၀က္ဖို႔ဒ္နဲ႕ သေရပြဲ အျပီးမွာ အာဆင္နယ္နည္းျပ အူႏိုင္းအမ္မရီက အာဆင္နယ္ အသင္းသားေတြ အားလံုးနဲ႕ အတူ ညစာ ထြက္စားခဲ့ျပီး စည္းလံုးမႈ အျပည့္ ဆက္ရွိေနေစရန္ ၾကိဳးစားခဲ့ပါတယ္။

TalkSport မွ အစီအစဥ္ တင္ဆက္သူ အက္ဒရီယန္ ဒါဟန္းက အာဆင္နယ္ဟာ အူနိုင္းအမ္မရီကို ထုတ္ပယ္ျပီး ထိပ္တန္းနည္းျပ တစ္ဦး ျဖစ္တဲ့ ေမာ္ရင္ညိဳကို ခန္႔အပ္သင့္ေၾကာင္း သံုးသပ္ေျပာဆိုခဲ့ရာ အာဆင္နယ္ ပရိသတ္မ်ားဘက္က ခါးခါးသီးသီး တုန္႔ျပန္မႈေတြ ရွိ္ေနပါတယ္။

ဒီတပတ္ ဖရန္႔ဖတ္နဲ႕ ယူရိုပါလိဂ္ ပြဲစဥ္မွာ အာဆင္နယ္က အဂၤလန္ လူငယ္ခံစစ္သမားေလး ေကာ္လန္ ခ်န္ဘာစ္ကို ပြဲထုတ္သြားဖြယ္ ရွိေနျပီး ကစားသမားရဲ႕ အနာဂတ္အတြက္ အေရးပါမွာပါ။

ဒဏ္ရာေၾကာင့္ ဆယ္လၾကာမွ် ပြဲ ကစားျခင္း မရွိခဲ့တဲ့ ေရာ့ဘ္ဟိုးဒင္းဟာ ဒူးဒဏ္ရာ ေပ်ာက္ကင္းခဲ့ျပီ ျဖစ္ျပီး မၾကာခင္ ျပန္ကစားနုိင္ေတာ့မွာ ျဖစ္ေသာ္လည္း ခံစစ္မွာ အမွားမ်ားေနတဲ့ ဆိုကေရးတစ္ ဒါမွမဟုတ္ လူး၀စ္ေနရာ အစား၀င္ ပြဲထြက္ခြင့္ရဖို႔ မေသခ်ာေသးဘူးလို႔ သိရပါတယ္။ ၄င္းဟာ ဒီတပတ္ ဖရန္႔ဖတ္နဲ႕ ယူရိုပါလိဂ္ပြဲမွာ ပါ၀င္ခြင့္ ရဖြယ္ ရွိပါတယ္။

အာဆင္နယ္ လူငယ္တိုက္စစ္ၾကယ္ပြင့္ အန္ကတ္တီရာကို အငွားေခၚယူစဥ္က ပံုမွန္ ပြဲထြက္ခြင့္ ေပးကာ ေျခစြမ္းတက္ေစမယ္ဆိုတဲ့ ကတိေၾကာင့္ ေခၚယူနိုင္ခဲ့ျခင္း ျဖစေ္ၾကာင္း လိဂ္ယူနိုက္တက္ အသင္း ဒါရိုက္တာက ၀န္ခံ ေျပာၾကားလိုက္ပါတယ္။

တနဂၤေႏြေန႕က ပရီးမီးယားလိဂ္ပြဲမွာ ခံစစ္အမွားမ်ားစြာ က်ဴးလြန္ခဲ့ေသာ္လည္း အာဆင္နယ္ ဂိုးသမား လီနိုကေတာ့ ဂိုးကေန ကစားကြက္ တည္ေဆာက္ပံုကို ဆက္လက္ အသံုးျပဳသြားၾကမွာ ျဖစ္တယ္လို႔ ေျပာၾကားလိုက္ပါတယ္။

အသင္းေခါင္းေဆာင္ အျဖစ္ တာ၀န္ယူေနတဲ့ ကြင္းလယ္ကစားသမား ဇာခါရဲ႕ ေျခစြမ္းကို အာဆင္နယ္ ပရိသတ္ေတြက ေက်နပ္ အားရျခင္း မရွိဘဲ အထူးသျဖင့္ ၀က္ဖို႔ဒ္နဲ႕ ပြဲအျပီးမွာ ပိုဆိုးလာခဲ့ကာ ေရာင္းထုတ္ပစ္ေစလိုေနၾကပါတယ္။

