Date

September 18, 2019

ယူရိုပါလိဂ်ပွဲ မတိုင်ခင် အသင်းသားသုံးဦး ဒဏ်ရာက ပြန်သက်သာလာကြောင်း အာဆင်နယ် အတည်ပြု

အာဆင်နယ်အသင်း ဝဘ်ဆိုဒ်ကနေပြီး ယူရိုပါလိဂ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားရမယ့် ဖရန့်ဖတ်နဲ့ ပွဲမတိုင်ခင်မှာ ကလပ်အသင်း ကစားသမား သုံးဦး ပထမအသင်း လူစာရင်းထံ ပြန်လာပြီး လေ့ကျင့်ရေးလည်း ဆင်းနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။ အာဆင်နယ်အသင်း အတည်ပြုတဲ့ အသင်းသား သုံးဦးလုံးဟာ ခံစစ်သမားတွေဖြစ်ပြီး ဘယ်၊ ညာ အစွန်လူတွေဖြစ်တဲ့ တီရာနေး ဘယ်လာရင်နဲ့ ခံစစ်မှူး မာဘရာပါနိုစ့်တို့ပဲ ဖြစ်ပါတယ်။ သူတို့ သုံးဦးဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ မတိုင်ခင်တည်းက ဒဏ်ရာက ပြန်သက်သာလာတာဖြစ်ပြီး မနက်ဖြန်မှာ ယှဉ်ပြိုင်ကစားမယ့် ယူရိုပါလိဂ်ပွဲမှာပါ ပါဝင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။… Continue Reading →

လီဗာပူးနဲ့ စာချုပ်သစ်ကိစ္စကို ငြင်းပယ်လိုက်တဲ့ ဗန်ဒိုက်

လီဗာပူးအသင်းရဲ့ အားထားရတဲ့ ဗဟိုခံစစ်မှူး ဗန်ဒိုက်ဟာ လွန်ခဲ့တဲ့ တစ်နှစ်ခွဲကမှ မာဆေးဆိုဒ်သို့ ရောက်ရှိလာပြီး ထိုစဉ်က ကမ္ဘာ့ ဈေးအကြီးဆုံး ခံစစ်မှူး အနေနဲ့ ဆောက်သမ်တန်ကနေ ပေါင် ၇၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ဗန်ဒိုက်ဟာ ရောက်လာတည်းက စလို့ လုံးဝ ပြီးပြည့်စုံတဲ့ ခံစစ်မှူးကောင်း တစ်ယောက် အဖြစ် တောက်လျောက် သက်သေပြနေခဲ့တာပါ။ ဒီလအစောပိုင်း သတင်းအတွေမှာ ဗန်ဒိုက်ဟာ တစ်ပတ် လုပ်ခ ပေါင် ၂ သိန်းလောက်ထိ ရမယ့် စာချုပ်သစ် လီဗာပူးအသင်းနဲ့… Continue Reading →

မန်ယူတိုက်စစ်သမား ဒန်နီရယ်ဂျိမ်း ဒဏ်ရာကြောင့် ပွဲအချို့ကို လွဲမယ်လို့ ဆိုးရှား အတည်ပြု

ဒီရာသီ ဆွမ်ဆီးကနေ မန်ယူအသင်းကို ပြောင်းလာပြီးနောက်ပိုင်း တိုက်စစ်ပိုင်းမှာ ခြေစွမ်းပြ သွင်းဂိုးတွေ ရယူထားသလို သြဂုတ်လရဲ့ မန်ယူတစ်လတာ အကောင်းဆုံးကစားးသမားဆုရှင် ဒန်နီရယ်ဂျိမ်ဟာ ဒဏ်ရာကြောင့် ကလပ်အသင်းရဲ့ ယူရိုပါလိဂ်အဖွင့်ပွဲကို လွဲချော်သွားတော့မှာပဲဖြစ်ပါတယ်။ မန်နေဂျာဆိုးရှားကိုယ်တိုင်ကပဲ ကြာသပတေးနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် ယူရိုပါလိဂ်ပွဲအား ဒန်နီရယ်ဂျိမ်း ပါဝင်နိုင်မှာ မဟုတ်ကြောင်းကို ” ဟုတ်ပါတယ်။ လက်စတာနဲ့ပွဲမှာ ဂျိမ်းဟာ ထိခိုက်ဒဏ်ရာ ရခဲ့တာကြောင့် ယူရိုပါလိဂ်ပွဲမှာ သူပါဝင်နိုင်မှာ မဟုတ်တော့ပါဘူး ” လို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။ ဂျိမ်းအပြင် တံကောက်ကြော ဒဏ်ရာရနေတဲ့ လုရှော၊ ခြေကျင်းဝတ်… Continue Reading →

