ခ်ယ္ဆီးကြင္းလယ္လူ ဘာကေလက ဗလန္စီယာနဲ႔ပြဲမွာ အေရးပါတဲ့ ပင္နယ္တီကို လြဲေခ်ာ္ခဲ့ေပမယ့္ ေနာက္ပြဲေတြမွာလည္း ကလပ္အသင္းရဲ႕ ပင္နယ္တီေတြကို သူတာဝန္ယူသြားမွာပါလို႔ ပြဲအျပီး ထုတ္ေဖာ္ေျပာဆိုပါတယ္။

” ကြင္းထဲမွာ ရွိေနရင္ က်ေနာ္က ပင္နယ္တီ တာဝန္ယူရမယ့္သူပါ။ ဒီပြဲမွာ က်ေနာ္ အေကာင္းဆံုး အဆံုးမသတ္ႏုိင္ခဲ့ေပမယ့္ လူတိုင္း ပင္နယ္တီ လြဲေခ်ာ္ခဲ့ဖူးပါတယ္။ က်ေနာ္ ဂိုးမဝင္ခဲ့ေပမယ့္ ယံုၾကည္မႈရွိေနတယ္။ ေနာက္ပြဲမွာ ပင္နယ္တီ တာဝန္ယူရမယ္ဆိုရင္လည္း ရယူသြားဖို႔ ယံုၾကည္မႈ ရွိေနပါတယ္။

ပင္နယ္တီေတြကို လြဲေခ်ာ္ႏုိင္ပါတယ္။ ဒါက ကမၻာၾကီး အဆံုးသတ္သြားတာ မဟုတ္ပါဘူး။ က်ေနာ္တုိ႔ အုပ္စုတြင္းမွာ ပြဲငါးပြဲ ကစားဖို႔ က်န္ေနေသးျပီး ခက္ခဲမွာျဖစ္ေပမယ့္ ပြဲေတြကို အႏုိင္ရဖို႕ ရည္မွန္းထားတယ္ ” လို႔ ဘာကေလ ေျပာဆိုလိုက္တာပါ။

ဘာကေလဟာ ခ်ယ္ဆီးကစားသမားဘဝမွာ ပင္နယ္တီ ၅ ၾကိမ္ တာဝန္ယူခဲ့ျပီး အၾကိမ္တုိင္းကို ဂိုးအျဖစ္ ေျပာင္းလဲႏုိင္ခဲ့ပါတယ္။ ဘာကေလက ရာသီၾကိဳမွာလည္း ပင္နယ္တီေတြကို အေကာင္းဆံုး တာဝန္ယူႏုိင္ခဲ့သလို ေလ့က်င့္ေရးမွာ ပင္နယ္တီ လံုးဝ မလြဲခဲ့ဖူးဘူးလို႔လည္း သိရတယ္။

ဘာကေလကပဲ ကလပ္အသင္းမွာ ပင္နယ္တီ တာဝန္ယူႏုိင္သူေတြ အမ်ားၾကီး ရွိေပမယ့္ သူက ကလပ္အသင္းအတြက္ တာဝန္ယူသူျဖစ္ကာ သူ႔ေနာက္မွာေတာ့ ေဂ်ာ္ဂ်င္ဟိုလို ကစားသမား ရွိေနတယ္လို႔ ထုတ္ေျပပာခဲ့တယ္။ ဘာကေလကပဲ သူ ပင္နယ္တီေတြကို ေနာက္ဆံုး လြဲေခ်ာ္ထားတာက ခ်ယ္ဆီးအသင္းကို မေရာက္ခင္ အဲဗာတန္ ကစားးသမာဘဝမွာပါလို႔ ဆိုခဲ့တာျဖစ္ပါတယ္။

UNICODE

ချယ်ဆီးကွင်းလယ်လူ ဘာကလေက ဗလန်စီယာနဲ့ပွဲမှာ အရေးပါတဲ့ ပင်နယ်တီကို လွဲချော်ခဲ့ပေမယ့် နောက်ပွဲတွေမှာလည်း ကလပ်အသင်းရဲ့ ပင်နယ်တီတွေကို သူတာဝန်ယူသွားမှာပါလို့ ပွဲအပြီး ထုတ်ဖော်ပြောဆိုပါတယ်။

” ကွင်းထဲမှာ ရှိနေရင် ကျနော်က ပင်နယ်တီ တာဝန်ယူရမယ့်သူပါ။ ဒီပွဲမှာ ကျနော် အကောင်းဆုံး အဆုံးမသတ်နိုင်ခဲ့ပေမယ့် လူတိုင်း ပင်နယ်တီ လွဲချော်ခဲ့ဖူးပါတယ်။ ကျနော် ဂိုးမဝင်ခဲ့ပေမယ့် ယုံကြည်မှုရှိနေတယ်။ နောက်ပွဲမှာ ပင်နယ်တီ တာဝန်ယူရမယ်ဆိုရင်လည်း ရယူသွားဖို့ ယုံကြည်မှု ရှိနေပါတယ်။

ပင်နယ်တီတွေကို လွဲချော်နိုင်ပါတယ်။ ဒါက ကမ္ဘာကြီး အဆုံးသတ်သွားတာ မဟုတ်ပါဘူး။ ကျနော်တို့ အုပ်စုတွင်းမှာ ပွဲငါးပွဲ ကစားဖို့ ကျန်နေသေးပြီး ခက်ခဲမှာဖြစ်ပေမယ့် ပွဲတွေကို အနိုင်ရဖို့ ရည်မှန်းထားတယ် ” လို့ ဘာကလေ ပြောဆိုလိုက်တာပါ။

ဘာကလေဟာ ချယ်ဆီးကစားသမားဘဝမှာ ပင်နယ်တီ ၅ ကြိမ် တာဝန်ယူခဲ့ပြီး အကြိမ်တိုင်းကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဘာကလေက ရာသီကြိုမှာလည်း ပင်နယ်တီတွေကို အကောင်းဆုံး တာဝန်ယူနိုင်ခဲ့သလို လေ့ကျင့်ရေးမှာ ပင်နယ်တီ လုံးဝ မလွဲခဲ့ဖူးဘူးလို့လည်း သိရတယ်။

ဘာကလေကပဲ ကလပ်အသင်းမှာ ပင်နယ်တီ တာဝန်ယူနိုင်သူတွေ အများကြီး ရှိပေမယ့် သူက ကလပ်အသင်းအတွက် တာဝန်ယူသူဖြစ်ကာ သူ့နောက်မှာတော့ ဂျော်ဂျင်ဟိုလို ကစားသမား ရှိနေတယ်လို့ ထုတ်ပြေပာခဲ့တယ်။ ဘာကလေကပဲ သူ ပင်နယ်တီတွေကို နောက်ဆုံး လွဲချော်ထားတာက ချယ်ဆီးအသင်းကို မရောက်ခင် အဲဗာတန် ကစားးသမာဘဝမှာပါလို့ ဆိုခဲ့တာဖြစ်ပါတယ်။