်း ဘယ်လိုကစားသမားလဲ သက်သေပြလိုတယ်။ ပွဲကစားဖို့… Continue Reading →

ဗန်ဒိုက်အတွက် အတော်မြင့်တဲ့ လုပ်ခသစ်နဲ့ ၆ နှစ် သက်တမ်းတိုးသွားမယ့် လီဗာပူး

ခံစစ်မှူးဗန်ဒိုက်ဟာ လီဗာပူးနဲ့ အတော်လေး ကြီးမားတဲ့ စာချုပ်တစ်ရပ်ကို ချုပ်ဆိုဖို့ နီးစပ်နေပြီဖြစ်ပြီး ၆ နှစ်သက်တမ်းရှိမယ့် စာချုပ်သစ်အတွက် အပြီးသတ် သဘောတူညီမှုတွေကို ရယူထားနိုင်ခဲ့ပြီလို့ သိရပါတယ်။ နွေကတည်းက ညိနှိုင်းမှုတွေ စတင်လာခဲ့ကြရာမှာ ဗန်ဒိုက်ရဲ့ သက်တမ်းတိုးကိစ္စကို နှစ်ဘက်တာဝန်ရှိသူတွေ အောင်မြင်စွာ ညိနှိုင်းမှုတွေ လုပ်နိုင်ခဲ့တာပါ။ ဗန်ဒိုက်ဟာ ၂၀၂၃ ခုနှစ်မှာမှ လီဗာပူးနဲ့ သက်တမ်းကုန်မှာဖြစ်ပေမယ့် စာချုပ်သစ်အရ ၂၀၂၅ ခုနှစ်ထိ ဆက်ရှိနေမယ့် စာချုပ်ကို လက်မှတ်ထိုးမှာဖြစ်တယ်။ လွန်ခဲ့တဲ့ လ ၂၀ က ဆောက်သမ်တန်ကနေ လီဗာပူးကို… Continue Reading →

ကွင်းဘေးမှာပဲ နေမှာ မဟုတ်ကြောင်း အေဗရာဟမ်ကို ဂျီရူးသတိပေး

ZAWGYI – ၀ါရင့် တိုက်စစ်မှူး အိုလီဗာ ဂျီရူးက ချယ်ဆီးမှာ နေရာရဖို့အတွက် ပြိုင်ဆိုင်ဖို့ စိတ်အားထက်သန်နေတာနဲ့အတူ အသင်း ဦးစားပေး တိုက်စစ်​မှူး နေရာအတွက် ငြိမ်သက်နေမှာမဟုတ်ဘူးလို့ တန်မီအေဗရာဟမ်အား သတိပေးခဲ့ပါတယ်။ လမ်းပတ် ဦးဆောင်နည်းပြနေတဲ့ ချယ်ဆီးအသင်းဟာ ၂၀၁၉-၂၀၂၀ ရာသီအဖွင့် ရက်သတ္တပတ် တွေမှာ ​အတွေ့အကြုံရှိ ကစားသမား တွေထက် လူငယ်တွေကို နေရာပိုပေးခဲ့တာပါ။ ဖရန့်လမ်းပတ်က အသက် ၂၁နှစ်အရွယ် အကယ်ဒမီထွက် အေဗရာဟမ် အပေါ် ယုံကြည်မှု ထားခဲ့ပြီး အဲ့ဒီ့ ယုံကြည်မှုအတွက် ​အနောက်လန်ဒန်မှာ… Continue Reading →

ဂန်းနားလူငယ်တွေ တောက်ပနေခြင်း၊ တော်ရဲရား ဒဏ်ရာရခြင်းနဲ့ အာဆင်နယ် နံနက်ခင်းသတင်းများ

ဘန်လေနဲ့ ပွဲမတိုင်ခင်မှာ ဖျားနေခဲ့တာကြောင့် ထိုပွဲ လွဲချော်ခဲ့တဲ့ အာဆင်နယ် ကွင်းလယ်ကစားသမား အိုဇေးလ်ဟာ ကလပ်အသင်းဖော်တွေ နဲ့ အတူ ထရိန်နင် အပြည့် ပြန်ဆင်းနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ စပါးနဲ့ပွဲ ဒုတိယပိုင်းမှာ ထိခိုက်သွားပုံ ရခဲ့တဲ့ အာဆင်နယ် တိုက်စစ်မှူး လာကာဇက်တီဟာ တံကောက်ကြော ဒဏ်ရာ ရခဲ့ခြင်း မဟုတ်ဘဲ နိုင်ငံတကာပွဲတွေ အပြီး ၀က်ဖို့နဲ့ ပွဲစဉ်မှာ ပြန် ပါဝင်လာမှာ ဖြစ်ပါတယ်။ ကာလရှည် ဒူးဒဏ်ရာ ရထားတဲ့ ဘယ်လာရင်ရဲ့ အခြေအနေကလည်း တိုးတက်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!