ခ်ယ္ဆီးအသင္း ဗလန္စီယာကို အေရးနိမ့္မႈမွာ ၾကီးမားတဲ့ ထိခိုက္မႈကေတာ့ ပြဲကို အေကာင္းဆံုး ကစားေနခ်ိန္မွာ ေမဆန္ေမာင့္ကို လက္လြတ္ရမႈျဖစ္ျပီး ဒီအက်ိဳးဆက္ဟာ လာမယ့္ ပြဲစဥ္ေတြကိုပါ ထိခိုက္လာႏုိင္တာေၾကာင့္ ခ်ယ္ဆီးပရိသတ္ေတြက ဗလန္စီယာကစားသမားကို ေဒါသထြက္ေနၾကပါတယ္။

နည္းစနစ္ပိုင္းဆုိင္ရာ ထူးခၽြန္တဲ့ ေမာင့္ဟာ မန္ေနဂ်ာလမ္းပတ္နဲ႔ ေဆာက္ဂိတ္တို႔ လက္ေအာက္မွာ ေတာက္ပလာေနသူျဖစ္ျပီး ပြဲအစမွာတင္ ေမာင့္ကို ဂန္းနားေဟာင္းျဖစ္တဲ့ ဗလန္စီယာကစားသမား ကိုကီြလင္က ၾကမ္းတမ္းတဲ့ ဖ်က္ထုတ္မႈ လုပ္ခဲ့တာျဖစ္တယ္။ ဒီျဖတ္ထုတ္မႈဟာ အနီကဒ္ျပသင့္ေအာင္ ၾကမ္းတမ္းတယ္ဆိုတဲ့ စြဲခ်က္နဲ႔ ေဘာလံုးကို အရင္ထိမိတယ္ဆိုတဲ့ ျငင္းခံုမႈကို ျဖစ္ေစခဲ့ပါေသးတယ္။

ေဘာလံုးကို ေလ်ာထိုးျပီး ေပးခဲ့တဲ့ ကိုကီြလင္ရဲ႕ ေျခေထာက္ဟာ ျမက္ခင္ျပင္ကေန ေျမာက္တက္ခဲ့ျပီး သူ႔ရဲ႕ဘယ္ေျခဟာ ေမာင့္ရဲ႕ ညာဘက္ေျခက်င္းဝတ္ကို ၾကမ္းတမ္းစြာ ထိခိုက္ခဲ့တာပါ။ ေမာင့္ဟာ အဆိုပါထိခိုက္မႈေၾကာင့္ပဲ ေဘာလံုးဆက္မကစားႏုိင္ပဲ အသင္းေဖာ္ ပက္ဒရိုနဲ႔ လူစားလဲခဲ့ရတာျဖစ္တယ္။ အဂၤလန္သားေလးရဲ႕ ဒဏ္ရာအေျခအေနကို မသိရေပမယ့္ လီဗာပူးနဲ႔ပြဲကို ေသခ်ာေပါက္ လြဲေခ်ာ္ႏုိင္ဖုိ႔ မ်ားေနပါတယ္။

ေမာင့္ရဲ႕ ဒဏ္ရာအေပၚ လမ္းပတ္က ေျပာရာမွာ “ သူ ေျခက်င္းဝတ္ ဒဏ္ရာရသြားတာပါ။ အေျခအေန ဆိုးသလားဆိုတာ က်ေနာ္တုိ႔ မသိရေသးပါဘူး။ ဒဏ္ရာကို စစ္ေဆးမႈေတြ လုပ္ရမွာျဖစ္ျပီး ေနာက္ထပ္ ၂၄ နာရီ ၄၈ နာရီၾကာတဲ့အခါမွ ဒဏ္ာအေျခအေနကို သိရမွာျဖစ္ပါတယ္။

ဘာျဖစ္ႏုိင္သလဲဆိုတာကို ေျပာဖို႔ကေတာ့ အရမ္းကို ေစာေနပါတယ္။ ေမာင့္ ဒဏ္ရာရသြားတာက အရမ္း စိတ္ပ်က္ဖို႔ေကာင္းပါတယ္။ သူက အေကာင္းဆံုး ကစားေနျပီး ပြဲကိုလည္း အေကာင္းဆံုး စတင္ေနတာပါ။ က်ေနာ္တို႔ အေျပာင္းအလဲေတြ ခပ္ျမန္ျမန္ပဲ လုပ္ခဲ့ရပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ခ်ယ္ဆီးပရိသတ္ေတြကေတာ့ အေႏွးျပကြက္ေတြမွာ ေျခေထာက္က်ိဳးႏုိင္တဲ့ထိ ဖ်က္ထုတ္မႈ ၾကမ္းတမ္းခဲ့တဲ့ ကိုကီြလင္ရဲ႕ အျပဳအမႈကို အေတာ္ေလး ေဒါသထြက္ခဲ့ၾကျပီး သူ႔ကို အဝါကဒ္ပဲ ျပသခဲ့တဲ့အေပၚ အေတာ္ေလး ေဒါသထြက္ေနခဲ့ၾကတာပဲျဖစ္ပါတယ္။

