မန္ယူအသင္းသားေဟာင္း အီဗရာက ကလပ္အသင္းရဲ႕ ေႏြရာသီ ေခၚယူမႈေတြကို ထုတ္ေဖာ္ခ်ီးက်ဴးမႈေတြ လုပ္ခဲ့ျပီး ဂ်ိမ္း၊ ဘစ္ဆာကာ၊ မက္ဂိြဳင္းရားတို႔ဟာ မႏွစ္ကရာသီ စိတ္ပ်က္စရရာျဖစ္ခဲ့တဲ့ ကလပ္အသင္းကို အေျပာင္းအလဲျဖစ္ေစမယ္လို႔ ဆိုပါတယ္။

တိုက္စစ္မွာ ေျခစြမ္းျပေနတဲ့ ဂ်ိမ္းရဲ႕ လႈပ္အားႏႈန္းနဲ႔ ကစားလိုစိတ္ကိုလည္း အီဗရာက ခ်ီးက်ဴးခဲ့ျပီး ” သူ႔ကို က်ေနာ္ သေဘာေတြ႔ပါတယ္။ ေကာင္းမြန္တဲ့ဂိုးေတြ သြင္းယူႏုိင္ျပီး ကစားတာလည္ ေကာင္းတယ္။ သူက ျမန္တယ္ ဒါေပမယ့္ သူ႔နဲ႔ ပက္သက္ျပီး က်ေနာ္ ႏွစ္သက္တာကေတာ့ စိတ္ဓါတ္ျပင္းထန္ျပီး ယူႏုိက္တက္တံဆိပ္ကို ျမတ္ႏိုးတာပါပဲ။

ဂ်ိမ္းရဲ႕ ေအာင္ပြဲခံမႈေတြက ဒါကို ျပသေနတယ္။ သူ႔ရဲ႕ စံျပက ဂစ္ျဖစ္ျပီး ယူႏုိက္တက္အတြက္ ကစားေပးရဖို႔က သူ႔ရဲ႕အိပ္မက္ျဖစ္ခဲ့ႏုိင္ပပါတယ္။ ဒါေၾကာင့္လည္း သူ ကလပ္အသင္းကို ေျပာင္းလာခဲ့တာပါ။

ဘစ္ဆာကာက တိုက္စစ္ကို လိုက္ပါလိုျပီး သန္မာတဲ့ ခံစစ္သမားပါ။ ဖာဂူဆန္က အျမဲေျပာပါတယ္။ တစ္ဦးခ်င္းေတြမွာ ေပ်ာ္ရႊင္စြာ မကစားႏုိင္ရင္ ယူႏုိက္တက္အတြက္ ကစားေပးတဲ့သူ မျဖစ္သင့္ဘူးလို႔ပါ။ ဘစ္ဆာကာက ယူႏုိက္တက္အတြက္ ကစားေပးျပီး စိန္ေခၚမႈေတြကို ရင္ဆိုင္ဖို႔ အဆင္သင့္ျဖစ္ေနပါတယ္။ မက္ဂိြဳင္းရားက အရမ္းၾကိဳးစားတယ္။ သူလုပ္တဲ့ အမွားေတြကို ကာကြယ္ဖို႔လည္း အျမဲတမ္း အာရံုစိုက္ေနျပီး စိတ္ဓါတ္ပိုင္း အရမ္းသန္မာပါတယ္ ” လို႔ ေျပာပါတယ္။

အီဗရာက မန္ယူအသင္းနဲ႔ ဒီဂီယာတို႔ သက္တမ္းတိုးစာခ်ဳပ္ ခ်ဳပ္ဆိုႏုိင္မႈအေပး ေက်နပ္ေၾကာင္း စကားဆိုခဲ့တယ္။ ဒါေပမယ့္လည္း ကလပ္အသင္းရဲ႕ အေကာင္းဆံုး ကစားဆုကို အျမဲတမ္း ဒီဂီယာပဲ ရေနတဲ့ အေနအထားကိုေတာ့ သူ မႏွစ္သက္ဘူးလို႔ ပြင့္ပြင့္လင္းလင္း ေျပာပါတယ္။

” ဒီဂီယာက ကမၻာအေကာင္းဆံုး ကစားသမားျဖစ္ဖုိ႔ က်ေနာ္ အျမဲတမ္း ဆုေတာင္းပါတယ္။ ဒါေပမယ့္ သူ႔ကို ယူႏုိက္တက္ရဲ႕ အေကာင္းဆံုး ကစားသမားျဖစ္ဖုိ႔ ဘယ္ေတာ့မွ ဆုမေတာင္းပါဘူး။ သူအေကာင္းဆံုးျဖစ္ေနတာက ကြင္းးလယ္၊ ခံစစ္နဲ႔ တိုက္စစ္အတြက္ မွားယြင္းေနျခင္းပါပဲ။ ဒီေတာ့ ဒီဂီယာေရ ကမၻာအေကာင္းဆံုး ဂိုးသမားျဖစ္ပါ ကလပ္အသင္းရဲ႕ တစ္ႏွစ္တာ အေကာင္းဆံုး ကစားသမားေတာ့ မျဖစ္လုိက္ပါနဲ႔ ” လို႔ အီဗရာက ေျပာဆိုခဲ့တာျဖစ္ပါတယ္။

