ခ်ယ္ဆီးအသင္းဟာ ခ်န္ပီယံလိဂ္ အုပ္စု ပြဲဦးထြက္ အျဖစ္ ဗလန္စီယာကို စတန္းဖို႔ဘရစ္ခ်္မွာ ဧည့္ခံကစားရာ ရိုဒရီဂိုရဲ႕ တစ္လံုးတည္းေသာ သြင္းဂိုးကို ခြင့္ျပဳခဲ့ရျပီး ၁-၀ နဲ႕ အေရးနိမ့္ခဲ့ရပါတယ္။

ခ်ယ္ဆီးအသင္းဟာ ေခ်ပဂိုး ျပန္ရဖို႔ ပင္နယ္တီ အခြင့္အေရး ရခဲ့ေသာ္လည္း ခ်ယ္ဆီးအသင္းသား ဘာကေလဟာ အသင္းေဖာ္ ေဂ်ာ္ဂ်င္ဟို၊ ၀ီလီယံတို႕နဲ႕ ပင္နယ္တီကို လုကန္ခဲ့ကာ ကန္ခ်က္က ဂိုးဘားတန္း ထိကာ လြဲေခ်ာ္ခဲ့ပါတယ္။ ခ်ယ္ဆီးအသင္း ပရိသတ္ေတြကေတာ့ ပင္နယ္တီ လြဲတာထက္ ဘာကေလရဲ႕ အျပဳအမူအေပၚ စိတ္ပ်က္ေနၾကပါတယ္။

ေမဆန္ေမာင့္ဟာ ေျခက်င္း၀တ္ ဒဏ္ရာ ရခဲ့တာျဖစ္ျပီး ျပင္းထန္သလားဆိုတာ မသိရေသးေၾကာင္းနဲ႕ လာမယ့္ရက္မွာပဲ စစ္ေဆးသြားမွာ ျဖစ္တယ္လို႔ နည္းျပ လမ္းပတ္က ဗလန္စီယာနဲ႕ ပြဲျပီး သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ လမ္းပတ္က ဗလန္စီယာနဲ႕ ပြဲမွာ ခ်ယ္ဆီးအသင္း ကစားပံုေကာင္းမြန္လ်က္ အနိုင္မရခဲ့တာ အတြက္ စိတ္ပ်က္ရေၾကာင္း၊ အုပ္စု လက္က်န္ ၅ ပြဲကေန ရလဒ္ေကာင္းေတြ ရေအာင္ ဆက္လက္ ၾကိဳးစားသြားမွာ ျဖစ္ေၾကာင္းလည္း ေျပာဆိုခဲ့ပါတယ္။

ယူကရိန္းသား တိုက္စစ္မွဴးေဟာင္း ရွက္ဗ္ခ်င္ကိုရဲ႕ ၁၂ နွစ္ အရြယ္ သားျဖစ္သူ ခရစၥတီယန္ဟာ ခ်ယ္ဆီးအကယ္ဒမီမွာ ထရိန္နင္ ဆင္းေနျပီ ျဖစ္ျပီး ထို လူငယ္ေလးဟာ အဂၤလန္အတြက္ ကစားခြင့္ ရဖြယ္ပါ ရွိေနတယ္လို႔ ေဒးလီးေမးလ္ သတင္းမွာ ေဖာ္ျပထားပါတယ္။

ဗလန္စီယာကို ရွံဳးလိုက္တာေၾကာင့္ လမ္းပတ္ဟာ ခ်ယ္ဆီးနည္းျပေတြထဲမွာ ခ်န္ပီယံလိဂ္ ပြဲဦးထြက္ ပထမဆံုးရံႈးခဲ့သူ ျဖစ္လာပါတယ္။ လမ္းပတ္ မတိုင္ခင္ ယခင္ ခ်ယ္ဆီးနည္းျပ ၁၁ ဦး ခ်န္ပီယံလိဂ္မွာ ပြဲဦးထြက္ နည္းျပခဲ့ရာ ၁၀ ဦးနိုင္ ၁ ဦးက သေရ ရလဒ္ရထားခဲ့တာပါ။

ခ်ယ္ဆီးတိုက္စစ္မွဴး ေအဗရာဟမ္ကေတာ့ ဗလန္စီယာကို ရွံဳးခဲ့ေပမယ့္ လီဗာပူးနဲ႕ ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲမွာ အေကာင္းဆံုး တုန္႔ျပန္ကာ အနုိင္ယူသြားမယ္လို႔ ေျပာဆိုလိုက္ပါတယ္။

ခ်ယ္ဆီးလူငယ္ ကစားသမား ေမဆန္ေမာင့္က ၂၀၁၂ ခ်န္ပီယံလိဂ္ ဗိုလ္စြဲခဲ့တဲ့ ခ်ယ္ဆီးအသင္းက ၄င္း အားက် အတုယူစရာ ျဖစ္သလို တိုက္စစ္မွဴး ဒေရာ့ဘာကလည္း စံထားစရာ ကစားသမား ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

