အီတလီမွာ ခ်န္ပီယံလိဂ္သရဖူ ကာကြယ္ပြဲအတြက္ အဖြင့္ပြဲ သြားေရာက္ကစားခဲ့တဲ့ လီဗာပူးအသင္းဟာ အေဝးကြင္းမွာ နာပိုလီကို ၂-၀ နဲ႔ အေရးနိမ့္ခဲ့ပါတယ္။ ယာဂင္ကေလာ့ပ္ကေတာ့ ျပိဳင္ဘက္ေတြကို ေလးစားစြာပဲ အသင္းေကာင္းပါလို႔ ခ်ီးက်ဴးခဲ့သလို လီဗာပူးဟာ အရံွဴးရလဒ္မွာ ရပ္တန္႔ေနမွာ မဟုတ္ဘူးလို႔ ျပတ္သားစြာ တုန္႔ျပန္ပါတယ္။

နာပိုလီနဲ႔ပြဲမွာ လီဗာပူးဟာ ပထမပိုင္းအတြင္း ပြဲကို ထိန္းခ်ဳပ္ႏုိင္ခဲ့သလို ဒုတိယပိုင္းမွာလည္း ကစားပံု ေကာင္းခဲ့ပါတယ္။ တိုက္စစ္ပိုင္း သြင္းဂိုးမရျခင္းက အားနည္းခ်က္ ျဖစ္ခဲ့တယ္ဆိုတာကို ကေလာ့ပ္က ဝန္ခံတယ္။ ဒါေပမယ့္ လီဗာပူးဟာ ကိုယ္ဘာသာ အကဲျဖတ္သြားမွာျဖစ္ျပီး နာပိုလီနဲ႔ပြဲမွာ အသင္းရဲ႕စြမ္းေဆာင္ရည္ ညံ့ဖ်င္းလို႔ ရံွဴးးရတာ မဟုတ္ဘူးလို႔ ကေလာ့ပ္က ယံုၾကည္ပါတယ္။

“ စကိုင္းအီတလီကေျပာတယ္ နာပိုလီက ပိုေကာင္းတဲ့အသင္း ျဖစ္ခဲ့တယ္တဲ့ က်ေနာ္ကေတာ့ အဲ့လို မျမင္ပါဘူး။ က်ေနာ္တို႔မွာ ေကာင္းမြန္တဲ့ အေျခအေနေတြ ပိုင္ဆိုင္ခဲ့တယ္။ အေျခအေန အေတာ္မ်ားမ်ားမွာ ပြဲကို ထိန္းခ်ဳပ္ႏုိင္ချ့တယ္။ အံ့အားသင့္ဖို႔ေတာင္ေကာင္းတဲ့ ေဘာလံုးလုယူမႈေတြနဲ႔ ေဘာလံုးကို ျပန္အႏုိင္ယူျပီး ေကာင္တာတိုက္စစ္ ကစားျပခဲ့ပါတယ္။

ႏွစ္သင္းလံုးက ျပိဳင္ဘက္ေတြကို ေလးစားမႈ ျပသခဲ့တယ္။ ခံစစ္ကို အေကာင္းဆံုး ကစားခဲ့ၾကတယ္။ က်ေနာ္တို႔ဟာ ေတာင့္တင္းတဲ့ အသင္းတစ္သင္းကို ရင္ဆုိင္ခဲ့ရတာျဖစ္တယ္။ ႏွစ္သင္းလံုး ၾကိဳးစားခဲ့ျပီး ဒုတိယပိုင္းမွာ ႏွစ္သင္းလံုး ေကာင္တာတိုက္စစ္ေတြ ကစားခဲ့ၾကကာ က်ေနာ္တုိ႔ ပြဲကို ထိန္းခ်ဳပ္ႏုိင္ခဲ့ပါတယ္။

ရလဒ္ကို က်ေနာ္တုိ႔ လက္ခံပါတယ္။ က်ေနာ္တုိ႔ ကိုယ္ဘာသာ အကဲျဖတ္ရမွာျဖစ္ေပမယ့္ စြမ္းေဆာင္ရည္က ဆိုးရြားခဲ့တာ မဟုတ္ပါဘူး။ နာပိုလီမွာ က်ေနာ္တို႔ ႏုိင္သင့္တဲ့ပြဲကို ကစားခဲ့ရတာဆိုေပမယ့္ ဂိုးမသြင္းႏုိင္လို႔ က်ေနာ္တုိ႔ မႏုိင္ခဲ့ပါဘူး။ က်ေနာ္တုိ႔ အနည္းဆံုး တစ္မွတ္ရခဲ့ခ်င္ေပမယ့္လည္း ပင္နယ္တီေၾကာင့္ က်ေနာ္တုိ႔ မရခဲ့ပါဘူး။

ဒီပြဲက အဆံုးအျဖတ္ မဟုတ္ဖိုဖ႔ ေမွ်ာ္လင့္ပါတယ္။ အမွတ္ေပးဇယားကို ေျပာင္းလဲဖို႔ ပြဲနည္းနည္း ကစားခြင့္ေပးၾကပါဦး။ ဒီအေျခအေနမွာေတာ့ နာပိုလီက ေက်ာ္ျဖတ္ႏုိင္ခဲ့ပါတယ္။ ဒါေပမယ့္ က်ေနာ္တုိ႔ ရပ္တန္႔ေနမွာ မဟုတ္ဘူး ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