UNICODE

မန်ယူအသင်းသားဟောင်း အီဗရာက ကလပ်အသင်းရဲ့ နွေရာသီ ခေါ်ယူမှုတွေကို ထုတ်ဖော်ချီးကျူးမှုတွေ လုပ်ခဲ့ပြီး ဂျိမ်း၊ ဘစ်ဆာကာ၊ မက်ဂွိုင်းရားတို့ဟာ မနှစ်ကရာသီ စိတ်ပျက်စရရာဖြစ်ခဲ့တဲ့ ကလပ်အသင်းကို အပြောင်းအလဲဖြစ်စေမယ်လို့ ဆိုပါတယ်။

တိုက်စစ်မှာ ခြေစွမ်းပြနေတဲ့ ဂျိမ်းရဲ့ လှုပ်အားနှုန်းနဲ့ ကစားလိုစိတ်ကိုလည်း အီဗရာက ချီးကျူးခဲ့ပြီး ” သူ့ကို ကျနော် သဘောတွေ့ပါတယ်။ ကောင်းမွန်တဲ့ဂိုးတွေ သွင်းယူနိုင်ပြီး ကစားတာလည် ကောင်းတယ်။ သူက မြန်တယ် ဒါပေမယ့် သူ့နဲ့ ပက်သက်ပြီး ကျနော် နှစ်သက်တာကတော့ စိတ်ဓါတ်ပြင်းထန်ပြီး ယူနိုက်တက်တံဆိပ်ကို မြတ်နိုးတာပါပဲ။

ဂျိမ်းရဲ့ အောင်ပွဲခံမှုတွေက ဒါကို ပြသနေတယ်။ သူ့ရဲ့ စံပြက ဂစ်ဖြစ်ပြီး ယူနိုက်တက်အတွက် ကစားပေးရဖို့က သူ့ရဲ့အိပ်မက်ဖြစ်ခဲ့နိုင်ပပါတယ်။ ဒါကြောင့်လည်း သူ ကလပ်အသင်းကို ပြောင်းလာခဲ့တာပါ။

ဘစ်ဆာကာက တိုက်စစ်ကို လိုက်ပါလိုပြီး သန်မာတဲ့ ခံစစ်သမားပါ။ ဖာဂူဆန်က အမြဲပြောပါတယ်။ တစ်ဦးချင်းတွေမှာ ပျော်ရွှင်စွာ မကစားနိုင်ရင် ယူနိုက်တက်အတွက် ကစားပေးတဲ့သူ မဖြစ်သင့်ဘူးလို့ပါ။ ဘစ်ဆာကာက ယူနိုက်တက်အတွက် ကစားပေးပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။ မက်ဂွိုင်းရားက အရမ်းကြိုးစားတယ်။ သူလုပ်တဲ့ အမှားတွေကို ကာကွယ်ဖို့လည်း အမြဲတမ်း အာရုံစိုက်နေပြီး စိတ်ဓါတ်ပိုင်း အရမ်းသန်မာပါတယ် ” လို့ ပြောပါတယ်။

အီဗရာက မန်ယူအသင်းနဲ့ ဒီဂီယာတို့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်မှုအပေး ကျေနပ်ကြောင်း စကားဆိုခဲ့တယ်။ ဒါပေမယ့်လည်း ကလပ်အသင်းရဲ့ အကောင်းဆုံး ကစားဆုကို အမြဲတမ်း ဒီဂီယာပဲ ရနေတဲ့ အနေအထားကိုတော့ သူ မနှစ်သက်ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောပါတယ်။

” ဒီဂီယာက ကမ္ဘာအကောင်းဆုံး ကစားသမားဖြစ်ဖို့ ကျနော် အမြဲတမ်း ဆုတောင်းပါတယ်။ ဒါပေမယ့် သူ့ကို ယူနိုက်တက်ရဲ့ အကောင်းဆုံး ကစားသမားဖြစ်ဖို့ ဘယ်တော့မှ ဆုမတောင်းပါဘူး။ သူအကောင်းဆုံးဖြစ်နေတာက ကွင်းးလယ်၊ ခံစစ်နဲ့ တိုက်စစ်အတွက် မှားယွင်းနေခြင်းပါပဲ။ ဒီတော့ ဒီဂီယာရေ ကမ္ဘာအကောင်းဆုံး ဂိုးသမားဖြစ်ပါ ကလပ်အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားတော့ မဖြစ်လိုက်ပါနဲ့ ” လို့ အီဗရာက ပြောဆိုခဲ့တာဖြစ်ပါတယ်။