ခ်န္ပီယံလိဂ္ အုပ္စုအဖြင့္ပြဲစဥ္ေတြထဲက တစ္ပြဲျဖစ္တဲ့ ဆဲလ္ဘတ္နဲ႔ ဂ်န္႔တို႔ ထိပ္တိုက္ေတြ႔တဲ့ပြဲမွာ ၾသစၾတီးလ်ကလပ္ ဆဲလ္ဘတ္အသင္း ၆-၂ နဲ႔ အႏုိင္ရမႈမွာ အဓိကက်တဲ့ တိုက္စစ္မွဴးျဖစ္ခဲ့သူ ဟာလန္းကို ေခၚယူဖို႔ မန္ေနဂ်ာဆိုးရွားက စိတ္ဝင္စားေနပါေၾကာင္း သတင္းေတြက ေဖာ္ျပလာပါတယ္။

ဟာလန္ဟာ ဂ်န္႔အသင္းနဲ႔ပြဲမွာ ဆဲလ္ဘတ္အတြက္ ဟက္ထရစ္ သြင္းယူေပးႏုိင္ခဲ့ၿပီး ခ်န္ပီယံလိဂ္ပြဲဦးထြက္မွာပဲ ဟက္ထရစ္ရခဲ့တဲ့ ရွစ္ဦးေျမာက္ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ ဒါ့အျပင္ ယာကူဘူနဲ႔ ရြန္နီတုိ႔ၿပီးေနာက္ ခ်န္ပီယံလိဂ္ပြဲဦးထြက္မွာ ဟက္ထရစ္သြင္းယူႏိုင္ခဲ့တဲ့ တတိယေျမာက္ ဆယ္ေက်ာ္သက္ ကစားသမားအျဖစ္လည္း မွတ္တမ္းဝင္ခဲ့ပါတယ္။

ဟာလန္းဟာ လက္ရွိ မန္ယူမန္ေနဂ်ာဆုိးရွားနဲ႔ တစ္ႏုိင္ငံထဲသားေတြျဖစ္ျပီး ဆိုးရွားရဲ႕ အသင္းေဟာင္းျဖစ္တဲ့ မုိလ္ဒီအသင္မွ အသင္းသားေဟာင္လည္းျဖစ္ပါတယ္။ ၂၀၁၈ ခုႏွစ္မွာ ဆဲလ္ဘတ္ကို ေပါင္ ၄.၅ သန္းးနဲ႔ ေရာက္ရွိလကတည္းက ျပည္တြင္းအဆင့္ေတြမွာ ဂိုးသြင္းေျခစြမ္းျပခဲ့ျပီး ဒီရာသီမွာေတာ့ ဥေရာပအဆင့္မွာပါ ေျခစြမ္းေကာင္းမြန္ေနျခင္းေၾကာင့္ ဥေရာပ ထိပ္တန္းအသင္းေတြက မ်က္စိကလာခဲ့ျပီျဖစ္တယ္။

ေႏြတုန္းကလည္း ယူ-၂၀ ကမၻာ့ဖလားၿပိဳင္ပြဲမွာ ဂိုးသြင္းဘုရင္အျဖစ္ ရပ္တည္ႏိုင္ခဲ့သလို ဟြန္ဒူးရပ္ကို ၁၂-၀ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာသူဟာ ေနာ္ေဝအသင္းအတြက္ တစ္ဦးတည္း ၉ ဂုိးသြင္းယူခဲ့သူျဖစ္ပါတယ္။ ဟာလန္းဟာ ဒီႏွစ္ေဘာလံုးရာသီ ဆဲလ္ဘတ္အသင္းအတြက္ ၿပိဳင္ပြဲစံု ၁၄ ပြဲပါဝင္ကစားခဲ့ရာမွာ ၁၈ ဂိုးထိသြင္းယူႏုိင္ခဲ့ပါ့ျပီ။

