ဘီဘီစီမွ သံုးသပ္သူ ေလာ္ရိုးက လီဗာပူး ဘယ္စြန္ခံစစ္သမား အန္ဒီေရာ္ဘတ္ဆန္ရဲ႕ ပင္နယ္တီ ေပးလိုက္ရတဲ့ အမွားကို ေ၀ဖန္မႈ ျပဳလုပ္သြားျပီး ခ်ယ္ဆီးနဲ႕ပြဲမွာ စိန္ေခၚမႈၾကီး ရင္ဆိုင္ရလိမ့္မယ္လို႔ သတိေပးသြားပါတယ္။

လီဗာပူး ဗဟိုခံစစ္မွဴး ဗန္ဒိုက္က ဒီတေလာမွာ သတင္းထြက္ေနသလို ကလပ္အသင္းနဲ႕ သက္တမ္းတိုးဖို႔ ေဆြးေႏြးေနျခင္းမ်ား မရွိေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလုိက္ပါတယ္။ လြန္ခဲ့တဲ့ တစ္နွစ္ခြဲကမွ လီဗာပူးအသင္းထံေရာက္လာတဲ့ ဗန္ဒိုက္ဟာ ၂၀၂၃ မွ လက္ရွိစာခ်ဳပ္ ကုန္ဆံုးမွာ ျဖစ္ပါတယ္။

နာပိုလီကို ရွံဳးနိမ့္ခဲ့တာ အတြက္ လီဗာပူးအသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္က စိတ္ပ်က္ေနျပီး အသင္းဟာ ဒိထက္ ပိုေကာင္းမြန္ေအာင္ စြမ္းေဆာင္နုိင္ေသးတယ္လို႔ ယံုၾကည္ေနပါတယ္။ ဒါေပမယ့္ ရလဒ္အေပၚ တာ၀န္ယူျပီး မွန္ကန္တဲ့ ပံုစံနဲ႕ တုန္႔ျပန္သြားမယ္လို႔ ဟန္ဒါဆန္က ေျပာၾကားခဲ့ပါတယ္။

၂၀၂၃ ခုႏွစ္ရဲ႕ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို လန္ဒန္က ၀င္ဘာေလကြင္းၾကီးထဲမွာ က်င္းပသြားမွာ ျဖစ္ေၾကာင္း ဥေရာပ ေဘာလံုးအဖြဲ႔ခ်ဳပ္က တရား၀င္ ေၾကျငာလိုက္ျပီ ျဖစ္ပါတယ္။ အဂၤလန္အသင္းေတြအတြက္ေတာ့ ဗိုလ္လုပြဲထိ ေရာက္ေအာင္ သြားႏုိင္မယ္ဆိုရင္ ပရိသတ္ ပိုရႏုိင္မယ့္ အေနအထားျဖစ္ပါတယ္။

နာပိုလီနဲ႔ပြဲမွာ ကြင္းလယ္ကေန အထူးေျခစြမ္းျပခဲ့တဲ့ ဖာဘင္ညိဳဟာ မာေရွးယာႏိုထက္ ပိုေကာင္းတဲ့ ကြင္းလယ္ခံစစ္သမားဆိုတဲ့ ခ်ီးက်ဴးမႈေတြ ရရွိေနပါတယ္။ ဖာာဘင္ညိဳဟာ ရာသီစကတည္းက ေျခစြမ္းတည္ျငိမ္တဲ့ ကစားသမားျဖစ္ျပီး ျပိဳင္ဘက္ တုိက္စစ္ေတြကို အေကာင္းဆံုး ျဖတ္ေတာက္ေပးေနတာပါ။

လီဗာပူးအသင္းဟာ လူငယ္ၾကယ္ပြင့္ အီးလီးယာ့ကို အေထာင္တိုက္စစ္သမားေနရာမွာ ကစားေစျပီး လူငယ္ခ်န္ပီယံလိဂ္ပြဲမွာ ပြဲထုတ္ခဲ့ပါတယ္။ တိုက္စစ္သမားေလးဟာ သူပံုမွန္ကစားရမယ့္ ေနရာကို လူငယ္အသင္းမွာ ရွာေဖြေနတာျဖစ္ျပီး တိုက္စစ္အားသန္ ကစားသမားအျဖစ္ ပ်ိဳးေထာင္ခံရဖြယ္ ရွိေနပါတယ္။

လီဗာပူးကင္းေထာက္ေတြဟာ ဘင္ဖီကာနဲ႔ လိုက္ဇစ္ပြဲကို တက္ေရာက္ျပီး ကစားသမား ေျခစြမ္းေစာင့္ၾကည့္မႈေတြ လုပ္ခဲ့ပါတယ္။ လိုက္ဇစ္အသင္း တိုက္စစ္မွဴး တီမိုဝါနာကို ေစာင့္ၾကည့္ျခင္းဆိုေပမယ့္ ဘင္ဖီကာအသင္းမွ ၾကယ္ပြင့္ေတြကိုပါ ေစာင့့္ၾကည့္ခဲ့တာလည္း ျဖစ္ႏုိင္ပါတယ္။

ဘာစီလိုနာစတား ဇာဗီက မက္ဆီ၊ ေရာ္နယ္ဒို ေခတ္လြန္ ကမၻာအေကာင္းဆံုး ကစားသမား ျပိဳင္ဆိုင္မႈေနရာအတြက္ စတာလင္နဲ႔ ဆာလက္တို႔က ျပိဳင္ဆိုင္လာႏုိင္တယ္လို႔ ေဟာကိန္းထုတ္လုိက္ပါတယ္။ လိဂ္တစ္ခုတည္းမွာ အျပိဳင္ျဖစ္ေနတဲ့ တိုက္စစ္သမား ႏွစ္ဦးရ၇ဲ အခန္းက႑ာကို ျမင့္တင္ေပးခဲ့့တာလည္း ျဖစ္ႏုိင္ပါတယ္။

