နာပိုလီကို အေရးနိမ့္တဲ့ ပြဲအျပီး ေနာက္ဆက္တြဲအေနနဲ႔ လီဗာပူးပရိသတ္ အခ်ိဳ႕က ဘယ္အစြန္လူ ေရာ္ဘတ္ဆန္ကို ျပင္းထန္စြာ ေဝဖန္မႈေတြ လုပ္ခဲ့ၾကတာေၾကာင့္ ေရာ္ဘတ္ဆန္က သူ႔ရဲ႕တြစ္တာအေကာင့္ကို ပိတ္သြားခဲ့ျပီျဖစ္ပါတယ္။

နာပိုလီအသင္းသားနဲ႔ ေရာ္ဘတ္ဆန္တို႔ ထိေတြ႔မႈဟာ ပင္နယ္တီ ျပစ္ဒဏ္ ေပးခံခဲ့ရျပီး မန္ေနဂ်ာယာဂင္ကေလာ့ပ္ကေတာ့ မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္လို႔ လက္မခံပါဘူး။ ျပိဳင္ဘက္အသင္းသားက ခုန္ဝင္လာမႈေၾကာင့္ ဧရိယာထဲ ထိေတြ႔မႈျဖစ္ခဲ့ျခင္းျဖစ္ကာ ကြင္းလယ္ဒိုင္က အျခားေသာ ရႈေထာင့္ဘက္ကေန ၾကည့္မယ္ဆိုရင္ ပင္နယ္တီ မဟုတ္တာကို ေတြ႔ရမွာပါလို႔ ကေလာ့ပ္က ဆိုပါတယ္။

လီဗာပူးပရိသတ္ အခ်ိဳ႕ကေတာ့ အဆိုပါ ရံွဴးပြဲကို အၾကီးအက်ယ္ ေပါက္ကြဲခဲ့ျပီး ေရာ္ဘတ္ဆန္ကို တိုက္ရိုက္ ေစာ္ကားမႈေတြပါ လုပ္ခဲ့ၾကတာျဖစ္တယ္။ လက္ေရြးစင္အသင္းကို ယူရို ၂၀၂၀ ခုႏွစ္ ေျခစစ္ပြဲအတြက္ ဦးေဆာင္ေနတဲ့ ေရာ္ဘတ္ဆန္ဟာ လက္ေရႊးစင္ ပရိသတ္ေတြရဲ႕ ေဝဖန္မႈေတြကိုလည္း ဆက္တိုက္ ရေနျခင္းေၾကာင့္ ဖိအားေတြကို ရုန္းထြက္ဖို႔ လူမႈကြန္ယက္ကို ေခတၱပိတ္သိမ္းျခင္းလို႔ သံုးသပ္မႈေတြလည္း ရွိပါတယ္။

လီဗာပူးကို ကာလရွည္ အားေပးလာခဲ့တဲ့ အမာခံပရိသတ္ အမ်ားအျပားကေတာ့ လူမႈကြန္ယက္ကေန တစ္ပြဲေလာက္ ေျခစြမ္းဆိုးခဲ့တဲ့ ေရာ္ဘတ္ဆန္ကို ေဝဖန္မႈမ်ိဳးက အသင္းပရိသတ္ စစ္စစ္ေတြ လုပ္သင့္တဲ့ အျပဳအမႈ မဟုတ္ဘူးလို႔ မွတ္ခ်က္ေပးၾကပါတယ္။ သူတို႔ကေတာ့ ေရာ္ဘတ္ဆန္ကို အားေပးေထာက္ခံခဲ့ၾကျပီး သန္မာစြာ ျပန္လာဖို႔ တိုက္တြန္းခဲ့ၾကတယ္။

တနဂၤေႏြေန႔မွာ လီဗာပူးဟာ ခ်ယ္ဆီးအသင္းကြင္းထံ ပရီးမီးယားလိဂ္ပြဲ သြားေရာက္ ယွဥ္ျပိဳင္ရမွာျဖစ္ျပီး ေရာ္ဘတ္ဆန္ကို အေကာင္းဆံုုး ပံုစံနဲ႔ ျပန္လာဖို႔ တိုက္တြန္စကားေတြကိုလည္း အသင္းပရိသတ္ေတြက အားေပးေနၾကျပီး မိမိအသင္းရဲ႕ ကစားသမား နိမ့္ပါးခ်ိန္ကို အားမေပးပဲ ေဝဖန္ပုတ္ခတ္တဲ့ ကီးဘုတ္ဖိုက္တာေတြကိုလည္း ျပင္းထန္စြာ ကန္႔ကြက္ခဲ့ၾကတာျဖစ္ပါတယ္။

