ခ်ယ္ဆီးတိုက္စစ္မွဴး ေအဘရာဟမ္က ခ်န္ပီယံလိဂ္ပြဲ အေရးနိမ့္မႈအေပၚ အသင္းရဲ႕ ေဒါသေတြအား သီတင္းပတ္အကုန္မွာ ယွဥ္ျပိဳင္ကစားရမယ့္ လီဗာပူးနဲ႔ပြဲမွာ ပံုခ် ေပါက္ကြဲဖို႔ အသင္းေဖာ္ေတြနဲ႔ အသင္းပရိသတ္ေတြကို စိန္ေခၚစကား ေျပာဆိုလိုက္ပါတယ္။

ခ်ယ္ဆီးနဲ႔ လီဗာပူးတို႔ဟာ ရာသီအစမွာတင္ စပါဖလားျပိဳင္ပြဲအျဖစ္ တူရကီေျမမွာ ယွဥ္ျပိဳင္ခဲ့ရျပီး ပင္နယ္တီ အဆံုးအျဖတ္မွာ လီဗာပူးက အႏုိင္ရျပီး စူပါဖလားကို အႏုိင္ရသြားခဲ့တာပါ။ အဆိုပါ ျပိဳင္ပြဲမွာေတာ့ ေအဘရာဟမ္ရဲ႕ အဆံုးအျဖတ္ ပင္နယ္တီ လြဲေခ်ာ္မႈက လီဗာပူးကို အသာရေစခ့ဲတာျဖစ္ျပီး အဂၤလန္သား လူငယ္တိုက္စစ္သမားကေတာ့ အဆိုပါ နာက်င္မႈကို ျပန္လည္ တုန္႔ျပန္လိုေနပါတယ္။

ေအဘရာဟမ္က ” တနဂၤေႏြေန႔ပြဲကေတာ့ က်ေနာ္တုိ႔ရဲ႕ စရိုက္အတြက္ စမ္းသပ္မႈပါပဲ။ လီဗာပူးကုိ ရင္ဆိုင္ရာမွာ က်ေနာ္တုိ႔ရဲ႕ ေဒါသေတြကို ပံုခ်ရမယ္။ အဲ့တာက ၾကီးမားတဲ့ပြဲျဖစ္ျပီး နွစ္သင္းလံုးက အႏုိင္ရလိုမွာပါ။ ဒီကေန႔ အရံွဴးကို မွန္ကန္တဲ့ နည္းလမ္းနဲ႔ တြန္းအားေပးႏုိင္ဖို႔ လိုပါတယ္။

ခ်န္ပီယံလိဂ္က အေစာပိုင္း ကာလပဲ ရွိပါေသးတယ္။ ဒီကေန႔ပြဲအတြက္ က်ေန္ာတို႔ ေဒါသထြက္ရေပမယ့္ ယွဥ္ျပိဳင္ဖို႔ ၅ ပြဲေတာင္ က်န္ပါေသးတယ္။ ေနာက္ထပ္ ၅ ပြဲကို အႏုိင္ရဖို႔ လိုပါတယ္။ က်ေနာ္တုိ႔ အေကာင္းဆံုး မကစားႏုိင္ပဲ အေရးနိမ့္တာအတြက္ စိတ္ပ်က္ရတယ္။ ဗလန္စီယာက က်ေနာ္တုိ႔ ကစားခ်င္သလို ကစားခြင့္မေပးေအာင္ ရပ္တန္႔ခဲ့တာအတြက္ အသိအမွတ္ျပဳရပါမယ္။

ဒီရာသီမွာ က်ေနာ္တို႔က အနိမ့္အျမင့္ေတြ ရင္ဆိုင္ထားရျပီး ဆက္သြားႏုိင္ဖို႔ လိုပါတယ္။ လီဗာပူးကို ရင္ဆိုင္တုန္းက က်ေနာ္က ပင္နယ္တီ လြဲခဲ့ပါတယ္။ ဒါေပမယ့္ က်ေနာ္အေပၚမွာ ဆက္လက္ျပီး အားေပးေထာက္ခံခဲ့ၾကတယ္။ အခြင့္အေရး ဖန္တီးမႈေကာင္းေတြ လုပ္ႏုိင္တဲ့ ကစားသမားေကာင္းေတြနဲ႔ ကစားေနတာျဖစ္ျပီး မွန္ကန္တဲ့ အခ်ိန္မွာ မွန္ကန္တဲ့ အသင္းမွာ က်ေနာ္ ရွိေနတာပါ။

မန္ေနဂ်ာက က်ေနာ္အေပၚ ယံုၾကည္တာကလည္း သိပ္ေကာင္းပါတယ္။ ပြဲတိုင္းမွာ က်ေနာ္တုိ႔ရဲ႕ အေကာင္းဆံုးေတြကို မန္ေနဂ်ာအတြက္ စြမ္းေဆာင္ေပးလိုပါတယ္။ ” လို႔ ဗလန္စီယာနဲ႔ ပြဲအျပီးမွာ ထုတ္ေျပာခဲ့တာ ျဖစ္ပါတယ္။