လီဗာပူးဟာ ဒီအပတ္မွာပဲ ပရီးမီးယားလိဂ္ ပြဲစဥ္ ၆ အျဖစ္ ခ်ယ္ဆီးအသင္းနဲ႔ အေဝးကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ရမွာျဖစ္ျပီး ဒီရာသီ ျပည္တြင္းလိဂ္ ရာႏႈန္းျပည့္ ႏုိင္ပြဲဆက္ေနမႈကို ထိန္းသိမ္းႏုိင္ဖုိ႔ ၾကိဳးစားသြားရမွာပဲျဖစ္ပါတယ္။

UNICODE

အီတလီမှာ ချန်ပီယံလိဂ်သရဖူ ကာကွယ်ပွဲအတွက် အဖွင့်ပွဲ သွားရောက်ကစားခဲ့တဲ့ လီဗာပူးအသင်းဟာ အဝေးကွင်းမှာ နာပိုလီကို ၂-၀ နဲ့ အရေးနိမ့်ခဲ့ပါတယ်။ ယာဂင်ကလော့ပ်ကတော့ ပြိုင်ဘက်တွေကို လေးစားစွာပဲ အသင်းကောင်းပါလို့ ချီးကျူးခဲ့သလို လီဗာပူးဟာ အရံှူးရလဒ်မှာ ရပ်တန့်နေမှာ မဟုတ်ဘူးလို့ ပြတ်သားစွာ တုန့်ပြန်ပါတယ်။

နာပိုလီနဲ့ပွဲမှာ လီဗာပူးဟာ ပထမပိုင်းအတွင်း ပွဲကို ထိန်းချုပ်နိုင်ခဲ့သလို ဒုတိယပိုင်းမှာလည်း ကစားပုံ ကောင်းခဲ့ပါတယ်။ တိုက်စစ်ပိုင်း သွင်းဂိုးမရခြင်းက အားနည်းချက် ဖြစ်ခဲ့တယ်ဆိုတာကို ကလော့ပ်က ဝန်ခံတယ်။ ဒါပေမယ့် လီဗာပူးဟာ ကိုယ်ဘာသာ အကဲဖြတ်သွားမှာဖြစ်ပြီး နာပိုလီနဲ့ပွဲမှာ အသင်းရဲ့စွမ်းဆောင်ရည် ညံ့ဖျင်းလို့ ရံှူးးရတာ မဟုတ်ဘူးလို့ ကလော့ပ်က ယုံကြည်ပါတယ်။

“ စကိုင်းအီတလီကပြောတယ် နာပိုလီက ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့တယ်တဲ့ ကျနော်ကတော့ အဲ့လို မမြင်ပါဘူး။ ကျနော်တို့မှာ ကောင်းမွန်တဲ့ အခြေအနေတွေ ပိုင်ဆိုင်ခဲ့တယ်။ အခြေအနေ အတော်များများမှာ ပွဲကို ထိန်းချုပ်နိုင်ခြ့တယ်။ အံ့အားသင့်ဖို့တောင်ကောင်းတဲ့ ဘောလုံးလုယူမှုတွေနဲ့ ဘောလုံးကို ပြန်အနိုင်ယူပြီး ကောင်တာတိုက်စစ် ကစားပြခဲ့ပါတယ်။

နှစ်သင်းလုံးက ပြိုင်ဘက်တွေကို လေးစားမှု ပြသခဲ့တယ်။ ခံစစ်ကို အကောင်းဆုံး ကစားခဲ့ကြတယ်။ ကျနော်တို့ဟာ တောင့်တင်းတဲ့ အသင်းတစ်သင်းကို ရင်ဆိုင်ခဲ့ရတာဖြစ်တယ်။ နှစ်သင်းလုံး ကြိုးစားခဲ့ပြီး ဒုတိယပိုင်းမှာ နှစ်သင်းလုံး ကောင်တာတိုက်စစ်တွေ ကစားခဲ့ကြကာ ကျနော်တို့ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ရလဒ်ကို ကျနော်တို့ လက်ခံပါတယ်။ ကျနော်တို့ ကိုယ်ဘာသာ အကဲဖြတ်ရမှာဖြစ်ပေမယ့် စွမ်းဆောင်ရည်က ဆိုးရွားခဲ့တာ မဟုတ်ပါဘူး။ နာပိုလီမှာ ကျနော်တို့ နိုင်သင့်တဲ့ပွဲကို ကစားခဲ့ရတာဆိုပေမယ့် ဂိုးမသွင်းနိုင်လို့ ကျနော်တို့ မနိုင်ခဲ့ပါဘူး။ ကျနော်တို့ အနည်းဆုံး တစ်မှတ်ရခဲ့ချင်ပေမယ့်လည်း ပင်နယ်တီကြောင့် ကျနော်တို့ မရခဲ့ပါဘူး။

ဒီပွဲက အဆုံးအဖြတ် မဟုတ်ဖိုဖ့ မျှော်လင့်ပါတယ်။ အမှတ်ပေးဇယားကို ပြောင်းလဲဖို့ ပွဲနည်းနည်း ကစားခွင့်ပေးကြပါဦး။ ဒီအခြေအနေမှာတော့ နာပိုလီက ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ ရပ်တန့်နေမှာ မဟုတ်ဘူး ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးဟာ ဒီအပတ်မှာပဲ ပရီးမီးယားလိဂ် ပွဲစဉ် ၆ အဖြစ် ချယ်ဆီးအသင်းနဲ့ အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီရာသီ ပြည်တွင်းလိဂ် ရာနှုန်းပြည့် နိုင်ပွဲဆက်နေမှုကို ထိန်းသိမ်းနိုင်ဖို့ ကြိုးစားသွားရမှာပဲဖြစ်ပါတယ်။