လီဗာပူးအသင္းရဲ႕ အားထားရတဲ့ ဗဟိုခံစစ္မွဴး ဗန္ဒိုက္ဟာ လြန္ခဲ့တဲ့ တစ္နွစ္ခြဲကမွ မာေဆးဆိုဒ္သို႔ ေရာက္ရွိလာျပီး ထိုစဥ္က ကမၻာ့ ေစ်းအၾကီးဆံုး ခံစစ္မွဴး အေနနဲ႕ ေဆာက္သမ္တန္ကေန ေပါင္ ၇၅ သန္းနဲ႕ ေျပာင္းေရႊ႕လာခဲ့တာ ျဖစ္ပါတယ္။ ဗန္ဒိုက္ဟာ ေရာက္လာတည္းက စလို႔ လံုး၀ ျပီးျပည့္စံုတဲ့ ခံစစ္မွဴးေကာင္း တစ္ေယာက္ အျဖစ္ ေတာက္ေလ်ာက္ သက္ေသျပေနခဲ့တာပါ။

ဒီလအေစာပိုင္း သတင္းအေတြမွာ ဗန္ဒိုက္ဟာ တစ္ပတ္ လုပ္ခ ေပါင္ ၂ သိန္းေလာက္ထိ ရမယ့္ စာခ်ဳပ္သစ္ လီဗာပူးအသင္းနဲ႕ သက္တမ္း တိုးေတာ့မယ္လို႔ ေတြ႔ခဲ့ရပါတယ္။ ဒါေပမယ့္ လီဗာပူး အေျခစိုက္ သတင္းေတြက တဆင့္ ထိုသက္တမ္းတိုး စာခ်ဳပ္သစ္ကိစၥ မဟုတ္ေၾကာင္း ဗန္ဒိုက္က ျငင္းပယ္လိုက္ပါတယ္။

” က်ေနာ္နဲ႕ အသင္းၾကား ဘာကိစၥမွ မရွိပါဘူး။ ဒါက က်ေနာ့္ေၾကာင့္လည္း မဟုတ္ဘူးေနာ္.. တခ်ိဳ႔သတင္းေတြမွာ က်ေနာ္ကပဲ စာခ်ဳပ္သစ္ ခ်ဳပ္ဖို႔ သေဘာတူလိုက္ျပီး ဘာညာေတြ႔ေနရလို႕ပါ။ ဒါေပမယ့္ ေလာေလာဆယ္ အဲဒီကိစၥ ေဆြးကို မေဆြးေႏြးေနပါဘူး။ ေလာေလာဆယ္ က်ေနာ္ လုပ္ခ်င္တဲ့ တစ္ခုတည္းေသာ ကိစၥက ပြဲေတြ အေပၚ အာရံုစိုက္ထားဖို႔ပါ။ အနာဂတ္မွာ ဘာေတြျဖစ္မလဲက ေစာင့္ၾကည့္ၾကပါဦးစို႔။” လို႔ ဗန္ဒိုက္က ဆိုခဲ့ပါတယ္။

ဗန္ဒိုက္ရဲ႕ ေျဖရွင္းမႈကလည္း လက္ခံေလာက္စရာပါ။ အသက္ ၂၈ နွစ္ အရြယ္ နယ္သာလန္သားဟာ လီဗာပူးနဲ႕ သက္တမ္းရွည္ စာခ်ဳပ္ ၂၀၁၈ က ခ်ဳပ္ဆိုျပီး ၂၀၂၃ မွ ထိုစာခ်ဳပ္က ကုန္ဆံုးမွာ ျဖစ္ပါတယ္။

ေျခစြမ္းေကာင္းေတြေၾကာင့္ တစ္ဦးခ်င္း ထူးခၽြန္ဆုေတြ ဆက္တိုက္ ဆြတ္ခူးေနတဲ့ ဗန္ဒိုက္ဟာ နာမည္ေက်ာ္ ဘလြန္းဒီေအာ ဆု အတြက္လည္း မက္ဆီ၊ ရိုနယ္ဒိုတို႔လို ထိပ္သီးေတြနဲ႕ အျပိဳင္ ေရပန္းစားေနပါတယ္။

