ဒီရာသီ ဆြမ္ဆီးကေန မန္ယူအသင္းကို ေျပာင္းလာျပီးေနာက္ပိုင္း တိုက္စစ္ပိုင္းမွာ ေျခစြမ္းျပ သြင္းဂိုးေတြ ရယူထားသလို ၾသဂုတ္လရဲ႕ မန္ယူတစ္လတာ အေကာင္းဆံုးကစားးသမားဆုရွင္ ဒန္နီရယ္ဂ်ိမ္ဟာ ဒဏ္ရာေၾကာင့္ ကလပ္အသင္းရဲ႕ ယူရိုပါလိဂ္အဖြင့္ပြဲကို လြဲေခ်ာ္သြားေတာ့မွာပဲျဖစ္ပါတယ္။

မန္ေနဂ်ာဆိုးရွားကိုယ္တိုင္ကပဲ ၾကာသပေတးေန႔ညမွာ ယွဥ္ျပိဳင္ကစားမယ့္ ယူရိုပါလိဂ္ပြဲအား ဒန္နီရယ္ဂ်ိမ္း ပါဝင္ႏုိင္မွာ မဟုတ္ေၾကာင္းကို ” ဟုတ္ပါတယ္။ လက္စတာနဲ႔ပြဲမွာ ဂ်ိမ္းဟာ ထိခိုက္ဒဏ္ရာ ရခဲ့တာေၾကာင့္ ယူရိုပါလိဂ္ပြဲမွာ သူပါဝင္ႏုိင္မွာ မဟုတ္ေတာ့ပါဘူး ” လို႔ အတည္ျပဳခဲ့တာျဖစ္ပါတယ္။

ဂ်ိမ္းအျပင္ တံေကာက္ေၾကာ ဒဏ္ရာရေနတဲ့ လုေရွာ၊ ေျခက်င္းဝတ္ ဒဏ္ရာရေနတဲ့ ေပါ့ဘာ၊ ေပါင္ဒဏ္ရာရေနတဲ့ မာရွယ္တုိ႔ကလည္း ယူရိုပါလိဂ္ပြဲကို လြဲမွာျဖစ္တယ္။ မန္ေနဂ်ာကပဲ အစြန္လူ ဒါေလာ့နဲ႔ ကြင္းလယ္လူ လင္ဂတ္တို႔ကေတာ့ ဒဏ္ရာက ျပန္သက္သာလာျပီျဖစ္ျပီး ၾကံ႕ခိုင္မႈလည္း ေကာင္းေနလို႔ ယူရိုပါလိဂ္ပြဲမွာ ပါဝင္လာာႏုိင္မယ္လို႔ ဆိုပါတယ္။

ဒန္နီရယ္ဂ်ိမ္းဟာ လက္စတာကို အႏုိင္ရတဲ့ပြဲမွာ ထိခိုက္မႈ ျဖစ္ခဲ့တာျဖစ္လို႔ အက္စတာနာနဲ႔ပြဲမွာ မပါႏုိင္ေပမယ့္ သီတင္းပတ္ အကုန္မွာ ယွဥ္ျပိဳင္ရမယ့္ အမွတ္ေပးပြဲမွာ ပါင္ႏုိင္မလား မသိရေသးပပါဘူး။ အသက္ ၂၁ ႏွစ္အရြယ္ တိုက္စစ္သမားဟာ ကလပ္အသင္းအတြက္ ၅ ပြဲ ပါဝင္ထားျပီး ကိုယ္တိုင္ ၃ ဂိုး သြင္းယူထားသူျဖစ္တယ္။

ေႏြအေျပာင္းအေရႊ႔က ေပါင္ ၁၅ သန္းနဲ႔ ေျပာင္းလာခဲ့တဲ့ ဂ်ိမ္းဟာ သူ႔ရဲ႕ ျပင္းထန္တဲ့ ကစားနုိင္စြမ္း၊ လွ်င္ျမန္မႈေတြေၾကာင့္ ကလပ္အသင္း ပရိသတ္ေတြၾကားမွာ မွတ္ခ်က္ေကာင္းေတြ ရလာတာျဖစ္ျပီး သူဟာ ယူရိုပါလိဂ္ပြဲမတိုင္ခင္ ကလပ္အသင္း ေလ့က်င့္ေရးမွာ ပါဝင္ခဲ့ျခင္း မရွိတာျဖစ္ပါတယ္။