UNICODE

ချယ်ဆီးအသင်း ဗလန်စီယာကို အရေးနိမ့်မှုမှာ ကြီးမားတဲ့ ထိခိုက်မှုကတော့ ပွဲကို အကောင်းဆုံး ကစားနေချိန်မှာ မေဆန်မောင့်ကို လက်လွတ်ရမှုဖြစ်ပြီး ဒီအကျိုးဆက်ဟာ လာမယ့် ပွဲစဉ်တွေကိုပါ ထိခိုက်လာနိုင်တာကြောင့် ချယ်ဆီးပရိသတ်တွေက ဗလန်စီယာကစားသမားကို ဒေါသထွက်နေကြပါတယ်။

နည်းစနစ်ပိုင်းဆိုင်ရာ ထူးချွန်တဲ့ မောင့်ဟာ မန်နေဂျာလမ်းပတ်နဲ့ ဆောက်ဂိတ်တို့ လက်အောက်မှာ တောက်ပလာနေသူဖြစ်ပြီး ပွဲအစမှာတင် မောင့်ကို ဂန်းနားဟောင်းဖြစ်တဲ့ ဗလန်စီယာကစားသမား ကိုကွီလင်က ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှု လုပ်ခဲ့တာဖြစ်တယ်။ ဒီဖြတ်ထုတ်မှုဟာ အနီကဒ်ပြသင့်အောင် ကြမ်းတမ်းတယ်ဆိုတဲ့ စွဲချက်နဲ့ ဘောလုံးကို အရင်ထိမိတယ်ဆိုတဲ့ ငြင်းခုံမှုကို ဖြစ်စေခဲ့ပါသေးတယ်။

ဘောလုံးကို လျောထိုးပြီး ပေးခဲ့တဲ့ ကိုကွီလင်ရဲ့ ခြေထောက်ဟာ မြက်ခင်ပြင်ကနေ မြောက်တက်ခဲ့ပြီး သူ့ရဲ့ဘယ်ခြေဟာ မောင့်ရဲ့ ညာဘက်ခြေကျင်းဝတ်ကို ကြမ်းတမ်းစွာ ထိခိုက်ခဲ့တာပါ။ မောင့်ဟာ အဆိုပါထိခိုက်မှုကြောင့်ပဲ ဘောလုံးဆက်မကစားနိုင်ပဲ အသင်းဖော် ပက်ဒရိုနဲ့ လူစားလဲခဲ့ရတာဖြစ်တယ်။ အင်္ဂလန်သားလေးရဲ့ ဒဏ်ရာအခြေအနေကို မသိရပေမယ့် လီဗာပူးနဲ့ပွဲကို သေချာပေါက် လွဲချော်နိုင်ဖို့ များနေပါတယ်။

မောင့်ရဲ့ ဒဏ်ရာအပေါ် လမ်းပတ်က ပြောရာမှာ “ သူ ခြေကျင်းဝတ် ဒဏ်ရာရသွားတာပါ။ အခြေအနေ ဆိုးသလားဆိုတာ ကျနော်တို့ မသိရသေးပါဘူး။ ဒဏ်ရာကို စစ်ဆေးမှုတွေ လုပ်ရမှာဖြစ်ပြီး နောက်ထပ် ၂၄ နာရီ ၄၈ နာရီကြာတဲ့အခါမှ ဒဏ်ာအခြေအနေကို သိရမှာဖြစ်ပါတယ်။

ဘာဖြစ်နိုင်သလဲဆိုတာကို ပြောဖို့ကတော့ အရမ်းကို စောနေပါတယ်။ မောင့် ဒဏ်ရာရသွားတာက အရမ်း စိတ်ပျက်ဖို့ကောင်းပါတယ်။ သူက အကောင်းဆုံး ကစားနေပြီး ပွဲကိုလည်း အကောင်းဆုံး စတင်နေတာပါ။ ကျနော်တို့ အပြောင်းအလဲတွေ ခပ်မြန်မြန်ပဲ လုပ်ခဲ့ရပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ချယ်ဆီးပရိသတ်တွေကတော့ အနှေးပြကွက်တွေမှာ ခြေထောက်ကျိုးနိုင်တဲ့ထိ ဖျက်ထုတ်မှု ကြမ်းတမ်းခဲ့တဲ့ ကိုကွီလင်ရဲ့ အပြုအမှုကို အတော်လေး ဒေါသထွက်ခဲ့ကြပြီး သူ့ကို အဝါကဒ်ပဲ ပြသခဲ့တဲ့အပေါ် အတော်လေး ဒေါသထွက်နေခဲ့ကြတာပဲဖြစ်ပါတယ်။