အာဆင္နယ္ရဲ႕ တိုးတက္လာမလိုနဲ႔ ျပန္ဆုတ္ယုတ္ေနတဲ့ အေနအထားေတြေၾကာင့္ ဂန္းနားေဟာင္းၾကီးေတြနဲ႔ အသင္းပရိသတ္ေတြၾကားမွာ ေဝဖန္မႈေတြ ျမင့္တက္ေနျပီး ကလပ္အသင္းဟာ အမွန္တရားကို လက္ခံဖို႔ အခ်ိန္က်ပါျပီလို႔ ဂန္းနားေဟာင္းၾကီး ေရးေပၚလာက ဆိုပါတယ္။

ဂန္းနားေဟာင္းၾကီး ေရးေပၚလာက “ အာဆင္နယ္ဟာ လီဗာပူး၊ မန္စီးတီးတို႔ေနာက္မွာ အမ်ားၾကီး ျပတ္က်န္ေနခဲ့ပါျပီ။ အသင္းရဲ႕ ပြဲထြက္ကစားသမား ၁၁ ဦးထဲက ဘယ္ႏွစ္ေယာက္ေလာက္က လီဗာပူး၊ မန္စီးတီးတို႔မွာ ပြဲထြက္လူစာရင္းက ပါဝင္ခြင့္ရမလဲ။ က်ေနာ္တုိ႔ အမွန္အတိုင္း ေျဖဖို႔လိုပါတယ္။

အာဆင္နယ္က ျပိဳင္ဘက္ေတြနဲ႔ အမ်ားၾကီး ျပတ္က်န္ေနခဲ့ပါျပီ။ အာဆင္နယ္အတြက္ အေရးၾကီးးတဲ့ ပစ္မွတ္က ခ်န္ပီယံလိဂ္ဝင္ခြင့္ပဲ ျဖစ္သင့္ပါတယ္။ လက္ေတြ႔က်တဲ့ ဒီရည္မွန္းခ်က္အတြက္ပဲ ဦးတည္ ၾကိဳးစားရမွာျဖစ္ျပီး ခ်န္ပီယံဆုေတြ မွန္းေမွ်ာ္ေနတာက အလွမ္းေဝးလြန္းလွပါတယ္ ” လို႔ ေဝဖန္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အေပၚ ေဝဖန္မႈေတြက ဒီမွာတင္ ျပီးဆံုးေနတာေတာ့ မဟုတ္ပါဘူး။ အမ္မရီရဲ႕ အာဆင္နယ္ဟာ အာဆင္ဝင္းဂါး ေနာက္ဆံုုးေန႔ရက္က အာဆင္နယ္နဲ႔ ကြားျခားမႈ လံုးဝ မရွိတဲ့အျပင္ အသင္းပရိသတ္ေတြကို ကလပ္အသင္းက တိုးတက္ေနတယ္လုိ႔ ထင္ေယာင္ထင္မွား ျဖစ္ေနေစတာက လြဲလို႔ တိုးတက္မႈ လံုးဝမရွိဘူးဆိုတဲ့ ေဝဖန္မႈေတြလည္း ထြက္ေပးေနတာျဖစ္တယ္။

အံ့ၾသသင့္စရာ အေနအထားအျဖစ္ လက္တေလာ ဂန္းနားေဝဖန္ေရးေတြနဲ႔ အသင္းပရိသတ္ေတြၾကားမွာ ေရပန္းစားေနတာကေတာ့ အာဆင္နယ္မန္ေနဂ်ာ အမ္မရီကို ရာထူးက ထုတ္ပယ္ျပီး ဝါရင့္မန္ေနဂ်ာ ေမာ္ရင္ညိဳကို အစားထိုး ေခၚယူကာ လက္ရွိ လူစာရင္းကို ပဲ့ကိုင္ေစဖို႔ဆိုတဲ့ တိုက္တြန္းမႈပဲ ျဖစ္ပါတယ္။

UNICODE

အာဆင်နယ်ရဲ့ တိုးတက်လာမလိုနဲ့ ပြန်ဆုတ်ယုတ်နေတဲ့ အနေအထားတွေကြောင့် ဂန်းနားဟောင်းကြီးတွေနဲ့ အသင်းပရိသတ်တွေကြားမှာ ဝေဖန်မှုတွေ မြင့်တက်နေပြီး ကလပ်အသင်းဟာ အမှန်တရားကို လက်ခံဖို့ အချိန်ကျပါပြီလို့ ဂန်းနားဟောင်းကြီး ရေးပေါ်လာက ဆိုပါတယ်။

ဂန်းနားဟောင်းကြီး ရေးပေါ်လာက “ အာဆင်နယ်ဟာ လီဗာပူး၊ မန်စီးတီးတို့နောက်မှာ အများကြီး ပြတ်ကျန်နေခဲ့ပါပြီ။ အသင်းရဲ့ ပွဲထွက်ကစားသမား ၁၁ ဦးထဲက ဘယ်နှစ်ယောက်လောက်က လီဗာပူး၊ မန်စီးတီးတို့မှာ ပွဲထွက်လူစာရင်းက ပါဝင်ခွင့်ရမလဲ။ ကျနော်တို့ အမှန်အတိုင်း ဖြေဖို့လိုပါတယ်။

အာဆင်နယ်က ပြိုင်ဘက်တွေနဲ့ အများကြီး ပြတ်ကျန်နေခဲ့ပါပြီ။ အာဆင်နယ်အတွက် အရေးကြီးးတဲ့ ပစ်မှတ်က ချန်ပီယံလိဂ်ဝင်ခွင့်ပဲ ဖြစ်သင့်ပါတယ်။ လက်တွေ့ကျတဲ့ ဒီရည်မှန်းချက်အတွက်ပဲ ဦးတည် ကြိုးစားရမှာဖြစ်ပြီး ချန်ပီယံဆုတွေ မှန်းမျှော်နေတာက အလှမ်းဝေးလွန်းလှပါတယ် ” လို့ ဝေဖန်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အပေါ် ဝေဖန်မှုတွေက ဒီမှာတင် ပြီးဆုံးနေတာတော့ မဟုတ်ပါဘူး။ အမ်မရီရဲ့ အာဆင်နယ်ဟာ အာဆင်ဝင်းဂါး နောက်ဆုံးနေ့ရက်က အာဆင်နယ်နဲ့ ကွားခြားမှု လုံးဝ မရှိတဲ့အပြင် အသင်းပရိသတ်တွေကို ကလပ်အသင်းက တိုးတက်နေတယ်လို့ ထင်ယောင်ထင်မှား ဖြစ်နေစေတာက လွဲလို့ တိုးတက်မှု လုံးဝမရှိဘူးဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်ပေးနေတာဖြစ်တယ်။

အံ့သြသင့်စရာ အနေအထားအဖြစ် လက်တလော ဂန်းနားဝေဖန်ရေးတွေနဲ့ အသင်းပရိသတ်တွေကြားမှာ ရေပန်းစားနေတာကတော့ အာဆင်နယ်မန်နေဂျာ အမ်မရီကို ရာထူးက ထုတ်ပယ်ပြီး ဝါရင့်မန်နေဂျာ မော်ရင်ညိုကို အစားထိုး ခေါ်ယူကာ လက်ရှိ လူစာရင်းကို ပဲ့ကိုင်စေဖို့ဆိုတဲ့ တိုက်တွန်းမှုပဲ ဖြစ်ပါတယ်။