လီဗာပူးအသင္းဟာ ဒီရာသီ ခ်န္ပီယံလိဂ္ အုပ္စု ပြဲဦးထြက္ အျဖစ္ နာပိုလီကို အေ၀းကြင္းမွာ သြားေရာက္ယွဥ္ျပိဳင္ ကစားရာ ၂ ဂိုး ဂိုးမရွိနဲ႕ အေရးနိမ့္ခဲ့ပါတယ္။ အျပန္အလွန္ ထိုးေဖာက္မႈမ်ားနဲ႕ ပြဲကၾကည့္ေကာင္းခဲ့ျပီး ပြဲျပီးခါနီး ၈၂ မိနစ္မွာ ဒရိုင္းမာတင္ရဲ႕ ပင္နယ္တိဂိုး၊ မိနစ္ ၉၀ ျပီး နာက်င္အခ်ိန္ပိုမွာ ေလာ္ရန္ေတးရဲ႕ သြင္းဂိုးမ်ား လီဗာပူးက ခြင့္ျပဳခဲ့ရတာပါ။

နာပိုလီနည္းျပ အန္ဆာေလာ့တီက ပြဲအျပီးမွာ ကေလာ့ပ္ကို စိုးရိမ္ဖို႔ မလိုေၾကာင္း၊ ဒီမွာ ရွံးနိမ့္ခဲ့ရင္ေတာင္ ေရွ႕ဆက္သြားျပီး ခ်န္ပီယံလိဂ္ ဗိုလ္စြဲနိုင္ေၾကာင္း နွစ္သိမ့္ခဲ့ျဖစ္တယ္လို႔ ေျပာၾကားခဲ့တယ္လို႔ ဖြင့္ဟခဲ့ပါတယ္။ ယာဂင္ကေလာ့ပ္ဟာ ေပးလိုက္ရတဲ့ ပင္နယ္တီနဲ႕ ပတ္သတ္ျပီး မေပ်ာ္ရႊင္ ျဖစ္ေနခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္မွ စပိန္သား ကြင္းလယ္ကစားသမား အစၥကို ကို မန္စီးတီး၊ လီဗာပူးနဲ႔ ဂ်ဴဗင္တပ္အသင္း အၿပိဳင္ ေခၚယူလိုေနၾကတယ္ လို႔ သတင္းမ်ားမွာ ေဖာ္ျပေနၾကပါတယ္။

နာပိုလီကို အေရးနိမ့္တဲ့ ပြဲအျပီး ေနာက္ဆက္တြဲအေနနဲ႔ လီဗာပူးပရိသတ္အခ်ိဳ႕က ဘယ္စြန္ ခံစစ္မွဴး အန္ဒီ ေရာ္ဘတ္ဆန္ကို ျပင္းထန္စြာ ေဝဖန္မႈေတြ လုပ္ခဲ့ၾကတာေၾကာင့္ ေရာ္ဘတ္ဆန္က သူ႔ရဲ႕တြစ္တာအေကာင့္ကို ပိတ္သြားခဲ့ျပီျဖစ္ပါတယ္။

လီဗာပူး နည္းျပ ယာဂင္ကေလာ့ပ္က လက္ရွိ ဥေရာပခ်န္ပီယံ ဆုကို ကာကြယ္ရမယ့္ အသင္းျဖစ္ေပမယ့္ အေျခအေနကို နွိမ့္ခ်ေျပာဆို သြားပါတယ္။ ” က်ေနာ္တုိ႔က ဥေရာပ အေကာင္းဆံုး အသင္း မျဖစ္နုိင္ေသးပါဘူး ဘာျဖစ္လို႔လဲဆိုေတာ့ မန္စီးတီးက ကမၻာ့အေကာင္းဆံုး အသင္းပါ။” လို႔ ကေလာ့ပ္က ဆိုခဲ့ပါတယ္။

လီဗာပူး ေတာင္ပံတိုက္စစ္မွဴး ရွာကြီရီက အသင္းမွာ ပံုမွန္ပြဲထြက္ ကစားခြင့္ မရတာေၾကာင့္ ရုန္းကန္ေနရေၾကာင္း ၀န္ခံ ေျပာဆိုလိုက္ကာ လာမယ့္ အေျပာင္းအေရႊ႕မ်ားမွာ လီဗာပူးကို စြန္႔ခြာသြားဖြယ္ ရွိလာပါတယ္။