ချယ်ဆီးအတွက် ပင်နယ်တီ ကန်သွင်းမှု လွဲချော်ခဲ့ခြင်းအတွက် တုန့်ပြန်လာတဲ့ ဘာကလေ

ချယ်ဆီးကွင်းလယ်လူ ဘာကလေက ဗလန်စီယာနဲ့ပွဲမှာ အရေးပါတဲ့ ပင်နယ်တီကို လွဲချော်ခဲ့ပေမယ့် နောက်ပွဲတွေမှာလည်း ကလပ်အသင်းရဲ့ ပင်နယ်တီတွေကို သူတာဝန်ယူသွားမှာပါလို့ ပွဲအပြီး ထုတ်ဖော်ပြောဆိုပါတယ်။ ” ကွင်းထဲမှာ ရှိနေရင် ကျနော်က ပင်နယ်တီ တာဝန်ယူရမယ့်သူပါ။ ဒီပွဲမှာ ကျနော် အကောင်းဆုံး အဆုံးမသတ်နိုင်ခဲ့ပေမယ့် လူတိုင်း ပင်နယ်တီ လွဲချော်ခဲ့ဖူးပါတယ်။ ကျနော် ဂိုးမဝင်ခဲ့ပေမယ့် ယုံကြည်မှုရှိနေတယ်။ နောက်ပွဲမှာ ပင်နယ်တီ တာဝန်ယူရမယ်ဆိုရင်လည်း ရယူသွားဖို့ ယုံကြည်မှု ရှိနေပါတယ်။ ပင်နယ်တီတွေကို လွဲချော်နိုင်ပါတယ်။ ဒါက ကမ္ဘာကြီး အဆုံးသတ်သွားတာ မဟုတ်ပါဘူး။… Continue Reading →

အသင်းပြောင်းလိုလာတဲ့ ရှာကွီရီ၊ ရော်ဘတ်ဆန်၊ အစ္စကိုတို့နဲ့ လီဗာပူး ညနေခင်းသတင်းများ

လီဗာပူးအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ် အုပ်စု ပွဲဦးထွက် အဖြစ် နာပိုလီကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင် ကစားရာ ၂ ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပါတယ်။ အပြန်အလှန် ထိုးဖောက်မှုများနဲ့ ပွဲကကြည့်ကောင်းခဲ့ပြီး ပွဲပြီးခါနီး ၈၂ မိနစ်မှာ ဒရိုင်းမာတင်ရဲ့ ပင်နယ်တိဂိုး၊ မိနစ် ၉၀ ပြီး နာကျင်အချိန်ပိုမှာ လော်ရန်တေးရဲ့ သွင်းဂိုးများ လီဗာပူးက ခွင့်ပြုခဲ့ရတာပါ။ နာပိုလီနည်းပြ အန်ဆာလော့တီက ပွဲအပြီးမှာ ကလော့ပ်ကို စိုးရိမ်ဖို့ မလိုကြောင်း၊ ဒီမှာ ရှံးနိမ့်ခဲ့ရင်တောင် ရှေ့ဆက်သွားပြီး ချန်ပီယံလိဂ်… Continue Reading →

ဖိုဒန်၊ စတုန်းတို့ ဒဏ်ရာ အခြေအနေ၊ ကမ္ဘာ့အကောင်းဆုံး အသင်းနဲ့ မန်စီးတီး သတင်းများ

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က လက်ရှိ ဥရောပချန်ပီယံ ဆုကို ကာကွယ်ရမယ့် အသင်းဖြစ်ပေမယ့် ဥရောပ အကောင်းဆုံး အသင်း မဖြစ်နိုင်သေးဘဲ မန်စီးတီးကသာ ကမ္ဘာ့အကောင်းဆုံး အသင်းပါ လို့ ပြောဆိုခဲ့ပါတယ်။ စီးတီးလူငယ်ကစားသမား ဖီးလ် ဖိုဒန်ကလည်း အစာအိမ် ဝေဒနာ ရှိနေတာကြောင့် ရှက်တာဒိုးနက်နဲ့ ချန်ပီယံလိဂ် အုပ်စုပွဲမှာ ပါဝင်နိုင်မှာ မဟုတ်သေးဘဲ နောက်ပွဲစဉ်အတွက်တော့ အသင့် ဖြစ်နေမယ်လို့ ဂွာဒီယိုလာက အတည်ပြုခဲ့ပါတယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့မှာ သတ်မှတ်တန်ကြေးထက် ပိုမပေးဘူးဆိုတဲ့ ပေါ်လစီကြောင့် နည်းပြ ဂွာဒီယိုလာရဲ့… Continue Reading →

