Date

September 18, 2019

နာပိုလီရှူံးပွဲ တရားခံအဖြစ် စွပ်စွဲမှုတွေကြေင့် ရော်ဘတ်ဆန် တွစ်တာအကောင့် ပိတ်သွား

နာပိုလီကို အရေးနိမ့်တဲ့ ပွဲအပြီး နောက်ဆက်တွဲအနေနဲ့ လီဗာပူးပရိသတ် အချို့က ဘယ်အစွန်လူ ရော်ဘတ်ဆန်ကို ပြင်းထန်စွာ ဝေဖန်မှုတွေ လုပ်ခဲ့ကြတာကြောင့် ရော်ဘတ်ဆန်က သူ့ရဲ့တွစ်တာအကောင့်ကို ပိတ်သွားခဲ့ပြီဖြစ်ပါတယ်။ နာပိုလီအသင်းသားနဲ့ ရော်ဘတ်ဆန်တို့ ထိတွေ့မှုဟာ ပင်နယ်တီ ပြစ်ဒဏ် ပေးခံခဲ့ရပြီး မန်နေဂျာယာဂင်ကလော့ပ်ကတော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ လက်မခံပါဘူး။ ပြိုင်ဘက်အသင်းသားက ခုန်ဝင်လာမှုကြောင့် ဧရိယာထဲ ထိတွေ့မှုဖြစ်ခဲ့ခြင်းဖြစ်ကာ ကွင်းလယ်ဒိုင်က အခြားသော ရှုထောင့်ဘက်ကနေ ကြည့်မယ်ဆိုရင် ပင်နယ်တီ မဟုတ်တာကို တွေ့ရမှာပါလို့ ကလော့ပ်က ဆိုပါတယ်။ လီဗာပူးပရိသတ် အချို့ကတော့ အဆိုပါ… Continue Reading →

မောင့် ဒဏ်ရာ အခြေအနေ၊ ငြိုငြင်ခံနေရတဲ့ ဘာကလေနဲ့ ချယ်ဆီး သတင်းတိုများ

ချယ်ဆီးအသင်းဟာ ချန်ပီယံလိဂ် အုပ်စု ပွဲဦးထွက် အဖြစ် ဗလန်စီယာကို စတန်းဖို့ဘရစ်ခ်ျမှာ ဧည့်ခံကစားရာ ရိုဒရီဂိုရဲ့ တစ်လုံးတည်းသော သွင်းဂိုးကို ခွင့်ပြုခဲ့ရပြီး ၁-၀ နဲ့ အရေးနိမ့်ခဲ့ရပါတယ်။ ချယ်ဆီးအသင်းဟာ ချေပဂိုး ပြန်ရဖို့ ပင်နယ်တီ အခွင့်အရေး ရခဲ့သော်လည်း ချယ်ဆီးအသင်းသား ဘာကလေဟာ အသင်းဖော် ဂျော်ဂျင်ဟို၊ ၀ီလီယံတို့နဲ့ ပင်နယ်တီကို လုကန်ခဲ့ကာ ကန်ချက်က ဂိုးဘားတန်း ထိကာ လွဲချော်ခဲ့ပါတယ်။ ချယ်ဆီးအသင်း ပရိသတ်တွေကတော့ ပင်နယ်တီ လွဲတာထက် ဘာကလေရဲ့ အပြုအမူအပေါ် စိတ်ပျက်နေကြပါတယ်။ မေဆန်မောင့်ဟာ… Continue Reading →

လီဗာပူးအသင်း အရေးနိမ့်မှုမှာ အဓိကကျစေခဲ့တဲ့ နာပိုလီအသင်းသားကို ခေါ်ယူဖို့ တိုက်တွန်းခံနေရ