UNICODE

ချယ်ဆီးတိုက်စစ်မှူး အေဘရာဟမ်က ချန်ပီယံလိဂ်ပွဲ အရေးနိမ့်မှုအပေါ် အသင်းရဲ့ ဒေါသတွေအား သီတင်းပတ်အကုန်မှာ ယှဉ်ပြိုင်ကစားရမယ့် လီဗာပူးနဲ့ပွဲမှာ ပုံချ ပေါက်ကွဲဖို့ အသင်းဖော်တွေနဲ့ အသင်းပရိသတ်တွေကို စိန်ခေါ်စကား ပြောဆိုလိုက်ပါတယ်။

ချယ်ဆီးနဲ့ လီဗာပူးတို့ဟာ ရာသီအစမှာတင် စပါဖလားပြိုင်ပွဲအဖြစ် တူရကီမြေမှာ ယှဉ်ပြိုင်ခဲ့ရပြီး ပင်နယ်တီ အဆုံးအဖြတ်မှာ လီဗာပူးက အနိုင်ရပြီး စူပါဖလားကို အနိုင်ရသွားခဲ့တာပါ။ အဆိုပါ ပြိုင်ပွဲမှာတော့ အေဘရာဟမ်ရဲ့ အဆုံးအဖြတ် ပင်နယ်တီ လွဲချော်မှုက လီဗာပူးကို အသာရစေခဲ့တာဖြစ်ပြီး အင်္ဂလန်သား လူငယ်တိုက်စစ်သမားကတော့ အဆိုပါ နာကျင်မှုကို ပြန်လည် တုန့်ပြန်လိုနေပါတယ်။

အေဘရာဟမ်က ” တနင်္ဂနွေနေ့ပွဲကတော့ ကျနော်တို့ရဲ့ စရိုက်အတွက် စမ်းသပ်မှုပါပဲ။ လီဗာပူးကို ရင်ဆိုင်ရာမှာ ကျနော်တို့ရဲ့ ဒေါသတွေကို ပုံချရမယ်။ အဲ့တာက ကြီးမားတဲ့ပွဲဖြစ်ပြီး နှစ်သင်းလုံးက အနိုင်ရလိုမှာပါ။ ဒီကနေ့ အရံှူးကို မှန်ကန်တဲ့ နည်းလမ်းနဲ့ တွန်းအားပေးနိုင်ဖို့ လိုပါတယ်။

ချန်ပီယံလိဂ်က အစောပိုင်း ကာလပဲ ရှိပါသေးတယ်။ ဒီကနေ့ပွဲအတွက် ကျနေ်ာတို့ ဒေါသထွက်ရပေမယ့် ယှဉ်ပြိုင်ဖို့ ၅ ပွဲတောင် ကျန်ပါသေးတယ်။ နောက်ထပ် ၅ ပွဲကို အနိုင်ရဖို့ လိုပါတယ်။ ကျနော်တို့ အကောင်းဆုံး မကစားနိုင်ပဲ အရေးနိမ့်တာအတွက် စိတ်ပျက်ရတယ်။ ဗလန်စီယာက ကျနော်တို့ ကစားချင်သလို ကစားခွင့်မပေးအောင် ရပ်တန့်ခဲ့တာအတွက် အသိအမှတ်ပြုရပါမယ်။

ဒီရာသီမှာ ကျနော်တို့က အနိမ့်အမြင့်တွေ ရင်ဆိုင်ထားရပြီး ဆက်သွားနိုင်ဖို့ လိုပါတယ်။ လီဗာပူးကို ရင်ဆိုင်တုန်းက ကျနော်က ပင်နယ်တီ လွဲခဲ့ပါတယ်။ ဒါပေမယ့် ကျနော်အပေါ်မှာ ဆက်လက်ပြီး အားပေးထောက်ခံခဲ့ကြတယ်။ အခွင့်အရေး ဖန်တီးမှုကောင်းတွေ လုပ်နိုင်တဲ့ ကစားသမားကောင်းတွေနဲ့ ကစားနေတာဖြစ်ပြီး မှန်ကန်တဲ့ အချိန်မှာ မှန်ကန်တဲ့ အသင်းမှာ ကျနော် ရှိနေတာပါ။

မန်နေဂျာက ကျနော်အပေါ် ယုံကြည်တာကလည်း သိပ်ကောင်းပါတယ်။ ပွဲတိုင်းမှာ ကျနော်တို့ရဲ့ အကောင်းဆုံးတွေကို မန်နေဂျာအတွက် စွမ်းဆောင်ပေးလိုပါတယ်။ ” လို့ ဗလန်စီယာနဲ့ ပွဲအပြီးမှာ ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။