မန္ယူဂႏၱဝင္ၾကီး ဂယ္ရီနဗီးက ကလပ္အသင္းဟာ ဆုဖလားေတြကို ေမွ်ာ္လင့္ေနတာထက္ ခ်န္ပီယံလိဂ္ဝင္ခြင့္ကိုပဲ အဓိက အာရံုစိုက္သင့္ေၾကာင္းနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ရျပီး ဆုဖလားတစ္လံုးေလာက္ ေအာင္ျမင္ရင္ကိုပဲ အေတာ္ေကာင္းတဲ့ ေဘာလံုးရာသီ ျဖစ္ေနပါျပီလို႔ ေထာက္ျပခဲ့ပါတယ္။

နဗီးက ” ဒီရာသီမွာ ခ်န္ပီယံလိဂ္၀င္ခြင့္ကို ဆုပ္ကိုင္ႏုိင္ျပီး ဆုဖလား ၁ လုံး ေအာင္ျမင္ရင္ကို ယူႏိုက္တက္အတြက္ ေအာင္ျမင္တဲ့ ေဘာလံုးရာသီအျဖစ္ သတ္မွတ္ႏုိင္ပါတယ္။ ဒါက ယူႏုိက္တက္ရဲ႕ လက္ရွိ အေနအထားျဖစ္ပါတယ္။ ဒီရည္မွန္းခ်က္ဟာ ယူႏုိက္တက္အတြက္ လက္ခံႏုိင္ဖို႔ ခက္ခဲတဲ့ ရည္မွန္းခ်က္ျဖစ္တယ္ဆိုရင္ေတာ့ ဒီအေျခအေနမွာေတာ့ အေကာင္းဆံုး ေမွ်ာ္လင့္ခ်က္ျဖစ္ပါတယ္။

ကလပ္အသင္းဟာ ေနာက္ဆုံး ၆ ရာသီေလာက္ အေတာအတြင္း အေျပာင္းအေရႊ႔ေစ်းကြက္မွာ မွားယြင္းတဲ့ ကစားသမားသစ္ေခၚယူမႈေတြ အမ်ားၾကီး ရွိခဲ့ပါတယ္။ ဒီအေျခအေနမွာေတာ့ ကလပ္အသင္းဟာ ေနာက္ထပ္ေစ်းကြက္ ေလးခုစာေလာက္ကို အေကာင္းဆုံး ေက်ာ္ျဖတ္ႏိုင္ဖို႔ လိုပါတယ္။

ဒီေႏြရာသီေစ်းကြက္မွာ အသင္းရဲ႕ လူးသစ္ေခၚယူမႈအတြက္ လႈပ္ရွားမႈေတြက ေက်နပ္စရာ ေကာင္းခဲ့တယ္လို႔ ထင္ပါတယ္။ အသင္းက လူသစ္အင္အားျဖည့္မႈအျဖစ္ ကစားသမား ၃ ေယာက္ပဲ ေခၚယူႏုိင္ခ့ဲတယ္ဆုိတာထက္ အေျပာင္းအေရႊ႔မွာ အရင္လို အမွာေတြ မလုပ္မိခဲ့တာအတြက္ပဲ ေက်နပ္ေပ်ာ္ရႊင္ရမွာပါ ” လုိ႔ ေျပာပါတယ္။

မန္ယူဟာ ဒီေႏြတုုန္းကပဲ လူကာကူ အပါအဝင္ ကလပ္အသင္းမွာ အသံုးမဝင္တဲ့ ကစားသမားေတြကို ရွင္းထုတ္မႈေတြ စတင္လာခဲ့တာပါ။ ဆန္းခ်က္ကို အငွားခ်ခဲ့ျပီး စီနီယာအခ်ိဳ႕ကိုလည္း ထပ္မံ အငွားခ်ခဲ့တယ္။ ဒါေပမယ့္လည္း လက္က်န္ ကစားသမားေတြထဲက အသင္းအတြက္ ေရရွည္မွာ အသံုးမဝင္ႏုိင္သူေတြကို ရွင္းထုတ္ဖို႔က ေစ်းကြက္ သံုးခုေလာက္ အခ်ိန္ယူရမယ္လို႔ သံုးသပ္ခံထားရတာပဲ ျဖစ္ပါတယ္။

