အာဆင္နယ္အသင္း ဝဘ္ဆိုဒ္ကေနျပီး ယူရိုပါလိဂ္ပြဲအျဖစ္ ယွဥ္ျပိဳင္ကစားရမယ့္ ဖရန္႔ဖတ္နဲ႔ ပြဲမတိုင္ခင္မွာ ကလပ္အသင္း ကစားသမား သံုးဦး ပထမအသင္း လူစာရင္းထံ ျပန္လာျပီး ေလ့က်င့္ေရးလည္း ဆင္းႏုိင္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ပါတယ္။

အာဆင္နယ္အသင္း အတည္ျပဳတဲ့ အသင္းသား သံုးဦးလံုးဟာ ခံစစ္သမားေတြျဖစ္ျပီး ဘယ္၊ ညာ အစြန္လူေတြျဖစ္တဲ့ တီရာေနး ဘယ္လာရင္နဲ႔ ခံစစ္မွဴး မာဘရာပါႏိုစ့္တို႔ပဲ ျဖစ္ပါတယ္။ သူတို႔ သံုးဦးဟာ ျပီးခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲ မတိုင္ခင္တည္းက ဒဏ္ရာက ျပန္သက္သာလာတာျဖစ္ျပီး မနက္ျဖန္မွာ ယွဥ္ျပိဳင္ကစားမယ့့္ ယူရိုပါလိဂ္ပြဲမွာပါ ပါဝင္ဖို႔ အဆင္သင့္ျဖစ္ေနပါျပီ။

အာဆင္နယ္ဟာ ခံစစ္မွာ ျပသနာၾကီးေတြ ရင္ဆိုင္ေနရျပီး ေဒးဗစ္လူးဝစ္နဲ႔ ဆိုကေရးတက္စ္တို႔ အတြဲဟာ ခံစစ္ကုိ အေကာင္းဆံုး မကစားႏုိင္ပါဘူး။ ဒဏ္ရာက ျပန္သက္သာလာတ့ဲ ကစားသမား သံုးဦးဟာ အာဆင္နယ္ရဲ႕ အစြန္ေတြကို တုိက္ရိုက္ သက္ေရာက္မွာျဖစ္သလို ဂရိခံစစ္မွဴး မာဘရာပါႏိုစ့္ကလည္း ဗဟိုခံစစ္အင္အား ေတာင့္တင္းဖို႔အတြက္ အကူအညီျဖစ္ေစမွာပါ။

အာဆင္နယ္ဟာ မႏွစ္တုန္းက ယူရိုပါလိဂ္မွာ အလွည့္က် လူထုတ္တဲ့ စနစ္ကို က်င္းသံုးခဲ့လို႔ ဒီရာသီမွာလည္း တူညီတဲ့ စနစ္အရ ပရီးမီးယားလိဂ္မွာ ေနရာမရတဲ့ ကစားသမားေတြနဲ႔ လူငယ္ေတြကို ယူရိုပါလိဂ္မွာ ေနရာေပးမွာျဖစ္တယ္။ အဓိက အားျဖင့္ ဒဏ္ရာက ျပန္သက္သာလာတဲ့ ကစားသမားေတြက ဒီပြဲေတြမွာ အခြင့္အေရး စရဖြယ္ရွိေနပါတယ္။

အာဆင္နယ္တိုက္စစ္မွဴး လာကာဇက္တီကေတာ့ ျပန္လည္ထူးေထာင္ေရး လုပ္ငန္းစဥ္ေတြကို အေကာင္းဆံုး လုပ္ေဆာင္ေနျပီး ေအာက္တိုဘာလေလာက္မွ ျပန္လာႏုိင္မွာပါ။ ခံစစ္မွဴး ဟိုးဒင္းနဲ႔ ပက္သက္လုိ႔ေတာ့ ကလပ္အသင္းဘက္က သတင္းထုတ္ျပန္ေပးျခင္း မရွိေသးပါဘူး။

UNICODE

အာဆင်နယ်အသင်း ဝဘ်ဆိုဒ်ကနေပြီး ယူရိုပါလိဂ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားရမယ့် ဖရန့်ဖတ်နဲ့ ပွဲမတိုင်ခင်မှာ ကလပ်အသင်း ကစားသမား သုံးဦး ပထမအသင်း လူစာရင်းထံ ပြန်လာပြီး လေ့ကျင့်ရေးလည်း ဆင်းနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။

အာဆင်နယ်အသင်း အတည်ပြုတဲ့ အသင်းသား သုံးဦးလုံးဟာ ခံစစ်သမားတွေဖြစ်ပြီး ဘယ်၊ ညာ အစွန်လူတွေဖြစ်တဲ့ တီရာနေး ဘယ်လာရင်နဲ့ ခံစစ်မှူး မာဘရာပါနိုစ့်တို့ပဲ ဖြစ်ပါတယ်။ သူတို့ သုံးဦးဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ မတိုင်ခင်တည်းက ဒဏ်ရာက ပြန်သက်သာလာတာဖြစ်ပြီး မနက်ဖြန်မှာ ယှဉ်ပြိုင်ကစားမယ့် ယူရိုပါလိဂ်ပွဲမှာပါ ပါဝင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။

အာဆင်နယ်ဟာ ခံစစ်မှာ ပြသနာကြီးတွေ ရင်ဆိုင်နေရပြီး ဒေးဗစ်လူးဝစ်နဲ့ ဆိုကရေးတက်စ်တို့ အတွဲဟာ ခံစစ်ကို အကောင်းဆုံး မကစားနိုင်ပါဘူး။ ဒဏ်ရာက ပြန်သက်သာလာတဲ့ ကစားသမား သုံးဦးဟာ အာဆင်နယ်ရဲ့ အစွန်တွေကို တိုက်ရိုက် သက်ရောက်မှာဖြစ်သလို ဂရိခံစစ်မှူး မာဘရာပါနိုစ့်ကလည်း ဗဟိုခံစစ်အင်အား တောင့်တင်းဖို့အတွက် အကူအညီဖြစ်စေမှာပါ။

အာဆင်နယ်ဟာ မနှစ်တုန်းက ယူရိုပါလိဂ်မှာ အလှည့်ကျ လူထုတ်တဲ့ စနစ်ကို ကျင်းသုံးခဲ့လို့ ဒီရာသီမှာလည်း တူညီတဲ့ စနစ်အရ ပရီးမီးယားလိဂ်မှာ နေရာမရတဲ့ ကစားသမားတွေနဲ့ လူငယ်တွေကို ယူရိုပါလိဂ်မှာ နေရာပေးမှာဖြစ်တယ်။ အဓိက အားဖြင့် ဒဏ်ရာက ပြန်သက်သာလာတဲ့ ကစားသမားတွေက ဒီပွဲတွေမှာ အခွင့်အရေး စရဖွယ်ရှိနေပါတယ်။

အာဆင်နယ်တိုက်စစ်မှူး လာကာဇက်တီကတော့ ပြန်လည်ထူးထောင်ရေး လုပ်ငန်းစဉ်တွေကို အကောင်းဆုံး လုပ်ဆောင်နေပြီး အောက်တိုဘာလလောက်မှ ပြန်လာနိုင်မှာပါ။ ခံစစ်မှူး ဟိုးဒင်းနဲ့ ပက်သက်လို့တော့ ကလပ်အသင်းဘက်က သတင်းထုတ်ပြန်ပေးခြင်း မရှိသေးပါဘူး။