လီဗာပူးနဲ႕ ရင္ဆိုင္ခဲ့တဲ့ နာပိုလီဘက္မွ အသက္ ၂၃ ႏွစ္အရြယ္ စပိန္သားကြင္းလယ္လူ Ruiz ကို ေခၚယူဖို႔ လီဗာပူး ပရိသတ္ေတြက တိုက္တြန္းမႈေတြ ျပဳလုပ္ေနပါတယ္။ ၄င္းဟာ လီဗာပူးလိုအပ္ေနတဲ့ ကြင္းလယ္ နံပါတ္ ၈ ေနရာကို ကစားနိုင္ျပီး အရပ္ ၆ ေပ ၂ လက္မထိ ျမင့္မားကာ ရုပ္ပိုင္းဆိုင္ရာမွာလည္း သန္မာသူလည္း ျဖစ္ပါတယ္။

ခ်ယ္ဆီးတိုက္စစ္မွဴး ေအဘရာဟမ္က ခ်န္ပီယံလိဂ္ပြဲ အေရးနိမ့္မႈအေပၚ အသင္းရဲ႕ ေဒါသေတြအား သီတင္းပတ္အကုန္မွာ ယွဥ္ျပိဳင္ကစားရမယ့္ လီဗာပူးနဲ႔ပြဲမွာ ပံုခ် ေပါက္ကြဲဖို႔ အသင္းေဖာ္ေတြနဲ႔ အသင္းပရိသတ္ေတြအား စိန္ေခၚစကား ေျပာဆိုလိုက္ပါတယ္။

နာပိုလီနဲ႔ပြဲကို အဆံုးအျဖတ္ျဖစ္ေစခဲ့တာက ပင္နယ္တီ ေပးရမႈကေန စတင္တယ္လုိ႔ လီဗာပူး နည္းျပ ယာဂင္ကေလာ့ပ္က ယံုၾကည္ေနပါတယ္။ ပင္နယ္တီဟာ မွားယြင္းတဲ့ ဆံုးျဖတ္ခ်က္ျဖစ္ျပီး ျဖစ္ရပ္ကို အျခားေသာ ရႈေထာင့္ေတြက ၾကည့္မယ္ဆိုရင္ ဒါကို လက္ခံၾကပါလိမ့္မယ္လို႔ ကေလာ့ပ္က ပြဲအျပီး မွတ္ခ်က္ေပးပါတယ္။

Myan News

UNICODE – လီဗာပူးအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ် အုပ်စု ပွဲဦးထွက် အဖြစ် နာပိုလီကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင် ကစားရာ ၂ ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပါတယ်။ အပြန်အလှန် ထိုးဖောက်မှုများနဲ့ ပွဲကကြည့်ကောင်းခဲ့ပြီး ပွဲပြီးခါနီး ၈၂ မိနစ်မှာ ဒရိုင်းမာတင်ရဲ့ ပင်နယ်တိဂိုး၊ မိနစ် ၉၀ ပြီး နာကျင်အချိန်ပိုမှာ လော်ရန်တေးရဲ့ သွင်းဂိုးများ လီဗာပူးက ခွင့်ပြုခဲ့ရတာပါ။

နာပိုလီနည်းပြ အန်ဆာလော့တီက ပွဲအပြီးမှာ ကလော့ပ်ကို စိုးရိမ်ဖို့ မလိုကြောင်း၊ ဒီမှာ ရှံးနိမ့်ခဲ့ရင်တောင် ရှေ့ဆက်သွားပြီး ချန်ပီယံလိဂ် ဗိုလ်စွဲနိုင်ကြောင်း နှစ်သိမ့်ခဲ့ဖြစ်တယ်လို့ ပြောကြားခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ယာဂင်ကလော့ပ်ဟာ ပေးလိုက်ရတဲ့ ပင်နယ်တီနဲ့ ပတ်သတ်ပြီး မပျော်ရွှင် ဖြစ်နေခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်မှ စပိန်သား ကွင်းလယ်ကစားသမား အစ္စကိုကို မန်စီးတီး၊ လီဗာပူးနဲ့ ဂျူဗင်တပ်အသင်း အပြိုင် ခေါ်ယူလိုနေကြတယ်လို့ သတင်းများမှာ ဖော်ပြနေကြပါတယ်။

