လီဗာပူးအသင္းဟာ နာပိုလီနဲ႔ပြဲမွာ ကစားပံု ေကာင္းမြန္ခဲ့ေပမယ့္ ပြဲေနာက္ဆံုးမိနစ္ေတြမွာ ျဖစ္ေပၚခဲ့တဲ့ ျဖစ္ရပ္ေတြေၾကာင့္ သြင္းဂိုး ၂ ဂိုး ေပးခဲ့ရျပီး အေဝးကြင္းမွာ အေရးနိမ့္ခဲ့တာျဖစ္တယ္။

ဥေရာပခ်န္ပီယံေတြကို အေရးနိမ့္ေစမႈမွာ မာတင္နဲ႔ ေလာ္ရန္ေတးတို႔ရဲ႕ သြင္းဂိုးေတြက အဓိကက်တယ္လို႔ ဆိုႏုိင္ေပမယ့္ အျခားေသာ နယ္ပယ္တစ္ခုကလည္း ေသာ့ခ်က္အျဖစ္ ပါဝင္ခဲ့ပါတယ္။ လီဗာပူးကြင္းလယ္က ဖာဘင္ညိဳနဲ႔ ဟန္ဒါဆန္တို႔ ထူးခၽြန္ခဲ့တဲ့ နည္းတူ နာပိုလီဘက္ကလည္း ကြင္းလယ္လူ လူးဝစ္ဟာ ဂိုးသြင္းႏုိင္ေလာက္တဲ့ အခြင့္အေရး ႏွစ္ၾကိမ္ေလာက္ကို ကိုယ္တိုင္ ရခဲ့ေသးတာပါ။

အသက္ ၂၃ ႏွစ္အရြယ္ စပိန္သားကြင္းလယ္လူ Ruiz ဟာ ဘာစီလိုနာဂႏၱဝင္ၾကီး ဇာဗီနဲ႔ ခိုင္းႏိႈင္းခံရသူျဖစ္ျပီး လီဗာပူးအသင္းမွာ လိုအပ္ေနတဲ့ ကြင္းလယ္ နံပါတ္ ၈ ေနရာကို ကစားႏုိင္သူျဖစ္တယ္။ ပြဲအတင္အခ်ကို အေကာင္းဆံုး လုပ္ႏုိင္တဲ့ Ruiz ဟာ အရပ္အေမာင္း ၆ ေပ ၂ လက္မထိ ျမင့္မားလို႔ ရုပ္ပိုင္းဆိုင္ရာမွာလည္း သန္မာလွသူျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ အဆိုပါေနရာအတြက္ ကီတာကို ေခၚယူထားေပမယ့္ ဒဏ္ရာျပသနာေတြေၾကာင့္ မကစားႏုိင္ေသးပါဘူး။ ခ်ိန္ဘလိန္ကလည္း အဆိုပါ ေနရာက ေတာက္ပခဲ့ေသးေပမယ့္ ယာဂင္ကေလာ့ပ္က အဂၤလန္သားကို ေတာင္ပံေနရာေတြမွာ ထားကစားဖို႔လည္း ဆႏၵရွိေနတာျဖစ္တယ္။ ဒါေၾကာင့့္လည္း Ruiz ကို ေခၚယူသင့္တယ္ဆိုတဲ့ ေထာက္ခံမႈေတြ ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။

မႏွစ္ကမွ ရီးရဲလ္ဘက္တစ္အသင္းကေန နာပိုလီကို ေပါင္ ၂၆.၇ သန္းနဲ႔ ေျပာင္းေရႊ႔ခဲ့တဲ့ Ruiz ဟာ ဇာဗီကို စံျပအျဖစ္ ထားသူျဖစ္ျပီး သူ႔ကို ေခၚယူႏုိင္ခဲ့ရင္ လီဗာပူးက ေဘာလံုးဦးေႏွာက္ေကာင္းတဲ့ နည္းစနစ္ပိုင္း ေက်ညက္သူကို ေခၚယူႏုိင္မႈ ျဖစ္ခဲ့ႏုိင္ပါတယ္။ Ruiz က သူဟာ ဇာဗီေၾကာင့္ ေဘာလံုးကို ျမတ္ႏိုးလာခဲ့တာျဖစ္ျပီး ဘာစီလိုနာအတြက္ ကစားေပးဖို႔ ဆႏၵရွိတယ္လို႔ ထုတ္ေျပာထားပါတယ္။

လီဗာပူးပရိသတ္ေတြက Ruiz အျပင္ နာပိုလီခံစစ္မွဴး ကိုလီဘာလီကိုလည္း ႏွစ္သက္ခဲ့ၾကတယ္။ မာေနးနဲ႔ တစ္ႏုိင္ငံတည္းသား ခံစစ္မွဴးကို အန္ဖီးကို ေခၚယူႏုိင္မယ္ဆိုရင္ ဗန္ဒိုက္ ကိုလီဘာလီနဲ႔ အယ္လီဆန္တို႔ ရွိေနတဲ့ ေနာက္တန္းကို ဘယ္လို တိုက္စစ္ကမွ ေက်ာ္လႊားႏုိင္မွာ မဟုတ္ဘူးလုိ႔ ထင္ျမင္ခ်က္ေတြ ေပးေနၾကတာျဖစ္ပါတယ္။

