Date

September 18, 2019

တလွဲပေးလိုက်ရတဲ့ ပင်နယ်တီနဲ့ ပက်သက်ပြီး VAR ဆုံးဖြတ်ချက်ကို ကလော့ပ် ခပ်ပြုံးပြုံး တုန့်ပြန်

နာပိုလီနဲ့ပွဲကို အဆုံးအဖြတ်ဖြစ်စေခဲ့တာက ပင်နယ်တီ ပေးရမှုကနေ စတင်တယ်လို့ ယာဂင်ကလော့ပ်က ယုံကြည်နေတယ်။ သူကတော့ ပင်နယ်တီဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ဖြစ်ရပ်ကို အခြားသော ရှုထောင့်တွေက ကြည့်မယ်ဆိုရင် ဒါကို လက်ခံကြပါလိမ့်မယ်လို့ ပွဲအပြီး မှတ်ချက်ပေးပါတယ်။ ကလော့ပ်က “ ဒီအခြေအနေနဲ့ ပက်သက်ပြီး ခြားနားတဲ့ ရှုထောင့်တွေရှိမယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် နာပိုလီ ကစားသမားက ခုန်ဝင်လာတာဖြစ်ပြီး အဲ့သည်မတိုင်ခင် ထိတွေ့မှုလည်း မရှိခဲ့ဘူးဆိုရင် ဒါက ပင်နယ်တီ မဖြစ်သင့်ပါဘူး။ ကျနော်တို့ ၁-၀ ဆိုတဲ့ ရလဒ်… Continue Reading →

ပင်နယ်တီ လွဲချော်မှုမှာ ဘာကလေရဲ့ အသင်းဖော်တွေကို အပြစ်တင်တဲ့ ချယ်ဆီးအသင်းသားဟောင်း

ချယ်ဆီးအသင်း ဗလန်စီယာကို အရေးနိမ့်မှုမှာ အဓိကကျတဲ့ ပွဲအလဲအပြောင်းလို့ ဆိုနိုင်တဲ့ ဘာကလေ ပင်နယ်တီ မဝင်မှုကို ချယ်ဆီးအသင်းသားဟောင်း ဂလင်းဟိုဒယ်က ထုတ်ဖော်ဝေဖန်မှု လုပ်ခဲ့ပါတယ်။ ချယ်ဆီးဟာ ဘောလုံးပိုင်ဆိုင်မှု ပိုကောင်းမွန်ပြီး သွင်းဂိုးအတွက် ခြိမ်းခြောက်မှုလည်း ပိုလုပ်နိုင်ပေမယ့် ရလဒ်ကိုတော့ စပိန်ကလပ်ဘက်က အသာရခဲ့တာပါ။ ပွဲအစောပိုင်းမှာတင် မေဆန်မောင့် ဒဏ်ရာကြောင့် ထွက်ခွာသွားခဲ့ရတာက ချယ်ဆီးတို့အတွက် နစ်နာခဲ့ရပါတယ်။ ဗလန်စီယာရဲ့ ဦးဆောင်ဂိုးကို ပြန်ချေပနိုင်မယ့် အနေအထားကို ဘာကလေ တာဝန်ယူခဲ့ပေမယ့် အဆိုပါ တာဝန်ယူမှု မတိုင်ခင်မှာ ဂျော်ဂျင်ဟို၊ ဝီလီယမ်နဲ့ အေဘရာဟမ်တို့က… Continue Reading →

ဝက်ဖို့ဒ်နဲ့ ပွဲအပြီး နာရီပိုင်းမှာတင် အာဆင်နယ်အသင်းသားများအတွက် အမ်မရီရဲ့ တုန့်ပြန်စီစဉ်မှု