နာပိုလီကို အရေးနိမ့်တဲ့ ပွဲအပြီး နောက်ဆက်တွဲအနေနဲ့ လီဗာပူးပရိသတ်အချို့က ဘယ်စွန် ခံစစ်မှူး အန်ဒီ ရော်ဘတ်ဆန်ကို ပြင်းထန်စွာ ဝေဖန်မှုတွေ လုပ်ခဲ့ကြတာကြောင့် ရော်ဘတ်ဆန်က သူ့ရဲ့တွစ်တာအကောင့်ကို ပိတ်သွားခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က လက်ရှိ ဥရောပချန်ပီယံ ဆုကို ကာကွယ်ရမယ့် အသင်းဖြစ်ပေမယ့် အခြေအနေကို နှိမ့်ချပြောဆို သွားပါတယ်။ ” ကျနော်တို့က ဥရောပ အကောင်းဆုံး အသင်း မဖြစ်နိုင်သေးပါဘူး ဘာဖြစ်လို့လဲဆိုတော့ မန်စီးတီးက ကမ္ဘာ့အကောင်းဆုံး အသင်းပါ။” လို့ ကလော့ပ်က ဆိုခဲ့ပါတယ်။

လီဗာပူး တောင်ပံတိုက်စစ်မှူး ရှာကွီရီက အသင်းမှာ ပုံမှန်ပွဲထွက် ကစားခွင့် မရတာကြောင့် ရုန်းကန်နေရကြောင်း ဝန်ခံ ပြောဆိုလိုက်ကာ လာမယ့် အပြောင်းအရွှေ့များမှာ လီဗာပူးကို စွန့်ခွာသွားဖွယ် ရှိလာပါတယ်။

လီဗာပူးနဲ့ ရင်ဆိုင်ခဲ့တဲ့ နာပိုလီဘက်မှ အသက် ၂၃ နှစ်အရွယ် စပိန်သားကွင်းလယ်လူ Ruiz ကို ခေါ်ယူဖို့ လီဗာပူး ပရိသတ်တွေက တိုက်တွန်းမှုတွေ ပြုလုပ်နေပါတယ်။ ၎င်းဟာ လီဗာပူးလိုအပ်နေတဲ့ ကွင်းလယ် နံပါတ် ၈ နေရာကို ကစားနိုင်ပြီး အရပ် ၆ ပေ ၂ လက်မထိ မြင့်မားကာ ရုပ်ပိုင်းဆိုင်ရာမှာလည်း သန်မာသူလည်း ဖြစ်ပါတယ်။

ချယ်ဆီးတိုက်စစ်မှူး အေဘရာဟမ်က ချန်ပီယံလိဂ်ပွဲ အရေးနိမ့်မှုအပေါ် အသင်းရဲ့ ဒေါသတွေအား သီတင်းပတ်အကုန်မှာ ယှဉ်ပြိုင်ကစားရမယ့် လီဗာပူးနဲ့ပွဲမှာ ပုံချ ပေါက်ကွဲဖို့ အသင်းဖော်တွေနဲ့ အသင်းပရိသတ်တွေအား စိန်ခေါ်စကား ပြောဆိုလိုက်ပါတယ်။

နာပိုလီနဲ့ပွဲကို အဆုံးအဖြတ်ဖြစ်စေခဲ့တာက ပင်နယ်တီ ပေးရမှုကနေ စတင်တယ်လို့ လီဗာပူး နည်းပြ ယာဂင်ကလော့ပ်က ယုံကြည်နေပါတယ်။ ပင်နယ်တီဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ဖြစ်ရပ်ကို အခြားသော ရှုထောင့်တွေက ကြည့်မယ်ဆိုရင် ဒါကို လက်ခံကြပါလိမ့်မယ်လို့ ကလော့ပ်က ပွဲအပြီး မှတ်ချက်ပေးပါတယ်။

Myan News