မန္ယူအသင္း ပစ္မွတ္ထားေနတဲ့ လူငယ္ၾကယ္ပြင့္ ဆန္ခ်ိဳကို ေရာင္းခ်ဖို႔ အစီအစဥ္မရွိေၾကာင္း ေဒါ့မြန္ အားကစား ဒါရိုက္တာက ထုတ္ေဖာ္ေျပာၾကားကာ သတိေပးလိုက္ပါတယ္။ ဆန္ခ်ိဳဟာ ဒီနွစ္ပိုင္းအတြင္း အထူးေျခစြမ္းျပေနသူပါ။

မန္ယူဂိုးသမား ဒီဂီယာက ဆိုးရွားဟာ အသင္းေရာက္လာတည္းက ၄င္းအေပၚ ယံုၾကည္မႈထားေၾကာင္း ျပသခဲ့ျပီး မန္ခ်က္စတာယူနုိက္တက္ အသင္းသားတိုင္းကလည္း နည္းျပျဖစ္သူ အေပၚ ယံုၾကည္မႈ အျပည့္ရွိတယ္လို႔ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

ဒါ့အျပင္ ဆုိးရွားက မန္ယူလူငယ္ ကစားသမားေတြ အေပၚလည္း ယံုၾကည္မႈေတြ ေပးထားခဲ့ကာ ဒါေတြက ကစားသမားတိုင္း အတြက္ အေရးၾကီးတဲ့ အရာ ျဖစ္ေၾကာင္း၊ ဆိုးရွားက အသင္းသားေတြ အတြက္ တကယ့္ မန္ေနဂ်ာေကာင္း ျဖစ္တယ္လို႔ ဒီဂီယာက ဆိုခဲ့ပါတယ္။

မန္ယူ ဗဟိုခံစစ္မွဴး ဖီးလ္ဂ်ဳံးစ္က ယူ႐ိုပါလိဂ္ပြဲစဥ္မွာ မန္ယူအသင္းအတြက္ ပါ၀င္ကစားခြင့္ ရမယ္လို႔ ယံုၾကည္ေနျပီး ပြဲထြက္ခြင့္ တစ္ေနရာ အတြက္လည္း ၾကိဳးစားနိုင္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။

မန္ယူအသင္းဟာ ေရရွည္ စီမံကိန္းတစ္ခုနဲ႕ အနာဂတ္ကို ဦးတည္သြားေနခဲ့တာ ျဖစ္လို႔ ပရိသတ္ေတြ အေနနဲ႕ လတ္တေလာမွာေတာ့ စိတ္ပ်က္စရာ ရလဒ္ေတြ ျမင္ရနုိင္တယ္လို႔ မန္ယူကစားသမားေဟာင္း နဗီးလ္က သတိေပးလိုက္ပါတယ္။

မန္ယူကစားသမားေဟာင္း အီဗရာက ဒန္နီရယ္ ဂ်ိမ္းစ္နဲ႕ ပတ္သတ္ျပီး ၄င္း အျမင္က – ” က်ေနာ္ သူနဲ႔ပတ္သတ္ျပီး သိပ္ သေဘာက်မိတာကေတာ့ သူ႔ရဲ႕ စိတ္အားထက္သန္မႈပါ။ သူ သြင္းဂိုးေကာင္းေတြ သြင္းယူထားတယ္။ ကစားတာေကာင္းသလို ျမန္လည္း ျမန္တယ္ ဒါေပမယ့္ က်ေနာ္ အၾကိဳက္ဆံုးကေတာ့ မန္ယူဂ်ာစီ ၀တ္ျပီး အသင္းအတြက္ အားတက္သေရာ ကစားေနတဲ့ ဂ်ိမ္းစ္ပါ။” လို႔ ေျပာၾကားခဲ့ပါတယ္။

အီဗရာက ၄င္းဟာ မန္ခ်က္စတာယူနိုက္တက္ကို အိမ္ အျဖစ္ သတ္မွတ္ထားတာေၾကာင့္ အသင္းကေန ထြက္ခြာခဲ့ခ်ိန္မွာ ခက္ခဲျပီး စိတ္ထိခိုက္ခဲ့ရတယ္လို႔ ၀န္ခံစကား ဆိုလိုက္ပါတယ္။

မန္ယူ အကယ္ဒမီထြက္ တိုက္စစ္မွဴး ေမဆန္ ဂရင္း၀ုဒ္ဟာ ၾကာသပေတးေန႔ည ယူရိုပါလိဂ္ အဖြင့္ပြဲစဥ္မွာ ပြဲထြက္ ပါ၀င္လာဖြယ္ ရွိပါတယ္။ ဒီပြဲမွာ ပြဲထြက္ခြင့္ရရင္ ဂရင္း၀ုဒ္က စီနီယာအသင္းၾကီး အတြက္ ဒုတိယအၾကိမ္ ပြဲထြက္ကစားျခင္းလည္း ျဖစ္လာမွာပါ။