ဂ်န္႔နဲ႔ ခ်န္ပီယံလိဂ္ပြဲက ဟက္ထရစ္ဟာ ဟာလန္းရဲ႕နာမည္ကို ဥေရာပအသင္းတိုင္း သတိထားမိဖို႔ ေၾကညာခဲ့တဲ့ပြဲျဖစ္ျပီး မန္ယူအသင္းကေတာ့ မန္ေနဂ်ာဆိုးရွားရဲ႕ တစ္ႏုိင္ငံတည္းသား တိုက္စစ္သမားကို အျခားေသာ ဥေရာပအသင္းေတြထက္ လက္ဦးမႈရဖို႔ ဦးတည္လာခဲ့ျပီျဖစ္ပါတယ္။

UNICODE

ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်တွေထဲက တစ်ပွဲဖြစ်တဲ့ ဆဲလ်ဘတ်နဲ့ ဂျန့်တို့ ထိပ်တိုက်တွေ့တဲ့ပွဲမှာ သြစတြီးလျကလပ် ဆဲလ်ဘတ်အသင်း ၆-၂ နဲ့ အနိုင်ရမှုမှာ အဓိကကျတဲ့ တိုက်စစ်မှူးဖြစ်ခဲ့သူ ဟာလန်းကို ခေါ်ယူဖို့ မန်နေဂျာဆိုးရှားက စိတ်ဝင်စားနေပါကြောင်း သတင်းတွေက ဖော်ပြလာပါတယ်။

ဟာလန်ဟာ ဂျန့်အသင်းနဲ့ပွဲမှာ ဆဲလ်ဘတ်အတွက် ဟက်ထရစ် သွင်းယူပေးနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ပွဲဦးထွက်မှာပဲ ဟက်ထရစ်ရခဲ့တဲ့ ရှစ်ဦးမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် ယာကူဘူနဲ့ ရွန်နီတို့ပြီးနောက် ချန်ပီယံလိဂ်ပွဲဦးထွက်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ တတိယမြောက် ဆယ်ကျော်သက် ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဟာလန်းဟာ လက်ရှိ မန်ယူမန်နေဂျာဆိုးရှားနဲ့ တစ်နိုင်ငံထဲသားတွေဖြစ်ပြီး ဆိုးရှားရဲ့ အသင်းဟောင်းဖြစ်တဲ့ မိုလ်ဒီအသင်မှ အသင်းသားဟောင်လည်းဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဆဲလ်ဘတ်ကို ပေါင် ၄.၅ သန်းးနဲ့ ရောက်ရှိလကတည်းက ပြည်တွင်းအဆင့်တွေမှာ ဂိုးသွင်းခြေစွမ်းပြခဲ့ပြီး ဒီရာသီမှာတော့ ဥရောပအဆင့်မှာပါ ခြေစွမ်းကောင်းမွန်နေခြင်းကြောင့် ဥရောပ ထိပ်တန်းအသင်းတွေက မျက်စိကလာခဲ့ပြီဖြစ်တယ်။

နွေတုန်းကလည်း ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးသွင်းဘုရင်အဖြစ် ရပ်တည်နိုင်ခဲ့သလို ဟွန်ဒူးရပ်ကို ၁၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာသူဟာ နော်ဝေအသင်းအတွက် တစ်ဦးတည်း ၉ ဂိုးသွင်းယူခဲ့သူဖြစ်ပါတယ်။ ဟာလန်းဟာ ဒီနှစ်ဘောလုံးရာသီ ဆဲလ်ဘတ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၄ ပွဲပါဝင်ကစားခဲ့ရာမှာ ၁၈ ဂိုးထိသွင်းယူနိုင်ခဲ့ပါ့ပြီ။

ဂျန့်နဲ့ ချန်ပီယံလိဂ်ပွဲက ဟက်ထရစ်ဟာ ဟာလန်းရဲ့နာမည်ကို ဥရောပအသင်းတိုင်း သတိထားမိဖို့ ကြေညာခဲ့တဲ့ပွဲဖြစ်ပြီး မန်ယူအသင်းကတော့ မန်နေဂျာဆိုးရှားရဲ့ တစ်နိုင်ငံတည်းသား တိုက်စစ်သမားကို အခြားသော ဥရောပအသင်းတွေထက် လက်ဦးမှုရဖို့ ဦးတည်လာခဲ့ပြီဖြစ်ပါတယ်။