UNICODE

နာပိုလီကို အရေးနိမ့်တဲ့ ပွဲအပြီး နောက်ဆက်တွဲအနေနဲ့ လီဗာပူးပရိသတ် အချို့က ဘယ်အစွန်လူ ရော်ဘတ်ဆန်ကို ပြင်းထန်စွာ ဝေဖန်မှုတွေ လုပ်ခဲ့ကြတာကြောင့် ရော်ဘတ်ဆန်က သူ့ရဲ့တွစ်တာအကောင့်ကို ပိတ်သွားခဲ့ပြီဖြစ်ပါတယ်။

နာပိုလီအသင်းသားနဲ့ ရော်ဘတ်ဆန်တို့ ထိတွေ့မှုဟာ ပင်နယ်တီ ပြစ်ဒဏ် ပေးခံခဲ့ရပြီး မန်နေဂျာယာဂင်ကလော့ပ်ကတော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ လက်မခံပါဘူး။ ပြိုင်ဘက်အသင်းသားက ခုန်ဝင်လာမှုကြောင့် ဧရိယာထဲ ထိတွေ့မှုဖြစ်ခဲ့ခြင်းဖြစ်ကာ ကွင်းလယ်ဒိုင်က အခြားသော ရှုထောင့်ဘက်ကနေ ကြည့်မယ်ဆိုရင် ပင်နယ်တီ မဟုတ်တာကို တွေ့ရမှာပါလို့ ကလော့ပ်က ဆိုပါတယ်။

လီဗာပူးပရိသတ် အချို့ကတော့ အဆိုပါ ရံှူးပွဲကို အကြီးအကျယ် ပေါက်ကွဲခဲ့ပြီး ရော်ဘတ်ဆန်ကို တိုက်ရိုက် စော်ကားမှုတွေပါ လုပ်ခဲ့ကြတာဖြစ်တယ်။ လက်ရွေးစင်အသင်းကို ယူရို ၂၀၂၀ ခုနှစ် ခြေစစ်ပွဲအတွက် ဦးဆောင်နေတဲ့ ရော်ဘတ်ဆန်ဟာ လက်ရွှေးစင် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကိုလည်း ဆက်တိုက် ရနေခြင်းကြောင့် ဖိအားတွေကို ရုန်းထွက်ဖို့ လူမှုကွန်ယက်ကို ခေတ္တပိတ်သိမ်းခြင်းလို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။

လီဗာပူးကို ကာလရှည် အားပေးလာခဲ့တဲ့ အမာခံပရိသတ် အများအပြားကတော့ လူမှုကွန်ယက်ကနေ တစ်ပွဲလောက် ခြေစွမ်းဆိုးခဲ့တဲ့ ရော်ဘတ်ဆန်ကို ဝေဖန်မှုမျိုးက အသင်းပရိသတ် စစ်စစ်တွေ လုပ်သင့်တဲ့ အပြုအမှု မဟုတ်ဘူးလို့ မှတ်ချက်ပေးကြပါတယ်။ သူတို့ကတော့ ရော်ဘတ်ဆန်ကို အားပေးထောက်ခံခဲ့ကြပြီး သန်မာစွာ ပြန်လာဖို့ တိုက်တွန်းခဲ့ကြတယ်။

တနင်္ဂနွေနေ့မှာ လီဗာပူးဟာ ချယ်ဆီးအသင်းကွင်းထံ ပရီးမီးယားလိဂ်ပွဲ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ရော်ဘတ်ဆန်ကို အကောင်းဆုံး ပုံစံနဲ့ ပြန်လာဖို့ တိုက်တွန်စကားတွေကိုလည်း အသင်းပရိသတ်တွေက အားပေးနေကြပြီး မိမိအသင်းရဲ့ ကစားသမား နိမ့်ပါးချိန်ကို အားမပေးပဲ ဝေဖန်ပုတ်ခတ်တဲ့ ကီးဘုတ်ဖိုက်တာတွေကိုလည်း ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။