ပြီးခဲ့တဲ့ တနင်္ဂနွေမှာ အာဆင်နယ်ဟာ ၀က်ဖို့ဒ်ကို ဦးဆောင်ဂိုး ၂ ဂိုး သွင်းထားပေမယ့် ဒုတိယပိုင်း ဆိုးဝါးနဲ့ ကစားပုံနဲ့ အတူ ၂ ဂိုး ပြန်ပေးခဲ့ကာ သရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။ ထိုပွဲက အာဆင်နယ်အသင်းသားတွေရဲ့ စွမ်းဆောင်ရည်နဲ့ အမ်မရီရဲ့ နည်းဗျူဟာတို့ကို ဝေဖန်မှုများ ပြင်းထန်စွာ ရှိခဲ့ပါတယ်။ ခက်ခဲတဲ့ သရေပွဲ အပြီးမှာ အာဆင်နယ်အသင်းသားတွေက အမ်မရီရဲ့ စီစဉ်မှုနဲ့ အတူ Team building အနေနဲ့ ညစာ အတူထွက်စား ဖြစ်ခဲ့ကြတယ်လို့ ဒေးလီးမေးလ်က ဖော်ထုတ်လိုက်ပါတယ်။… Continue Reading →

အခွင့်အရေး ရမယ့် လူငယ် ၇ ဦး၊ ဦးစားပေးပစ်မှတ် ဖြစ်လာတဲ့ ဆန်ချို၊ မက်ဒီဆန်နဲ့ မန်ယူ နံနက်ခင်းသတင်းများ

မန်ယူ ကစားသမားဟောင်း ဂယ်ရီ နဗီးလ်ကတော့ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် အနေနဲ့ ရပ်တည်မှု အဆင့် ပိုကောင်းလာဖို့ထက် နည်းပြ ဆိုးရှား လက်အောက်မှာ အသင်း ကစားပုံနဲ့ အခြေအနေ ပိုကောင်းလာဖို့က အရေးကြီးကြောင်း မှတ်ချက်ပြုလိုက်ပါတယ်။ မန်ယူ နည်းပြ ဆိုးရှားဟာ ဒီနွေ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ဂျူဗင်တပ်တိုက်စစ်သမား မန်ဇူကစ်ထံ ကိုယ်တိုင် ဖုန်းဆက် ပြောဆိုမှုတွေ ရှိခဲ့ပေမယ့် အောင်မြင်မှု မရခဲ့တာလို့ သိရပါတယ်။ ဆိုးရှားက လူကာကူနေရာ အစားထိုးဖို့ မန်ဇူကစ်ကို ခေါ်ယူလိုခဲ့တာပါ။ ဆောက်သမ်တန်နဲ့… Continue Reading →

နာပိုလီကို အရေးနိမ့်တာ လီဗာပူးအတွက် ကောင်းဖို့ဖြစ်လာတာပါဆိုတဲ့ အန်ဆယ်လော့တီ

နာပိုလီနဲ့ လီဗာပူးပွဲအပြီးမှာ နှစ်သင်းမန်နေဂျာဟာ ပြုံးနေကြာတာကို ပွဲအပြီးမှာ မြင်တွေ့ရတဲ့နောက် ဘယ်လို အကြောင်းရင်းကများ နှစ်သင်းမန်နေဂျာကို ပျော်ရွှင်စေခဲ့သလဲဆိုတာကို မီဒီယာတွေက မေးခွန်းထုတ်ခဲ့ပါတယ်။ အန်ဆယ်လော့တီကတော့ မီဒီယာတွေကို အင်တာဗျူးကနေ အဖြေပြန်မှုမှာ လီဗာပူးဟာ တောင်းတင်းတဲ့ အသင်းကောင်းဖြစ်ပြီး အေးကွင်းမှာတောင် နာပိုလီကို ထိန်းချုပ်နိုင်မယ်ဆိုတာကို ကြိုသိခဲ့ကြောင်းနဲ့ ဒီအတွက် ခံစစ်ဆင်ဖို့ ကြိုတင်ပြင်ဆင်ခဲ့တယ်လို့ ဆိုတယ်။ သူကပဲ ဒီရာသီ ချန်ပီယံလိဂ်ဖလားကို လီဗာပူးအသင်း စိန်ခေါ်နိုင်ဦးမယ်လို့ ယူဆထားပါတယ်။ နာပိုလီအသင်း မန်နေဂျာက ” ကျနော်က ကလော့ပ်ကို ပြောခဲ့တာပါ။ ဒီပွဲရှူံးလို့… Continue Reading →