ဗလန္စီယာနဲ႕ ပြဲ ပြဲထြက္လူစာရင္းမွာ ခ်ယ္ဆီးတိုက္စစ္သမား ပူလီဆစ္ကို ထည့္သြင္းခဲ့ျခင္း မရွိေပမယ့္ ဒီရာသီ ခ်ယ္ဆီးအသင္း အစီအစဥ္ေတြ ထဲ အေရးပါတဲ့ ေနရာက ပါ၀င္ေနေၾကာင္း လမ္းပတ္က ေျပာၾကားခဲ့ပါတယ္။

Myan News

UNICODE – ချယ်ဆီးအသင်းဟာ ချန်ပီယံလိဂ် အုပ်စု ပွဲဦးထွက် အဖြစ် ဗလန်စီယာကို စတန်းဖို့ဘရစ်ချ်မှာ ဧည့်ခံကစားရာ ရိုဒရီဂိုရဲ့ တစ်လုံးတည်းသော သွင်းဂိုးကို ခွင့်ပြုခဲ့ရပြီး ၁-၀ နဲ့ အရေးနိမ့်ခဲ့ရပါတယ်။

ချယ်ဆီးအသင်းဟာ ချေပဂိုး ပြန်ရဖို့ ပင်နယ်တီ အခွင့်အရေး ရခဲ့သော်လည်း ချယ်ဆီးအသင်းသား ဘာကလေဟာ အသင်းဖော် ဂျော်ဂျင်ဟို၊ ဝီလီယံတို့နဲ့ ပင်နယ်တီကို လုကန်ခဲ့ကာ ကန်ချက်က ဂိုးဘားတန်း ထိကာ လွဲချော်ခဲ့ပါတယ်။ ချယ်ဆီးအသင်း ပရိသတ်တွေကတော့ ပင်နယ်တီ လွဲတာထက် ဘာကလေရဲ့ အပြုအမူအပေါ် စိတ်ပျက်နေကြပါတယ်။

မေဆန်မောင့်ဟာ ခြေကျင်းဝတ် ဒဏ်ရာ ရခဲ့တာဖြစ်ပြီး ပြင်းထန်သလားဆိုတာ မသိရသေးကြောင်းနဲ့ လာမယ့်ရက်မှာပဲ စစ်ဆေးသွားမှာ ဖြစ်တယ်လို့ နည်းပြ လမ်းပတ်က ဗလန်စီယာနဲ့ ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လမ်းပတ်က ဗလန်စီယာနဲ့ ပွဲမှာ ချယ်ဆီးအသင်း ကစားပုံကောင်းမွန်လျက် အနိုင်မရခဲ့တာ အတွက် စိတ်ပျက်ရကြောင်း၊ အုပ်စု လက်ကျန် ၅ ပွဲကနေ ရလဒ်ကောင်းတွေ ရအောင် ဆက်လက် ကြိုးစားသွားမှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ယူကရိန်းသား တိုက်စစ်မှူးဟောင်း ရှက်ဗ်ချင်ကိုရဲ့ ၁၂ နှစ် အရွယ် သားဖြစ်သူ ခရစ္စတီယန်ဟာ ချယ်ဆီးအကယ်ဒမီမှာ ထရိန်နင် ဆင်းနေပြီ ဖြစ်ပြီး ထို လူငယ်လေးဟာ အင်္ဂလန်အတွက် ကစားခွင့် ရဖွယ်ပါ ရှိနေတယ်လို့ ဒေးလီးမေးလ် သတင်းမှာ ဖော်ပြထားပါတယ်။

ဗလန်စီယာကို ရှုံးလိုက်တာကြောင့် လမ်းပတ်ဟာ ချယ်ဆီးနည်းပြတွေထဲမှာ ချန်ပီယံလိဂ် ပွဲဦးထွက် ပထမဆုံးရှုံးခဲ့သူ ဖြစ်လာပါတယ်။ လမ်းပတ် မတိုင်ခင် ယခင် ချယ်ဆီးနည်းပြ ၁၁ ဦး ချန်ပီယံလိဂ်မှာ ပွဲဦးထွက် နည်းပြခဲ့ရာ ၁၀ ဦးနိုင် ၁ ဦးက သရေ ရလဒ်ရထားခဲ့တာပါ။

ချယ်ဆီးတိုက်စစ်မှူး အေဗရာဟမ်ကတော့ ဗလန်စီယာကို ရှုံးခဲ့ပေမယ့် လီဗာပူးနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲမှာ အကောင်းဆုံး တုန့်ပြန်ကာ အနိုင်ယူသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

ချယ်ဆီးလူငယ် ကစားသမား မေဆန်မောင့်က ၂၀၁၂ ချန်ပီယံလိဂ် ဗိုလ်စွဲခဲ့တဲ့ ချယ်ဆီးအသင်းက ၎င်း အားကျ အတုယူစရာ ဖြစ်သလို တိုက်စစ်မှူး ဒရော့ဘာကလည်း စံထားစရာ ကစားသမား ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဗလန်စီယာနဲ့ ပွဲ ပွဲထွက်လူစာရင်းမှာ ချယ်ဆီးတိုက်စစ်သမား ပူလီဆစ်ကို ထည့်သွင်းခဲ့ခြင်း မရှိပေမယ့် ဒီရာသီ ချယ်ဆီးအသင်း အစီအစဉ်တွေ ထဲ အရေးပါတဲ့ နေရာက ပါဝင်နေကြောင်း လမ်းပတ်က ပြောကြားခဲ့ပါတယ်။

Myan News