Myan News

UNICODE – လီဗာပူးအသင်းရဲ့ အားထားရတဲ့ ဗဟိုခံစစ်မှူး ဗန်ဒိုက်ဟာ လွန်ခဲ့တဲ့ တစ်နှစ်ခွဲကမှ မာဆေးဆိုဒ်သို့ ရောက်ရှိလာပြီး ထိုစဉ်က ကမ္ဘာ့ ဈေးအကြီးဆုံး ခံစစ်မှူး အနေနဲ့ ဆောက်သမ်တန်ကနေ ပေါင် ၇၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ဗန်ဒိုက်ဟာ ရောက်လာတည်းက စလို့ လုံး၀ ပြီးပြည့်စုံတဲ့ ခံစစ်မှူးကောင်း တစ်ယောက် အဖြစ် တောက်လျောက် သက်သေပြနေခဲ့တာပါ။

ဒီလအစောပိုင်း သတင်းအတွေမှာ ဗန်ဒိုက်ဟာ တစ်ပတ် လုပ်ခ ပေါင် ၂ သိန်းလောက်ထိ ရမယ့် စာချုပ်သစ် လီဗာပူးအသင်းနဲ့ သက်တမ်းတိုးတော့မယ်လို့ တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် လီဗာပူး အခြေစိုက် သတင်းတွေက တဆင့် ထိုသက်တမ်းတိုး စာချုပ်သစ်ကိစ္စ မဟုတ်ကြောင်း ဗန်ဒိုက်က ငြင်းပယ်လိုက်ပါတယ်။

” ကျနော်နဲ့ အသင်းကြား ဘာကိစ္စမှ မရှိပါဘူး။ ဒါက ကျနော့်ကြောင့်လည်း မဟုတ်ဘူးနော်.. တချို့သတင်းတွေမှာ ကျနော်ကပဲ စာချုပ်သစ် ချုပ်ဖို့ သဘောတူလိုက်ပြီး ဘာညာတွေ့နေရလို့ပါ။ ဒါပေမယ့် လောလောဆယ် အဲဒီကိစ္စ ဆွေးကို မဆွေးနွေးနေပါဘူး။ လောလောဆယ် ကျနော် လုပ်ချင်တဲ့ တစ်ခုတည်းသော ကိစ္စက ပွဲတွေ အပေါ် အာရုံစိုက်ထားဖို့ပါ။ အနာဂတ်မှာ ဘာတွေဖြစ်မလဲက စောင့်ကြည့်ကြပါဦးစို့။” လို့ ဗန်ဒိုက်က ဆိုခဲ့ပါတယ်။

ဗန်ဒိုက်ရဲ့ ဖြေရှင်းမှုကလည်း လက်ခံလောက်စရာပါ။ အသက် ၂၈ နှစ် အရွယ် နယ်သာလန်သားဟာ လီဗာပူးနဲ့ သက်တမ်းရှည် စာချုပ် ၂၀၁၈ က ချုပ်ဆိုပြီး ၂၀၂၃ မှ ထိုစာချုပ်က ကုန်ဆုံးမှာ ဖြစ်ပါတယ်။

ခြေစွမ်းကောင်းတွေကြောင့် တစ်ဦးချင်း ထူးချွန်ဆုတွေ ဆက်တိုက် ဆွတ်ခူးနေတဲ့ ဗန်ဒိုက်ဟာ နာမည်ကျော် ဘလွန်းဒီအော ဆု အတွက်လည်း မက်ဆီ၊ ရိုနယ်ဒိုတို့လို ထိပ်သီးတွေနဲ့ အပြိုင် ရေပန်းစားနေပါတယ်။

Myan News