ခ်ယ္ဆီးအသင္းဟာ မန္ေနဂ်ာလမ္းပတ္လက္ထက္မွာ ေတာက္ပလာေနတဲ့ အသက္ ၂၅ ႏွစ္အရြယ္ ဘယ္အစြန္လူ အီမာဆန္ကို သက္တမ္းတိုးစာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ဖို႔ ျပင္ဆင္လာေနခဲ့ျပီျဖစ္ပါတယ္။

အီမာဆန္ဟာ စတမ္းဖိုဒ္ဘရစ္မွာ ၂၀၂၂ ခုႏွစ္ထိ သက္တမ္းက်န္ေသးျပီး ေနာက္ထပ္ ၁၂ လ သက္တမ္းတိုးခြင့္ ပါဝင္ေပမယ့္လည္း သူ႔ရေနတဲ့ တစ္ႏွစ္လုပ္ခ ေပါင္ ၃.၅ သန္းအား တစ္ႏွစ္ ေပါင္ ၄.၅ သန္းထိ တိုးျမင့္ေပးကာ ဆုေၾကးေတြနဲ႔အတူ စာခ်ဳပ္သစ္ေပးႏုိင္ဖို႔ ၾကိဳးစားသြားမယ္လို႔ သိရပါတယ္။

ဒီရာသီ ခ်ယ္ဆီးအသင္းရဲ႕ ပံုမွန္ပြဲထြက္ခြင့္ကို ပိုင္ဆိုင္ထားသူ အီမာဆန္ဟာ မန္ေနဂ်ာလမ္းပတ္ရဲ႕ စိတ္ၾကိဳက္ကစားသမားအျဖစ္ အမွတ္ေပးပြဲ ေလးပြဲလံုးမွာ ပါဝင္ကစားခြင့္ရေနျပီး ယူအီးအက္ဖ္ေအ စူပါဖလားအျဖစ္ လီဗာပူးကို ယွဥ္ျပိဳင္စဥ္တုန္းကလည္း ပြဲခ်ိန္ျပည့္ ပါဝင္ကစားခြင့္ရခဲ့သူျဖစ္တယ္။

ႏိုင္ငံတကာသီတင္းပတ္အျပီး စက္တင္ဘာလ ၁၄ ရက္ေန႔ ဝုဗ္အသင္းကြင္းထံ သြားေရာက္ ယွဥ္ျပိဳင္ရမယ့္ အေဝးကြင္းပြဲမွာလည္း ဘယ္အစြန္ေနရာက ပါဝင္ရဖြယ္ရွိတဲ့ အီမာဆန္ဟာ ခံစစ္အတြက္ ပါဝင္ကူညီမႈေကာင္းေတြနဲ႔အတူ အသင္းပရိသတ္ေတြၾကားမွာပါ ေနရာရလာခဲ့သူျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ေလးပြဲမွာ တစ္ပြဲပဲ အႏုိင္ရေသးတဲ့ ခ်ယ္ဆီးဟာ သြင္းဂိုးေတြအတြက္ ရုန္းကန္ရမႈ ရွိေနေပမယ့္ အီမာဆန္ဟာ ဘယ္ျခမ္းကေန ဂိုးေပါက္ျခိမ္းေျခာက္မႈေတြလည္း အေတာ္ေလး လုပ္ထားႏုိင္သူျဖစ္တယ္။ တိုက္စစ္အသားေပး ကစားဟန္မွာ သူ႔ရဲ႕ လႈပ္အား၊ တိုက္စစ္ ခံစစ္ ပါဝင္မႈေတြက အမ်ားၾကီး တိုးတက္လာလိမ့္မယ္ဆိုတဲ့ မွတ္ခ်က္ေကာင္းေတြလည္း ရထားပါတယ္။

UNICODE

ချယ်ဆီးအသင်းဟာ မန်နေဂျာလမ်းပတ်လက်ထက်မှာ တောက်ပလာနေတဲ့ အသက် ၂၅ နှစ်အရွယ် ဘယ်အစွန်လူ အီမာဆန်ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ဖို့ ပြင်ဆင်လာနေခဲ့ပြီဖြစ်ပါတယ်။

အီမာဆန်ဟာ စတမ်းဖိုဒ်ဘရစ်မှာ ၂၀၂၂ ခုနှစ်ထိ သက်တမ်းကျန်သေးပြီး နောက်ထပ် ၁၂ လ သက်တမ်းတိုးခွင့် ပါဝင်ပေမယ့်လည်း သူ့ရနေတဲ့ တစ်နှစ်လုပ်ခ ပေါင် ၃.၅ သန်းအား တစ်နှစ် ပေါင် ၄.၅ သန်းထိ တိုးမြင့်ပေးကာ ဆုကြေးတွေနဲ့အတူ စာချုပ်သစ်ပေးနိုင်ဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ်။

ဒီရာသီ ချယ်ဆီးအသင်းရဲ့ ပုံမှန်ပွဲထွက်ခွင့်ကို ပိုင်ဆိုင်ထားသူ အီမာဆန်ဟာ မန်နေဂျာလမ်းပတ်ရဲ့ စိတ်ကြိုက်ကစားသမားအဖြစ် အမှတ်ပေးပွဲ လေးပွဲလုံးမှာ ပါဝင်ကစားခွင့်ရနေပြီး ယူအီးအက်ဖ်အေ စူပါဖလားအဖြစ် လီဗာပူးကို ယှဉ်ပြိုင်စဉ်တုန်းကလည်း ပွဲချိန်ပြည့် ပါဝင်ကစားခွင့်ရခဲ့သူဖြစ်တယ်။

နိုင်ငံတကာသီတင်းပတ်အပြီး စက်တင်ဘာလ ၁၄ ရက်နေ့ ဝုဗ်အသင်းကွင်းထံ သွားရောက် ယှဉ်ပြိုင်ရမယ့် အဝေးကွင်းပွဲမှာလည်း ဘယ်အစွန်နေရာက ပါဝင်ရဖွယ်ရှိတဲ့ အီမာဆန်ဟာ ခံစစ်အတွက် ပါဝင်ကူညီမှုကောင်းတွေနဲ့အတူ အသင်းပရိသတ်တွေကြားမှာပါ နေရာရလာခဲ့သူဖြစ်ပါတယ်။

ပရီးမီးယားလိဂ်လေးပွဲမှာ တစ်ပွဲပဲ အနိုင်ရသေးတဲ့ ချယ်ဆီးဟာ သွင်းဂိုးတွေအတွက် ရုန်းကန်ရမှု ရှိနေပေမယ့် အီမာဆန်ဟာ ဘယ်ခြမ်းကနေ ဂိုးပေါက်ခြိမ်းခြောက်မှုတွေလည်း အတော်လေး လုပ်ထားနိုင်သူဖြစ်တယ်။ တိုက်စစ်အသားပေး ကစားဟန်မှာ သူ့ရဲ့ လှုပ်အား၊ တိုက်စစ် ခံစစ် ပါဝင်မှုတွေက အများကြီး တိုးတက်လာလိမ့်မယ်ဆိုတဲ့ မှတ်ချက်ကောင်းတွေလည်း ရထားပါတယ်။