၂၀၂၃ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို အဂၤလန္၊ လန္ဒန္မွာ ရွိတဲ့ ၀င္ဘာေလ ကြင္းၾကီးမွာ က်င္းပဖို႔ အဆို တင္သြင္းထားျပီး ေနာက္တစ္ပတ္မွာ အတည္ျပဳ ေၾကျငာခ်က္ ထြက္ေပၚလာမယ္လို႔ သိရပါတယ္။

Myan News

UNICODE – ၀က်ဖို့ဒ်နဲ့ သရေပွဲ အပြီးမှာ အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီက အာဆင်နယ်အသင်းသားတွေ အားလုံးနဲ့ အတူ ညစာ ထွက်စားခဲ့ပြီး စည်းလုံးမှု အပြည့် ဆက်ရှိနေစေရန် ကြိုးစားခဲ့ပါတယ်။

TalkSport မှ အစီအစဉ် တင်ဆက်သူ အက်ဒရီယန်ဒါဟန်းက အာဆင်နယ်ဟာ အူနိုင်းအမ်မရီကို ထုတ်ပယ်ပြီး ထိပ်တန်းနည်းပြ တစ်ဦး ဖြစ်တဲ့ မော်ရင်ညိုကို ခန့်အပ်သင့်ကြောင်း သုံးသပ်ပြောဆိုခဲ့ရာ အာဆင်နယ် ပရိသတ်များဘက်က ခါးခါးသီးသီး တုန့်ပြန်မှုတွေ ရှိနေပါတယ်။

ဒီတပတ် ဖရန့်ဖတ်နဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ အာဆင်နယ်က အင်္ဂလန် လူငယ်ခံစစ်သမားလေး ကော်လန် ချန်ဘာစ်ကို ပွဲထုတ်သွားဖွယ် ရှိနေပြီး ကစားသမားရဲ့ အနာဂတ်အတွက် အရေးပါမှာပါ။

ဒဏ်ရာကြောင့် ဆယ်လကြာမျှ ပွဲ ကစားခြင်း မရှိခဲ့တဲ့ ရော့ဘ်ဟိုးဒင်းဟာ ဒူးဒဏ်ရာ ပျောက်ကင်းခဲ့ပြီ ဖြစ်ပြီး မကြာခင် ပြန်ကစားနိုင်တော့မှာ ဖြစ်သော်လည်း ခံစစ်မှာ အမှားများနေတဲ့ ဆိုကရေးတစ် ဒါမှမဟုတ် လူးဝစ်နေရာ အစားဝင် ပွဲထွက်ခွင့်ရဖို့ မသေချာသေးဘူးလို့ သိရပါတယ်။ ၎င်းဟာ ဒီတပတ် ဖရန့်ဖတ်နဲ့ ယူရိုပါလိဂ်ပွဲမှာ ပါဝင်ခွင့် ရဖွယ် ရှိပါတယ်။

အာဆင်နယ် လူငယ်တိုက်စစ်ကြယ်ပွင့် အန်ကတ်တီရာကို အငှားခေါ်ယူစဉ်က ပုံမှန် ပွဲထွက်ခွင့် ပေးကာ ခြေစွမ်းတက်စေမယ်ဆိုတဲ့ ကတိကြောင့် ခေါ်ယူနိုင်ခဲ့ခြင်း ဖြစေ်ကြာင်း လိဂ်ယူနိုက်တက် အသင်း ဒါရိုက်တာက ဝန်ခံ ပြောကြားလိုက်ပါတယ်။

တနင်္ဂနွေနေ့က ပရီးမီးယားလိဂ်ပွဲမှာ ခံစစ်အမှားများစွာ ကျူးလွန်ခဲ့သော်လည်း အာဆင်နယ် ဂိုးသမား လီနိုကတော့ ဂိုးကနေ ကစားကွက် တည်ဆောက်ပုံကို ဆက်လက် အသုံးပြုသွားကြမှာ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူနေတဲ့ ကွင်းလယ်ကစားသမား ဇာခါရဲ့ ခြေစွမ်းကို အာဆင်နယ် ပရိသတ်တွေက ကျေနပ် အားရခြင်း မရှိဘဲ အထူးသဖြင့် ဝက်ဖို့ဒ်နဲ့ ပွဲအပြီးမှာ ပိုဆိုးလာခဲ့ကာ ရောင်းထုတ်ပစ်စေလိုနေကြပါတယ်။

၂၀၂၃ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို အင်္ဂလန်၊ လန်ဒန်မှာ ရှိတဲ့ ဝင်ဘာလေ ကွင်းကြီးမှာ ကျင်းပဖို့ အဆို တင်သွင်းထားပြီး နောက်တစ်ပတ်မှာ အတည်ပြု ကြေငြာချက် ထွက်ပေါ်လာမယ်လို့ သိရပါတယ်။

Myan News