UNICODE

ဘီဘီစီမှ သုံးသပ်သူ လော်ရိုးက လီဗာပူး ဘယ်စွန်ခံစစ်သမား အန်ဒီရော်ဘတ်ဆန်ရဲ့ ပင်နယ်တီ ပေးလိုက်ရတဲ့ အမှားကို ဝေဖန်မှု ပြုလုပ်သွားပြီး ချယ်ဆီးနဲ့ပွဲမှာ စိန်ခေါ်မှုကြီး ရင်ဆိုင်ရလိမ့်မယ်လို့ သတိပေးသွားပါတယ်။

လီဗာပူး ဗဟိုခံစစ်မှူး ဗန်ဒိုက်က ဒီတလောမှာ သတင်းထွက်နေသလို ကလပ်အသင်းနဲ့ သက်တမ်းတိုးဖို့ ဆွေးနွေးနေခြင်းများ မရှိကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲကမှ လီဗာပူးအသင်းထံရောက်လာတဲ့ ဗန်ဒိုက်ဟာ ၂၀၂၃ မှ လက်ရှိစာချုပ် ကုန်ဆုံးမှာ ဖြစ်ပါတယ်။

နာပိုလီကို ရှုံးနိမ့်ခဲ့တာ အတွက် လီဗာပူးအသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်က စိတ်ပျက်နေပြီး အသင်းဟာ ဒိထက် ပိုကောင်းမွန်အောင် စွမ်းဆောင်နိုင်သေးတယ်လို့ ယုံကြည်နေပါတယ်။ ဒါပေမယ့် ရလဒ်အပေါ် တာဝန်ယူပြီး မှန်ကန်တဲ့ ပုံစံနဲ့ တုန့်ပြန်သွားမယ်လို့ ဟန်ဒါဆန်က ပြောကြားခဲ့ပါတယ်။

၂၀၂၃ ခုနှစ်ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို လန်ဒန်က ဝင်ဘာလေကွင်းကြီးထဲမှာ ကျင်းပသွားမှာ ဖြစ်ကြောင်း ဥရောပ ဘောလုံးအဖွဲ့ချုပ်က တရားဝင် ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းတွေအတွက်တော့ ဗိုလ်လုပွဲထိ ရောက်အောင် သွားနိုင်မယ်ဆိုရင် ပရိသတ် ပိုရနိုင်မယ့် အနေအထားဖြစ်ပါတယ်။

နာပိုလီနဲ့ပွဲမှာ ကွင်းလယ်ကနေ အထူးခြေစွမ်းပြခဲ့တဲ့ ဖာဘင်ညိုဟာ မာရှေးယာနိုထက် ပိုကောင်းတဲ့ ကွင်းလယ်ခံစစ်သမားဆိုတဲ့ ချီးကျူးမှုတွေ ရရှိနေပါတယ်။ ဖာာဘင်ညိုဟာ ရာသီစကတည်းက ခြေစွမ်းတည်ငြိမ်တဲ့ ကစားသမားဖြစ်ပြီး ပြိုင်ဘက် တိုက်စစ်တွေကို အကောင်းဆုံး ဖြတ်တောက်ပေးနေတာပါ။

လီဗာပူးအသင်းဟာ လူငယ်ကြယ်ပွင့် အီးလီးယာ့ကို အထောင်တိုက်စစ်သမားနေရာမှာ ကစားစေပြီး လူငယ်ချန်ပီယံလိဂ်ပွဲမှာ ပွဲထုတ်ခဲ့ပါတယ်။ တိုက်စစ်သမားလေးဟာ သူပုံမှန်ကစားရမယ့် နေရာကို လူငယ်အသင်းမှာ ရှာဖွေနေတာဖြစ်ပြီး တိုက်စစ်အားသန် ကစားသမားအဖြစ် ပျိုးထောင်ခံရဖွယ် ရှိနေပါတယ်။

လီဗာပူးကင်းထောက်တွေဟာ ဘင်ဖီကာနဲ့ လိုက်ဇစ်ပွဲကို တက်ရောက်ပြီး ကစားသမား ခြေစွမ်းစောင့်ကြည့်မှုတွေ လုပ်ခဲ့ပါတယ်။ လိုက်ဇစ်အသင်း တိုက်စစ်မှူး တီမိုဝါနာကို စောင့်ကြည့်ခြင်းဆိုပေမယ့် ဘင်ဖီကာအသင်းမှ ကြယ်ပွင့်တွေကိုပါ စောင့်ကြည့်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

ဘာစီလိုနာစတား ဇာဗီက မက်ဆီ၊ ရော်နယ်ဒို ခေတ်လွန် ကမ္ဘာအကောင်းဆုံး ကစားသမား ပြိုင်ဆိုင်မှုနေရာအတွက် စတာလင်နဲ့ ဆာလက်တို့က ပြိုင်ဆိုင်လာနိုင်တယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။ လိဂ်တစ်ခုတည်းမှာ အပြိုင်ဖြစ်နေတဲ့ တိုက်စစ်သမား နှစ်ဦးရရဲ အခန်းကဏ္ဍာကို မြင့်တင်ပေးခဲ့တာလည်း ဖြစ်နိုင်ပါတယ်။