UNICODE

လီဗာပူးအသင်းဟာ နာပိုလီနဲ့ပွဲမှာ ကစားပုံ ကောင်းမွန်ခဲ့ပေမယ့် ပွဲနောက်ဆုံးမိနစ်တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်ရပ်တွေကြောင့် သွင်းဂိုး ၂ ဂိုး ပေးခဲ့ရပြီး အဝေးကွင်းမှာ အရေးနိမ့်ခဲ့တာဖြစ်တယ်။

ဥရောပချန်ပီယံတွေကို အရေးနိမ့်စေမှုမှာ မာတင်နဲ့ လော်ရန်တေးတို့ရဲ့ သွင်းဂိုးတွေက အဓိကကျတယ်လို့ ဆိုနိုင်ပေမယ့် အခြားသော နယ်ပယ်တစ်ခုကလည်း သော့ချက်အဖြစ် ပါဝင်ခဲ့ပါတယ်။ လီဗာပူးကွင်းလယ်က ဖာဘင်ညိုနဲ့ ဟန်ဒါဆန်တို့ ထူးချွန်ခဲ့တဲ့ နည်းတူ နာပိုလီဘက်ကလည်း ကွင်းလယ်လူ လူးဝစ်ဟာ ဂိုးသွင်းနိုင်လောက်တဲ့ အခွင့်အရေး နှစ်ကြိမ်လောက်ကို ကိုယ်တိုင် ရခဲ့သေးတာပါ။

အသက် ၂၃ နှစ်အရွယ် စပိန်သားကွင်းလယ်လူ Ruiz ဟာ ဘာစီလိုနာဂန္တဝင်ကြီး ဇာဗီနဲ့ ခိုင်းနှိုင်းခံရသူဖြစ်ပြီး လီဗာပူးအသင်းမှာ လိုအပ်နေတဲ့ ကွင်းလယ် နံပါတ် ၈ နေရာကို ကစားနိုင်သူဖြစ်တယ်။ ပွဲအတင်အချကို အကောင်းဆုံး လုပ်နိုင်တဲ့ Ruiz ဟာ အရပ်အမောင်း ၆ ပေ ၂ လက်မထိ မြင့်မားလို့ ရုပ်ပိုင်းဆိုင်ရာမှာလည်း သန်မာလှသူဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ အဆိုပါနေရာအတွက် ကီတာကို ခေါ်ယူထားပေမယ့် ဒဏ်ရာပြသနာတွေကြောင့် မကစားနိုင်သေးပါဘူး။ ချိန်ဘလိန်ကလည်း အဆိုပါ နေရာက တောက်ပခဲ့သေးပေမယ့် ယာဂင်ကလော့ပ်က အင်္ဂလန်သားကို တောင်ပံနေရာတွေမှာ ထားကစားဖို့လည်း ဆန္ဒရှိနေတာဖြစ်တယ်။ ဒါကြောင့်လည်း Ruiz ကို ခေါ်ယူသင့်တယ်ဆိုတဲ့ ထောက်ခံမှုတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

မနှစ်ကမှ ရီးရဲလ်ဘက်တစ်အသင်းကနေ နာပိုလီကို ပေါင် ၂၆.၇ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ Ruiz ဟာ ဇာဗီကို စံပြအဖြစ် ထားသူဖြစ်ပြီး သူ့ကို ခေါ်ယူနိုင်ခဲ့ရင် လီဗာပူးက ဘောလုံးဦးနှောက်ကောင်းတဲ့ နည်းစနစ်ပိုင်း ကျေညက်သူကို ခေါ်ယူနိုင်မှု ဖြစ်ခဲ့နိုင်ပါတယ်။ Ruiz က သူဟာ ဇာဗီကြောင့် ဘောလုံးကို မြတ်နိုးလာခဲ့တာဖြစ်ပြီး ဘာစီလိုနာအတွက် ကစားပေးဖို့ ဆန္ဒရှိတယ်လို့ ထုတ်ပြောထားပါတယ်။

လီဗာပူးပရိသတ်တွေက Ruiz အပြင် နာပိုလီခံစစ်မှူး ကိုလီဘာလီကိုလည်း နှစ်သက်ခဲ့ကြတယ်။ မာနေးနဲ့ တစ်နိုင်ငံတည်းသား ခံစစ်မှူးကို အန်ဖီးကို ခေါ်ယူနိုင်မယ်ဆိုရင် ဗန်ဒိုက် ကိုလီဘာလီနဲ့ အယ်လီဆန်တို့ ရှိနေတဲ့ နောက်တန်းကို ဘယ်လို တိုက်စစ်ကမှ ကျော်လွှားနိုင်မှာ မဟုတ်ဘူးလို့ ထင်မြင်ချက်တွေ ပေးနေကြတာဖြစ်ပါတယ်။