စပိန္နဲ႔ ဘာစီလိုနာ အေက်ာ္အေမာ္ေဟာင္းၾကီး ဇာဗီက သူျမင္ေတြ႔ဖူးသမွ် အေကာင္းဆံုး ကစားသမားဟာ မက္ဆီျဖစ္ေပမယ့္ အာဂ်င္တီးနား တိုက္စစ္မွဴးနဲ႔ ေခတ္ျပိဳင္တိုက္စစ္သမား ေရာ္နယ္ဒိုတို႔ရဲ႕ အေကာင္းဆံုး ေန႔ရက္ေတြဟာ မၾကာခင္မွာ အဆံုးသတ္သြားေတာ့မယ္လို႔ ဆိုပါတယ္။

အသက္အရြယ္ ရလာၾကျပီျဖစ္တဲ့ တိုက္စစ္သမားေတြရဲ႕ ေနရာမွာေတာ့ လူငယ္ကစားသမာေတြ ဝင္ေရာက္လာမွာျဖစ္ျပီး မက္ဆီေနရာကို ဆက္ခံႏုိင္မယ့္ လူငယ္ကစားသမားေတြထဲမွာ ေနမာ၊ အမ္ဘတ္ပီ၊ ဆာလက္တို႔ ပါဝင္ေပမယ့္ စတာလင္က အျဖစ္ႏုိင္ဆံုးပဲလို႔ ပြင့္ပြင့္လင္းလင္း ထုတ္ေျပာခဲ့ပါတယ္။

ဇာဗီကေတာ့ ” မက္ဆီဟာ က်ေနာ္ျမင္ဖူးသမွ်ထဲ အေကာင္းဆံုး ကစားသမားျဖစ္ပါတယ္။ သူနဲ႔ ေရာ္နယ္ဒိုတို႔က အျမင့္ဆံုးအဆင့္မွာ ကစားေနၾကဆဲျဖစ္ေပမယ့္ သူတို႔ေနရာကို အျခားသူတစ္ဦးက ဝင္ယူလာမယ့္ ေန႔ရက္ေတြက သိပ္ေဝးေတာ့မွာ မဟုတ္ပါဘူး။

အနာဂတ္မွာ အေကာင္းဆံုး ကစားသမား ျဖစ္လာမယ့္ လူငယ္ေတြကို ျမင္ေနရျပီး ေနမာ၊ အမ္ဘက္ပီ၊ ဆာလာနဲ႔ ေနာက္ျပီး စတာလင္းတို႔ပဲ ျဖစ္ပါတယ္။ ထိပ္တန္းျဖစ္လာႏုိင္တ့ စာရင္းမွာေတာ့ စတာလင္းကဦးေဆာင္ေနတာေပါ့ဗ်ာ။ သူဟာ အျမဲတမ္း ကစားသမားေကာင္းတစ္ဦးျဖစ္သလို အႏၱရာယ္မ်ားတဲ့ တိုက္စစ္သမားလည္း ျဖစ္ပါတယ္။

ပပ္ ဘယ္လိုအလုပ္လုပ္လဲဆိုတာ က်ေနာ္သိတယ္။ သူက မန္စီးတီးကို ေရာက္ကတည္းက စတာလင္ကို အေကာင္းဆံုး သင္ျပေပးႏုိင္ခဲ့တာပါ။ အဲ့သည္ရဲ႕ ရလဒ္ကိုလည္း ျမင္ေတြ႔ေနရျပီျဖစ္တယ္။ စတာလင္က ငယ္ရြယ္တဲ့ ကစားသမားျဖစ္ေနေသးေပမယ့္ ကမၻာအေကာင္းဆံုး ျဖစ္လာပါလိမ့္မယ္ ” လို့ သံုးသပ္သြားတာျဖစ္ပါတယ္။

UNICODE

စပိန်နဲ့ ဘာစီလိုနာ အကျော်အမော်ဟောင်းကြီး ဇာဗီက သူမြင်တွေ့ဖူးသမျှ အကောင်းဆုံး ကစားသမားဟာ မက်ဆီဖြစ်ပေမယ့် အာဂျင်တီးနား တိုက်စစ်မှူးနဲ့ ခေတ်ပြိုင်တိုက်စစ်သမား ရော်နယ်ဒိုတို့ရဲ့ အကောင်းဆုံး နေ့ရက်တွေဟာ မကြာခင်မှာ အဆုံးသတ်သွားတော့မယ်လို့ ဆိုပါတယ်။

အသက်အရွယ် ရလာကြပြီဖြစ်တဲ့ တိုက်စစ်သမားတွေရဲ့ နေရာမှာတော့ လူငယ်ကစားသမာတွေ ဝင်ရောက်လာမှာဖြစ်ပြီး မက်ဆီနေရာကို ဆက်ခံနိုင်မယ့် လူငယ်ကစားသမားတွေထဲမှာ နေမာ၊ အမ်ဘတ်ပီ၊ ဆာလက်တို့ ပါဝင်ပေမယ့် စတာလင်က အဖြစ်နိုင်ဆုံးပဲလို့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့ပါတယ်။

ဇာဗီကတော့ ” မက်ဆီဟာ ကျနော်မြင်ဖူးသမျှထဲ အကောင်းဆုံး ကစားသမားဖြစ်ပါတယ်။ သူနဲ့ ရော်နယ်ဒိုတို့က အမြင့်ဆုံးအဆင့်မှာ ကစားနေကြဆဲဖြစ်ပေမယ့် သူတို့နေရာကို အခြားသူတစ်ဦးက ဝင်ယူလာမယ့် နေ့ရက်တွေက သိပ်ဝေးတော့မှာ မဟုတ်ပါဘူး။

အနာဂတ်မှာ အကောင်းဆုံး ကစားသမား ဖြစ်လာမယ့် လူငယ်တွေကို မြင်နေရပြီး နေမာ၊ အမ်ဘက်ပီ၊ ဆာလာနဲ့ နောက်ပြီး စတာလင်းတို့ပဲ ဖြစ်ပါတယ်။ ထိပ်တန်းဖြစ်လာနိုင်တ့ စာရင်းမှာတော့ စတာလင်းကဦးဆောင်နေတာပေါ့ဗျာ။ သူဟာ အမြဲတမ်း ကစားသမားကောင်းတစ်ဦးဖြစ်သလို အန္တရာယ်များတဲ့ တိုက်စစ်သမားလည်း ဖြစ်ပါတယ်။

ပပ် ဘယ်လိုအလုပ်လုပ်လဲဆိုတာ ကျနော်သိတယ်။ သူက မန်စီးတီးကို ရောက်ကတည်းက စတာလင်ကို အကောင်းဆုံး သင်ပြပေးနိုင်ခဲ့တာပါ။ အဲ့သည်ရဲ့ ရလဒ်ကိုလည်း မြင်တွေ့နေရပြီဖြစ်တယ်။ စတာလင်က ငယ်ရွယ်တဲ့ ကစားသမားဖြစ်နေသေးပေမယ့် ကမ္ဘာအကောင်းဆုံး ဖြစ်လာပါလိမ့်မယ် ” လို့ သုံးသပ်သွားတာဖြစ်ပါတယ်။