UNICODE

ဒီရာသီ ဆွမ်ဆီးကနေ မန်ယူအသင်းကို ပြောင်းလာပြီးနောက်ပိုင်း တိုက်စစ်ပိုင်းမှာ ခြေစွမ်းပြ သွင်းဂိုးတွေ ရယူထားသလို သြဂုတ်လရဲ့ မန်ယူတစ်လတာ အကောင်းဆုံးကစားးသမားဆုရှင် ဒန်နီရယ်ဂျိမ်ဟာ ဒဏ်ရာကြောင့် ကလပ်အသင်းရဲ့ ယူရိုပါလိဂ်အဖွင့်ပွဲကို လွဲချော်သွားတော့မှာပဲဖြစ်ပါတယ်။

မန်နေဂျာဆိုးရှားကိုယ်တိုင်ကပဲ ကြာသပတေးနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် ယူရိုပါလိဂ်ပွဲအား ဒန်နီရယ်ဂျိမ်း ပါဝင်နိုင်မှာ မဟုတ်ကြောင်းကို ” ဟုတ်ပါတယ်။ လက်စတာနဲ့ပွဲမှာ ဂျိမ်းဟာ ထိခိုက်ဒဏ်ရာ ရခဲ့တာကြောင့် ယူရိုပါလိဂ်ပွဲမှာ သူပါဝင်နိုင်မှာ မဟုတ်တော့ပါဘူး ” လို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။

ဂျိမ်းအပြင် တံကောက်ကြော ဒဏ်ရာရနေတဲ့ လုရှော၊ ခြေကျင်းဝတ် ဒဏ်ရာရနေတဲ့ ပေါ့ဘာ၊ ပေါင်ဒဏ်ရာရနေတဲ့ မာရှယ်တို့ကလည်း ယူရိုပါလိဂ်ပွဲကို လွဲမှာဖြစ်တယ်။ မန်နေဂျာကပဲ အစွန်လူ ဒါလော့နဲ့ ကွင်းလယ်လူ လင်ဂတ်တို့ကတော့ ဒဏ်ရာက ပြန်သက်သာလာပြီဖြစ်ပြီး ကြံ့ခိုင်မှုလည်း ကောင်းနေလို့ ယူရိုပါလိဂ်ပွဲမှာ ပါဝင်လာာနိုင်မယ်လို့ ဆိုပါတယ်။

ဒန်နီရယ်ဂျိမ်းဟာ လက်စတာကို အနိုင်ရတဲ့ပွဲမှာ ထိခိုက်မှု ဖြစ်ခဲ့တာဖြစ်လို့ အက်စတာနာနဲ့ပွဲမှာ မပါနိုင်ပေမယ့် သီတင်းပတ် အကုန်မှာ ယှဉ်ပြိုင်ရမယ့် အမှတ်ပေးပွဲမှာ ပါင်နိုင်မလား မသိရသေးပပါဘူး။ အသက် ၂၁ နှစ်အရွယ် တိုက်စစ်သမားဟာ ကလပ်အသင်းအတွက် ၅ ပွဲ ပါဝင်ထားပြီး ကိုယ်တိုင် ၃ ဂိုး သွင်းယူထားသူဖြစ်တယ်။

နွေအပြောင်းအရွှေ့က ပေါင် ၁၅ သန်းနဲ့ ပြောင်းလာခဲ့တဲ့ ဂျိမ်းဟာ သူ့ရဲ့ ပြင်းထန်တဲ့ ကစားနိုင်စွမ်း၊ လျှင်မြန်မှုတွေကြောင့် ကလပ်အသင်း ပရိသတ်တွေကြားမှာ မှတ်ချက်ကောင်းတွေ ရလာတာဖြစ်ပြီး သူဟာ ယူရိုပါလိဂ်ပွဲမတိုင်ခင် ကလပ်အသင်း လေ့ကျင့်ရေးမှာ ပါဝင်ခဲ့ခြင်း မရှိတာဖြစ်ပါတယ်။