လီဗာပူးအသင်းဟာ နာပိုလီနဲ့ပွဲမှာ ကစားပုံ ကောင်းမွန်ခဲ့ပေမယ့် ပွဲနောက်ဆုံးမိနစ်တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်ရပ်တွေကြောင့် သွင်းဂိုး ၂ ဂိုး ပေးခဲ့ရပြီး အဝေးကွင်းမှာ အရေးနိမ့်ခဲ့တာဖြစ်တယ်။ ဥရောပချန်ပီယံတွေကို အရေးနိမ့်စေမှုမှာ မာတင်နဲ့ လော်ရန်တေးတို့ရဲ့ သွင်းဂိုးတွေက အဓိကကျတယ်လို့ ဆိုနိုင်ပေမယ့် အခြားသော နယ်ပယ်တစ်ခုကလည်း သော့ချက်အဖြစ် ပါဝင်ခဲ့ပါတယ်။ လီဗာပူးကွင်းလယ်က ဖာဘင်ညိုနဲ့ ဟန်ဒါဆန်တို့ ထူးချွန်ခဲ့တဲ့ နည်းတူ နာပိုလီဘက်ကလည်း ကွင်းလယ်လူ လူးဝစ်ဟာ ဂိုးသွင်းနိုင်လောက်တဲ့ အခွင့်အရေး နှစ်ကြိမ်လောက်ကို ကိုယ်တိုင် ရခဲ့သေးတာပါ။ အသက် ၂၃ နှစ်အရွယ်… Continue Reading →

မန်ယူအသင်းရဲ့ အဆိုးထဲက အကောင်းဖြစ်နိုင်တဲ့ အခြေအနေကို ဒဲ့တိုး ပြောလိုက်တဲ့ နဗီး

မန်ယူဂန္တဝင်ကြီး ဂယ်ရီနဗီးက ကလပ်အသင်းဟာ ဆုဖလားတွေကို မျှော်လင့်နေတာထက် ချန်ပီယံလိဂ်ဝင်ခွင့်ကိုပဲ အဓိက အာရုံစိုက်သင့်ကြောင်းနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရပြီး ဆုဖလားတစ်လုံးလောက် အောင်မြင်ရင်ကိုပဲ အတော်ကောင်းတဲ့ ဘောလုံးရာသီ ဖြစ်နေပါပြီလို့ ထောက်ပြခဲ့ပါတယ်။ နဗီးက ” ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ဆုပ်ကိုင်နိုင်ပြီး ဆုဖလား ၁ လုံး အောင်မြင်ရင်ကို ယူနိုက်တက်အတွက် အောင်မြင်တဲ့ ဘောလုံးရာသီအဖြစ် သတ်မှတ်နိုင်ပါတယ်။ ဒါက ယူနိုက်တက်ရဲ့ လက်ရှိ အနေအထားဖြစ်ပါတယ်။ ဒီရည်မှန်းချက်ဟာ ယူနိုက်တက်အတွက် လက်ခံနိုင်ဖို့ ခက်ခဲတဲ့ ရည်မှန်းချက်ဖြစ်တယ်ဆိုရင်တော့ ဒီအခြေအနေမှာတော့ အကောင်းဆုံး မျှော်လင့်ချက်ဖြစ်ပါတယ်။… Continue Reading →