အမ်မရီနဲ့ မော်ရင်ညို၊ ဇာခါ၊ ချမ်ဘာစ်၊ လီနိုတို့နဲ့ အာဆင်နယ် ညနေခင်းသတင်းများ

ဝက်ဖို့ဒ်နဲ့ သရေပွဲ အပြီးမှာ အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီက အာဆင်နယ် အသင်းသားတွေ အားလုံးနဲ့ အတူ ညစာ ထွက်စားခဲ့ပြီး စည်းလုံးမှု အပြည့် ဆက်ရှိနေစေရန် ကြိုးစားခဲ့ပါတယ်။ TalkSport မှ အစီအစဉ် တင်ဆက်သူ အက်ဒရီယန် ဒါဟန်းက အာဆင်နယ်ဟာ အူနိုင်းအမ်မရီကို ထုတ်ပယ်ပြီး ထိပ်တန်းနည်းပြ တစ်ဦး ဖြစ်တဲ့ မော်ရင်ညိုကို ခန့်အပ်သင့်ကြောင်း သုံးသပ်ပြောဆိုခဲ့ရာ အာဆင်နယ် ပရိသတ်များဘက်က ခါးခါးသီးသီး တုန့်ပြန်မှုတွေ ရှိနေပါတယ်။ ဒီတပတ် ဖရန့်ဖတ်နဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ အာဆင်နယ်က… Continue Reading →

အီဗရာပြောတဲ့ ဒီဂီယာကို ဖယ်ထုတ်ပြီး မန်ယူရဲ့ အကောင်းဆုံးတွေဖြစ်လာမယ့် အသင်းသားသုံးဦး

မန်ယူအသင်းသားဟောင်း အီဗရာက ကလပ်အသင်းရဲ့ နွေရာသီ ခေါ်ယူမှုတွေကို ထုတ်ဖော်ချီးကျူးမှုတွေ လုပ်ခဲ့ပြီး ဂျိမ်း၊ ဘစ်ဆာကာ၊ မက်ဂွိုင်းရားတို့ဟာ မနှစ်ကရာသီ စိတ်ပျက်စရရာဖြစ်ခဲ့တဲ့ ကလပ်အသင်းကို အပြောင်းအလဲဖြစ်စေမယ်လို့ ဆိုပါတယ်။ တိုက်စစ်မှာ ခြေစွမ်းပြနေတဲ့ ဂျိမ်းရဲ့ လှုပ်အားနှုန်းနဲ့ ကစားလိုစိတ်ကိုလည်း အီဗရာက ချီးကျူးခဲ့ပြီး ” သူ့ကို ကျနော် သဘောတွေ့ပါတယ်။ ကောင်းမွန်တဲ့ဂိုးတွေ သွင်းယူနိုင်ပြီး ကစားတာလည် ကောင်းတယ်။ သူက မြန်တယ် ဒါပေမယ့် သူ့နဲ့ ပက်သက်ပြီး ကျနော် နှစ်သက်တာကတော့ စိတ်ဓါတ်ပြင်းထန်ပြီး ယူနိုက်တက်တံဆိပ်ကို မြတ်နိုးတာပါပဲ။… Continue Reading →

ပွဲထွက်ခွင့်ရဦးမယ့် ဂရင်းဝုဒ်၊ အီဗရာ ချီးကျူးရတဲ့ လူငယ်လေးနဲ့ မန်ယူ ညနေခင်းသတင်းများ

မန်ယူအသင်း ပစ်မှတ်ထားနေတဲ့ လူငယ်ကြယ်ပွင့် ဆန်ချိုကို ရောင်းချဖို့ အစီအစဉ်မရှိကြောင်း ဒေါ့မွန် အားကစား ဒါရိုက်တာက ထုတ်ဖော်ပြောကြားကာ သတိပေးလိုက်ပါတယ်။ ဆန်ချိုဟာ ဒီနှစ်ပိုင်းအတွင်း အထူးခြေစွမ်းပြနေသူပါ။ မန်ယူဂိုးသမား ဒီဂီယာက ဆိုးရှားဟာ အသင်းရောက်လာတည်းက ၄င်းအပေါ် ယုံကြည်မှုထားကြောင်း ပြသခဲ့ပြီး မန်ချက်စတာယူနိုက်တက် အသင်းသားတိုင်းကလည်း နည်းပြဖြစ်သူ အပေါ် ယုံကြည်မှု အပြည့်ရှိတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ဆိုးရှားက မန်ယူလူငယ် ကစားသမားတွေ အပေါ်လည်း ယုံကြည်မှုတွေ ပေးထားခဲ့ကာ ဒါတွေက ကစားသမားတိုင်း အတွက် အရေးကြီးတဲ့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!