မန္ယူခံစစ္မွဴး အဲရစ္ဘိုင္လီဟာ ဒူးဒဏ္ရာကေန ျပန္လည္ သက္သာလာေနျပီး ျပန္လည္ ထူေထာင္ေရး ေလ့က်င့္မႈမ်ား လုပ္ဆာင္ေနျပီလို႔ သိရပါတယ္။

Myan News

UNICODE – မန်ယူအသင်း ပစ်မှတ်ထားနေတဲ့ လူငယ်ကြယ်ပွင့် ဆန်ချိုကို ရောင်းချဖို့ အစီအစဉ်မရှိကြောင်း ဒေါ့မွန် အားကစား ဒါရိုကတာက ထုတ်ဖော်ပြောကြားကာ သတိပေးလိုက်ပါတယ်။ ဆန်ချိုဟာ ဒီနှစ်ပိုင်းအတွင်း အထူးခြေစွမ်းပြနေသူပါ။

မန်ယူဂိုးသမား ဒီဂီယာက ဆိုးရှားဟာ အသင်းရောက်လာတည်းက ၎င်းအပေါ် ယုံကြည်မှုထားကြောင်း ပြသခဲ့ပြီး မန်ချက်စတာယူနိုက်တက် အသင်းသားတိုင်းကလည်း နည်းပြဖြစ်သူ အပေါ် ယုံကြည်မှု အပြည့်ရှိတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် ဆိုးရှားက မန်ယူလူငယ် ကစားသမားတွေ အပေါ်လည်း ယုံကြည်မှုတွေ ပေးထားခဲ့ကာ ဒါတွေက ကစားသမားတိုင်း အတွက် အရေးကြီးတဲ့ အရာ ဖြစ်ကြောင်း၊ ဆိုးရှားက အသင်းသားတွေ အတွက် တကယ့် မန်နေဂျာကောင်း ဖြစ်တယ်လို့ ဒီဂီယာက ဆိုခဲ့ပါတယ်။

မန်ယူ ဗဟိုခံစစ်မှူး ဖီးလ်ဂျုံးစ်က ယူရိုပါလိဂ်ပွဲစဉ်မှာ မန်ယူအသင်းအတွက် ပါဝင်ကစားခွင့် ရမယ်လို့ ယုံကြည်နေပြီး ပွဲထွက်ခွင့် တစ်နေရာ အတွက်လည်း ကြိုးစားနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

မန်ယူအသင်းဟာ ရေရှည် စီမံကိန်းတစ်ခုနဲ့ အနာဂတ်ကို ဦးတည်သွားနေခဲ့တာ ဖြစ်လို့ ပရိသတ်တွေ အနေနဲ့ လတ်တလောမှာတော့ စိတ်ပျက်စရာ ရလဒ်တွေ မြင်ရနိုင်တယ်လို့ မန်ယူကစားသမားဟောင်း နဗီးလ်က သတိပေးလိုက်ပါတယ်။

မန်ယူကစားသမားဟောင်း အီဗရာက ဒန်နီရယ် ဂျိမ်းစ်နဲ့ ပတ်သတ်ပြီး ၎င်း အမြင်က – ” ကျနော် သူနဲ့ပတ်သတ်ပြီး သိပ် သဘောကျမိတာကတော့ သူ့ရဲ့ စိတ်အားထက်သန်မှုပါ။ သူ သွင်းဂိုးကောင်းတွေ သွင်းယူထားတယ်။ ကစားတာကောင်းသလို မြန်လည်း မြန်တယ် ဒါပေမယ့် ကျနော် အကြိုက်ဆုံးကတော့ မန်ယူဂျာစီ ဝတ်ပြီး အသင်းအတွက် အားတက်သရော ကစားနေတဲ့ ဂျိမ်းစ်ပါ။” လို့ ပြောကြားခဲ့ပါတယ်။

အီဗရာက ၎င်းဟာ မန်ချက်စတာယူနိုက်တက်ကို အိမ် အဖြစ် သတ်မှတ်ထားတာကြောင့် အသင်းကနေ ထွက်ခွာခဲ့ချိန်မှာ ခက်ခဲပြီး စိတ်ထိခိုက်ခဲ့ရတယ်လို့ ဝန်ခံစကား ဆိုလိုက်ပါတယ်။

မန်ယူ အကယ်ဒမီထွက် တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ဟာ ကြာသပတေးနေ့ည ယူရိုပါလိဂ် အဖွင့်ပွဲစဉ်မှာ ပွဲထွက် ပါဝင်လာဖွယ် ရှိပါတယ်။ ဒီပွဲမှာ ပွဲထွက်ခွင့်ရရင် ဂရင်းဝုဒ်က စီနီယာအသင်းကြီး အတွက် ဒုတိယအကြိမ် ပွဲထွက်ကစားခြင်းလည်း ဖြစ်လာမှာပါ။

မန်ယူခံစစ်မှူး အဲရစ်ဘိုင်လီဟာ ဒူးဒဏ်ရာကနေ ပြန်လည် သက်သာလာနေပြီး ပြန်လည် ထူထောင်ရေး လေ့ကျင့်မှုများ လုပ်ဆာင်နေပြီလို့ သိရပါတယ်။

Myan News