မက်ဆီရဲ့ အကောင်းဆုံးကစားသမား ခြေရာနင်းမယ့် မန်စီးတီးအသင်းသားကို ဇာဗီ ထုတ်ပြော

စပိန်နဲ့ ဘာစီလိုနာ အကျော်အမော်ဟောင်းကြီး ဇာဗီက သူမြင်တွေ့ဖူးသမျှ အကောင်းဆုံး ကစားသမားဟာ မက်ဆီဖြစ်ပေမယ့် အာဂျင်တီးနား တိုက်စစ်မှူးနဲ့ ခေတ်ပြိုင်တိုက်စစ်သမား ရော်နယ်ဒိုတို့ရဲ့ အကောင်းဆုံး နေ့ရက်တွေဟာ မကြာခင်မှာ အဆုံးသတ်သွားတော့မယ်လို့ ဆိုပါတယ်။ အသက်အရွယ် ရလာကြပြီဖြစ်တဲ့ တိုက်စစ်သမားတွေရဲ့ နေရာမှာတော့ လူငယ်ကစားသမာတွေ ဝင်ရောက်လာမှာဖြစ်ပြီး မက်ဆီနေရာကို ဆက်ခံနိုင်မယ့် လူငယ်ကစားသမားတွေထဲမှာ နေမာ၊ အမ်ဘတ်ပီ၊ ဆာလက်တို့ ပါဝင်ပေမယ့် စတာလင်က အဖြစ်နိုင်ဆုံးပဲလို့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့ပါတယ်။ ဇာဗီကတော့ ” မက်ဆီဟာ ကျနော်မြင်ဖူးသမျှထဲ အကောင်းဆုံး ကစားသမားဖြစ်ပါတယ်။… Continue Reading →

မေဆန်မောင့်ကို ဒဏ်ရာရစေခဲ့တဲ့ ပြိင်ဘက်အသင်းသားကို ချယ်ဆီးပရိသတ်တွေ ဒေါသထွက်

ချယ်ဆီးအသင်း ဗလန်စီယာကို အရေးနိမ့်မှုမှာ ကြီးမားတဲ့ ထိခိုက်မှုကတော့ ပွဲကို အကောင်းဆုံး ကစားနေချိန်မှာ မေဆန်မောင့်ကို လက်လွတ်ရမှုဖြစ်ပြီး ဒီအကျိုးဆက်ဟာ လာမယ့် ပွဲစဉ်တွေကိုပါ ထိခိုက်လာနိုင်တာကြောင့် ချယ်ဆီးပရိသတ်တွေက ဗလန်စီယာကစားသမားကို ဒေါသထွက်နေကြပါတယ်။ နည်းစနစ်ပိုင်းဆိုင်ရာ ထူးချွန်တဲ့ မောင့်ဟာ မန်နေဂျာလမ်းပတ်နဲ့ ဆောက်ဂိတ်တို့ လက်အောက်မှာ တောက်ပလာနေသူဖြစ်ပြီး ပွဲအစမှာတင် မောင့်ကို ဂန်းနားဟောင်းဖြစ်တဲ့ ဗလန်စီယာကစားသမား ကိုကွီလင်က ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှု လုပ်ခဲ့တာဖြစ်တယ်။ ဒီဖြတ်ထုတ်မှုဟာ အနီကဒ်ပြသင့်အောင် ကြမ်းတမ်းတယ်ဆိုတဲ့ စွဲချက်နဲ့ ဘောလုံးကို အရင်ထိမိတယ်ဆိုတဲ့ ငြင်းခုံမှုကို ဖြစ်စေခဲ့ပါသေးတယ်။… Continue Reading →

အာဆင်နယ်ဟာ လက်တွေ့ကျတဲ့ အမှန်တရားးကို မြင်တတ်ဖို့ လိုအပ်နေပါပြီဆိုတဲ့ ဂန်းနားဟောင်းကြီး

အာဆင်နယ်ရဲ့ တိုးတက်လာမလိုနဲ့ ပြန်ဆုတ်ယုတ်နေတဲ့ အနေအထားတွေကြောင့် ဂန်းနားဟောင်းကြီးတွေနဲ့ အသင်းပရိသတ်တွေကြားမှာ ဝေဖန်မှုတွေ မြင့်တက်နေပြီး ကလပ်အသင်းဟာ အမှန်တရားကို လက်ခံဖို့ အချိန်ကျပါပြီလို့ ဂန်းနားဟောင်းကြီး ရေးပေါ်လာက ဆိုပါတယ်။ ဂန်းနားဟောင်းကြီး ရေးပေါ်လာက “ အာဆင်နယ်ဟာ လီဗာပူး၊ မန်စီးတီးတို့နောက်မှာ အများကြီး ပြတ်ကျန်နေခဲ့ပါပြီ။ အသင်းရဲ့ ပွဲထွက်ကစားသမား ၁၁ ဦးထဲက ဘယ်နှစ်ယောက်လောက်က လီဗာပူး၊ မန်စီးတီးတို့မှာ ပွဲထွက်လူစာရင်းက ပါဝင်ခွင့်ရမလဲ။ ကျနော်တို့ အမှန်အတိုင်း ဖြေဖို့လိုပါတယ်။ အာဆင်နယ်က ပြိုင်ဘက်တွေနဲ့ အများကြီး ပြတ်ကျန်နေခဲ့ပါပြီ။ အာဆင်နယ်အတွက်… Continue Reading →

