လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္က လက္ရွိ ဥေရာပခ်န္ပီယံ ဆုကို ကာကြယ္ရမယ့္ အသင္းျဖစ္ေပမယ့္ ဥေရာပ အေကာင္းဆံုး အသင္း မျဖစ္နုိင္ေသးဘဲ မန္စီးတီးကသာ ကမၻာ့အေကာင္းဆံုး အသင္းပါ လို႔ ေျပာဆိုခဲ့ပါတယ္။

စီးတီးလူငယ္ကစားသမား ဖီးလ္ ဖိုဒန္ကလည္း အစာအိမ္ ေ၀ဒနာ ရွိေနတာေၾကာင့္ ရွက္တာဒိုးနက္နဲ႕ ခ်န္ပီယံလိဂ္ အုပ္စုပြဲမွာ ပါ၀င္နုိင္မွာ မဟုတ္ေသးဘဲ ေနာက္ပဲြစဥ္အတြက္ေတာ့ အသင့္ ျဖစ္ေနမယ္လို႔ ဂြာဒီယိုလာက အတည္ျပဳခဲ့ပါတယ္။

မန္စီးတီးဟာ ၿပီးခဲ့တဲ့ ေႏြအေျပာင္းအေ႐ႊ႕မွာ သတ္မွတ္တန္ေၾကးထက္ ပိုမေပးဘူးဆိုတဲ့ ေပၚလစီေၾကာင့္ နည္းျပ ဂြာဒီယိုလာရဲ႕ ပစ္မွတ္ ကစားသမားေတြကို ေခၚယူေပးႏိုင္ခဲ့ျခင္းမရွိဘူးလို႔ သိရပါတယ္။

မန္စီးတီး ခံစစ္မွဴး ဂၽြန္စတုန္းက အသင္းထရိန္မွာ ၾကြက္သားဒဏ္ရာ ရသြားခဲ့တာေၾကာင့္ သီတင္းပတ္ ၄-၅ ပတ္ေလာက္ ပါ၀င္ကစားနိုင္ဦးမွာ မဟုတ္ဘူးလို႔ သိရပါတယ္။ လက္ရွိ မန္စီးတီးမွာ ဗဟိုခံစစ္မွဴး စစ္စစ္ ဆိုလို႔ ေအာ္တာမန္ဒီ တစ္ေယာက္သာ က်န္ျပီး ဖာနန္ဒင္ဟိုက ၀င္ကူရေတာ့မွာပါ။

ရီးရဲလ္မက္ဒရစ္မွ စပိန္သား ကြင္းလယ္ကစားသမား အစၥကိုကို မန္စီးတီး၊ လီဗာပူးနဲ႔ ဂ်ဴဗင္တပ္အသင္း အၿပိဳင္ ေခၚယူလိုေနၾကတယ္လို႔ သတင္းမ်ားမွာ ေဖာ္ျပလာပါတယ္။

စတုန္း ဒဏ္ရာ ရသြားတာေၾကာင့္ ဂြာဒီယိုလာဟာ လူငယ္ ကစားသမားေတြကို အခြင့္အေရးေပးဖို႔လည္း စဥ္းစားလာဖြယ္ ရွိျပီး စီးတီး ပရိသတ္မ်ားကေတာ့ လူငယ္ခံစစ္မွဴး အဲရစ္ ဂါစီယာကို အသံုးျပဳဖို႔ ေတာင္းဆိုေနၾကပါတယ္။

Myan News

UNICODE – လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က လက်ရှိ ဥရောပချန်ပီယံ ဆုကို ကာကွယ်ရမယ့် အသင်းဖြစ်ပေမယ့် ဥရောပ အကောင်းဆုံး အသင်း မဖြစ်နိုင်သေးဘဲ မန်စီးတီးကသာ ကမ္ဘာ့အကောင်းဆုံး အသင်းပါ လို့ ပြောဆိုခဲ့ပါတယ်။

စီးတီးလူငယ်ကစားသမား ဖီးလ် ဖိုဒန်ကလည်း အစာအိမ် ဝေဒနာ ရှိနေတာကြောင့် ရှက်တာဒိုးနက်နဲ့ ချန်ပီယံလိဂ် အုပ်စုပွဲမှာ ပါဝင်နိုင်မှာ မဟုတ်သေးဘဲ နောက်ပွဲစဉ်အတွက်တော့ အသင့် ဖြစ်နေမယ်လို့ ဂွာဒီယိုလာက အတည်ပြုခဲ့ပါတယ်။

မန်စီးတီးဟာ ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့မှာ သတ်မှတ်တန်ကြေးထက် ပိုမပေးဘူးဆိုတဲ့ ပေါ်လစီကြောင့် နည်းပြ ဂွာဒီယိုလာရဲ့ ပစ်မှတ် ကစားသမားတွေကို ခေါ်ယူပေးနိုင်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

မန်စီးတီး ခံစစ်မှူး ဂျွန်စတုန်းက အသင်းထရိန်မှာ ကြွက်သားဒဏ်ရာ ရသွားခဲ့တာကြောင့် သီတင်းပတ် ၄-၅ ပတ်လောက် ပါဝင်ကစားနိုင်ဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။ လက်ရှိ မန်စီးတီးမှာ ဗဟိုခံစစ်မှူး စစ်စစ် ဆိုလို့ အော်တာမန်ဒီ တစ်ယောက်သာ ကျန်ပြီး ဖာနန်ဒင်ဟိုက ဝင်ကူရတော့မှာပါ။

ရီးရဲလ်မက်ဒရစ်မှ စပိန်သား ကွင်းလယ်ကစားသမား အစ္စကိုကို မန်စီးတီး၊ လီဗာပူးနဲ့ ဂျူဗင်တပ်အသင်း အပြိုင် ခေါ်ယူလိုနေကြတယ်လို့ သတင်းများမှာ ဖော်ပြလာပါတယ်။

စတုန်း ဒဏ်ရာ ရသွားတာကြောင့် ဂွာဒီယိုလာဟာ လူငယ် ကစားသမားတွေကို အခွင့်အရေးပေးဖို့လည်း စဉ်းစားလာဖွယ် ရှိပြီး စီးတီး ပရိသတ်များကတော့ လူငယ်ခံစစ်မှူး အဲရစ် ဂါစီယာကို အသုံးပြုဖို့ တောင်းဆိုနေကြပါတယ်။

Myan News