ပူလာဆစ်ကို နေရာမပေးတဲ့ ကိစ္စ မောင့် ဒဏ်ရာ အခြေအနေတွေကို လမ်းပတ် အဖြေပြန်

ချယ်ဆီးဟာ ချန်ပီယံလိဂ်အဖွင့်ပွဲအဖြစ် အိမ်ကွင်း စတမ်းဖိုဒ့်ဘရစ်မှာ ဗလန်စီယာကို ဧည့်ခံယှဉ်ပြိုင်ကစားခဲ့ပြီး ဒုတိယပိုင်းမှာ ပြိုင်ဘက်အသင်းတို့ သွင်းယူတဲ့ သွင်းဂိုး တစ်ဂိုးတည်းနဲ့ ပွဲကို ရလဒ်ပိုင်း အဆုံးသတ်စေခဲ့တာဖြစ်တယ်။ အဆိုပါပွဲမှာ ကွင်းလယ်လူ ဘာကလေက နောက်ကျမိနစ်မှာ ရတဲ့ ပင်နယ်တီကို ကန်ခွင့်ရခဲ့ပေမယ့် မိုးထောင်ခဲ့ပြီး သွင်းဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။ ပုံမှန်အားဖြင့် ဝီလီယမ်လို ဝါရင့်ကစားသမား အဆုံးသတ်ရမယ့် ပင်နယ်တီကို သူတာဝန်ယူဖို့ ဆုံးဖြတ်ခဲ့တဲ့ ဘာကလေဟာ အဆုံးသတ်ကတော့ လှပခဲ့ခြင်းမရှိပါဘူး။ ပွဲအစပိုင်းမှာတင် မောင့်ဒဏ်ရာရခဲ့တာက ချယ်ဆီးအတွက် နစ်နာစေခဲ့တယ်။ မန်နေဂျာလမ်းပတ်က မေဆန်မောင့်နေရာ… Continue Reading →

အီတလီမှာ နာပိုလီပွဲအပြီး လက်ရှိချန်ပီယံ ပီသတဲ့ စကားတွေကို ပြောဆိုခဲ့တဲ့ ကလော့ပ်

အီတလီမှာ ချန်ပီယံလိဂ်သရဖူ ကာကွယ်ပွဲအတွက် အဖွင့်ပွဲ သွားရောက်ကစားခဲ့တဲ့ လီဗာပူးအသင်းဟာ အဝေးကွင်းမှာ နာပိုလီကို ၂-၀ နဲ့ အရေးနိမ့်ခဲ့ပါတယ်။ ယာဂင်ကလော့ပ်ကတော့ ပြိုင်ဘက်တွေကို လေးစားစွာပဲ အသင်းကောင်းပါလို့ ချီးကျူးခဲ့သလို လီဗာပူးဟာ အရှူံးရလဒ်မှာ ရပ်တန့်နေမှာ မဟုတ်ဘူးလို့ ပြတ်သားစွာ တုန့်ပြန်ပါတယ်။ နာပိုလီနဲ့ပွဲမှာ လီဗာပူးဟာ ပထမပိုင်းအတွင်း ပွဲကို ထိန်းချုပ်နိုင်ခဲ့သလို ဒုတိယပိုင်းမှာလည်း ကစားပုံ ကောင်းခဲ့ပါတယ်။ တိုက်စစ်ပိုင်း သွင်းဂိုးမရခြင်းက အားနည်းချက် ဖြစ်ခဲ့တယ်ဆိုတာကို ကလော့ပ်က ဝန်ခံတယ်။ ဒါပေမယ့် လီဗာပူးဟာ ကိုယ်ဘာသာ အကဲဖြတ်သွားမှာဖြစ်ပြီး… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!