ရွန်းနီလက်သစ်ကို မန်ယူအသင်း ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ဖော်ပြခံရမှုတွေ ထွက်ပေါ်လာ

ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်တွေထဲက တစ်ပွဲဖြစ်တဲ့ ဆဲလ်ဘတ်နဲ့ ဂျန့်တို့ ထိပ်တိုက်တွေ့တဲ့ပွဲမှာ သြစတြီးလျကလပ် ဆဲလ်ဘတ်အသင်း ၆-၂ နဲ့ အနိုင်ရမှုမှာ အဓိကကျတဲ့ တိုက်စစ်မှူးဖြစ်ခဲ့သူ ဟာလန်းကို ခေါ်ယူဖို့ မန်နေဂျာဆိုးရှားက စိတ်ဝင်စားနေပါကြောင်း သတင်းတွေက ဖော်ပြလာပါတယ်။ ဟာလန်ဟာ ဂျန့်အသင်းနဲ့ပွဲမှာ ဆဲလ်ဘတ်အတွက် ဟက်ထရစ် သွင်းယူပေးနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ပွဲဦးထွက်မှာပဲ ဟက်ထရစ်ရခဲ့တဲ့ ရှစ်ဦးမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် ယာကူဘူနဲ့ ရွန်နီတို့ပြီးနောက် ချန်ပီယံလိဂ်ပွဲဦးထွက်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ တတိယမြောက် ဆယ်ကျော်သက် ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဟာလန်းဟာ လက်ရှိ မန်ယူမန်နေဂျာဆိုးရှားနဲ့… Continue Reading →

ပရီးမီးယားလိဂ်ပွဲအဖြစ် ယှဉ်ပြိုင်ရမယ့် လီဗာပူးကို တိုက်ရိုက် စိန်ခေါ်စကားဆိုတဲ့ အေဘရာဟမ်

ချယ်ဆီးတိုက်စစ်မှူး အေဘရာဟမ်က ချန်ပီယံလိဂ်ပွဲ အရေးနိမ့်မှုအပေါ် အသင်းရဲ့ ဒေါသတွေအား သီတင်းပတ်အကုန်မှာ ယှဉ်ပြိုင်ကစားရမယ့် လီဗာပူးနဲ့ပွဲမှာ ပုံချ ပေါက်ကွဲဖို့ အသင်းဖော်တွေနဲ့ အသင်းပရိသတ်တွေကို စိန်ခေါ်စကား ပြောဆိုလိုက်ပါတယ်။ ချယ်ဆီးနဲ့ လီဗာပူးတို့ဟာ ရာသီအစမှာတင် စပါဖလားပြိုင်ပွဲအဖြစ် တူရကီမြေမှာ ယှဉ်ပြိုင်ခဲ့ရပြီး ပင်နယ်တီ အဆုံးအဖြတ်မှာ လီဗာပူးက အနိုင်ရပြီး စူပါဖလားကို အနိုင်ရသွားခဲ့တာပါ။ အဆိုပါ ပြိုင်ပွဲမှာတော့ အေဘရာဟမ်ရဲ့ အဆုံးအဖြတ် ပင်နယ်တီ လွဲချော်မှုက လီဗာပူးကို အသာရစေခဲ့တာဖြစ်ပြီး အင်္ဂလန်သား လူငယ်တိုက်စစ်သမားကတော့ အဆိုပါ နာကျင်မှုကို ပြန်လည်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!