UNICODE

မန်ယူဂန္တဝင်ကြီး ဂယ်ရီနဗီးက ကလပ်အသင်းဟာ ဆုဖလားတွေကို မျှော်လင့်နေတာထက် ချန်ပီယံလိဂ်ဝင်ခွင့်ကိုပဲ အဓိက အာရုံစိုက်သင့်ကြောင်းနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရပြီး ဆုဖလားတစ်လုံးလောက် အောင်မြင်ရင်ကိုပဲ အတော်ကောင်းတဲ့ ဘောလုံးရာသီ ဖြစ်နေပါပြီလို့ ထောက်ပြခဲ့ပါတယ်။

နဗီးက ” ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ဆုပ်ကိုင်နိုင်ပြီး ဆုဖလား ၁ လုံး အောင်မြင်ရင်ကို ယူနိုက်တက်အတွက် အောင်မြင်တဲ့ ဘောလုံးရာသီအဖြစ် သတ်မှတ်နိုင်ပါတယ်။ ဒါက ယူနိုက်တက်ရဲ့ လက်ရှိ အနေအထားဖြစ်ပါတယ်။ ဒီရည်မှန်းချက်ဟာ ယူနိုက်တက်အတွက် လက်ခံနိုင်ဖို့ ခက်ခဲတဲ့ ရည်မှန်းချက်ဖြစ်တယ်ဆိုရင်တော့ ဒီအခြေအနေမှာတော့ အကောင်းဆုံး မျှော်လင့်ချက်ဖြစ်ပါတယ်။

ကလပ်အသင်းဟာ နောက်ဆုံး ၆ ရာသီလောက် အတောအတွင်း အပြောင်းအရွှေ့ဈေးကွက်မှာ မှားယွင်းတဲ့ ကစားသမားသစ်ခေါ်ယူမှုတွေ အများကြီး ရှိခဲ့ပါတယ်။ ဒီအခြေအနေမှာတော့ ကလပ်အသင်းဟာ နောက်ထပ်ဈေးကွက် လေးခုစာလောက်ကို အကောင်းဆုံး ကျော်ဖြတ်နိုင်ဖို့ လိုပါတယ်။

ဒီနွေရာသီဈေးကွက်မှာ အသင်းရဲ့ လူးသစ်ခေါ်ယူမှုအတွက် လှုပ်ရှားမှုတွေက ကျေနပ်စရာ ကောင်းခဲ့တယ်လို့ ထင်ပါတယ်။ အသင်းက လူသစ်အင်အားဖြည့်မှုအဖြစ် ကစားသမား ၃ ယောက်ပဲ ခေါ်ယူနိုင်ခဲ့တယ်ဆိုတာထက် အပြောင်းအရွှေ့မှာ အရင်လို အမှာတွေ မလုပ်မိခဲ့တာအတွက်ပဲ ကျေနပ်ပျော်ရွှင်ရမှာပါ ” လို့ ပြောပါတယ်။

မန်ယူဟာ ဒီနွေတုန်းကပဲ လူကာကူ အပါအဝင် ကလပ်အသင်းမှာ အသုံးမဝင်တဲ့ ကစားသမားတွေကို ရှင်းထုတ်မှုတွေ စတင်လာခဲ့တာပါ။ ဆန်းချက်ကို အငှားချခဲ့ပြီး စီနီယာအချို့ကိုလည်း ထပ်မံ အငှားချခဲ့တယ်။ ဒါပေမယ့်လည်း လက်ကျန် ကစားသမားတွေထဲက အသင်းအတွက် ရေရှည်မှာ အသုံးမဝင်နိုင်သူတွေကို ရှင်းထုတ်ဖို့က ဈေးကွက် သုံးခုလောက် အချိန်ယူရမယ်လို့ သုံးသပ်ခံထားရတာပဲ ဖြစ်ပါတယ်။