ဒါးရင့္ဘန္႔ကေတာ့ ဇာဟာ အေနနဲ႔ ေႏြတုန္းက ပဲေလစ့္ကို ေျပာင္းေရႊ႔ခြင့္ တင္ခဲ့ျခင္းက အာဆင္နယ္ကို ေျပာင္းလိုျခင္းေၾကာင့္ျဖစ္ျပီး ငယ္ဘဝတည္းက အားေပးတဲ့ အသင္းက ေခၚယူလိုလာခ်ိန္မွာ သူကလည္း အသင္းေျပာင္းခ်င္ခဲ့ျခင္းျဖစ္တယ္လို႔ ေျပာဆိုပါတယ္။

အာဆင္နယ္ဂိုးသမား လီႏိုက မန္ေနဂ်ာက တည္တည္ျငိမ္ျငိမ္ပဲ ရွိေနေသးတာျဖစ္ျပီး အဂၤါေန႔မွာ ပြဲကို ျပန္လည္စိစစ္မႈ ျပဳလုပ္ၾကမယ္လုိ႔ မွာၾကားထားကာ ၾကာသပေတးေန႔မွာ ယူရိုပါလိဂ္ပြဲကို အေကာင္းဆံုး ယွဥ္ျပိဳင္မယ္လို႔ အဝတ္လဲခန္းမွာ ေျပာခဲ့ေၾကာင္း ထုတ္ေျပာပါတယ္။

စပါးနဲ႔ပြဲမွာ အာဆင္နယ္ဟာ ဂိုးေပါက္ျခိမ္းေျခာက္မႈ ၂၆ ၾကိမ္ လုပ္ႏုိင္ခဲ့ျပီး ျပိဳင္ဘက္က ၁၃ ၾကိမ္ပဲ လုပ္ႏုိင္ခဲ့ပါတယ္။ ဘန္ေလ၊ နယူးကာဆယ္၊ ဝတ္ဖို႔နဲ႔ပြဲမွာေတာ့ အာဆင္နယ္ဟာ ျပိဳင္ဘက္ေတြထက္ေတာင္ ဂိုးေပါက္ျခိမ္းေျခာက္မႈမွာ နည္းပါးခဲ့ပါတယ္။ မန္ေနဂ်ာ အမ္မရီဟာ ပြဲၾကီးေတြမွာ ျပင္ဆင္မႈပိုင္းး ေကာင္းမြန္ေပမယ့္ အင္အားနည္းတဲ့ အသင္းေတြကို ခ်ဥ္းကပ္မႈမွာ လိုအပ္ခ်က္ မ်ားေနပါတယ္။

အမ္မရီဟာ အာဆင္နယ္အတြက္ မွန္ကန္တဲ့ မန္ေနဂ်ာပါဆိုတာကို ေထာက္ခံမႈႏႈန္း က်ဆင္းလာေနပါတယ္။ အာဆင္နယ္ကို တစ္ႏွစ္ၾကာ ကိုင္တြယ္ထားတဲ့ အမ္မရီအေပး ေထာက္ခံမႈႏႈန္း ေကာင္းမြန္ေနဆဲျဖစ္ေပမယ့္ ေႏြအေျပာင္းအေရႊ႔ ေခၚယူမႈ အက်ိဳးမျဖစ္ထြန္းမႈအေပၚ စိတ္ပ်က္ခံေနရတာျဖစ္ပါတယ္။

အာဆင္နယ္ ကစားသမားသစ္ ဆာလီဘာဟာ ၀က္ဖို႔ဒ္နဲ႕ပြဲကို လာေရာက္ အားေပးခဲ့ျပီး အာဆင္နယ္အသင္း ပရိသတ္ေတြရွိတဲ့ ပြဲၾကည့္စင္ ဘက္မွာ ရွိေနခဲ့ပါတယ္။

၀က္ဖို႔ဒ္နဲ႕ ပြဲက ကစားပံုကို ေ၀ဖန္မႈေတြ ျပင္းထန္ေနေပမယ့္ ေပါမာဆန္ကေတာ့ အမ္မရီရဲ႕ နည္းစနစ္ကို လိုက္ပါ မကစားနုိင္တဲ့ ဆိုကေရးတစ္ကိုလည္း အျပစ္တင္လိုက္ျပီး အမ္မရီ အေနနဲ႕ အႏၱရာယ္ကို ၾကိဳျမင္သင့္တယ္လို႔ ဆိုလိုက္ပါတယ္။

ေနာက္တန္းကေန ကစားပံုကို တည္ေဆာက္ဖို႔ ၾကိဳးစားခဲ့ေပမယ့္ ဆိုကေရးတစ္ဟာ ေဒးဗစ္လူး၀စ္လို ေဘာလံုးေပးပို႔တာ သက္ေတာင့္သက္သာ မျဖစ္ခဲ့တာေၾကာင့္ အမွားမ်ားစြာ က်ဴးလြန္ခဲ့တယ္လို႔ ေပါမာဆန္က သံုးသပ္ခဲ့ပါတယ္။

အာဆင္နယ္အျပင္ အဲဗာတန္၊ ခ်ယ္ဆီးနဲ႔ ဝုဗ္အသင္းတို႔ ေခၚယူလိုေနတဲ့ ကြင္းလယ္ကစားသမား ႐ိုင္ယန္ ဖေရဆာကို ဘုန္းေမာက္ အသင္းက တစ္ပတ္ လုပ္ခ ေပါင္ တစ္သိန္းထိ တိုးေပးျပီး စာခ်ဳပ္သစ္ ခ်ဳပ္ဆိုသြားဖို႔ ျပင္ဆင္ေနပါတယ္။

Myan News

UNICODE – ဒါးရင့်ဘန့်ကတော့ ဇာဟာ အနေနဲ့ နွေတုန်းက ပဲလေစ့်ကို ပြောင်းရွှေ့ခွင့် တင်ခဲ့ခြင်းက အာဆင်နယ်ကို ပြောင်းလိုခြင်းကြောင့်ဖြစ်ပြီး ငယ်ဘဝတည်းက အားပေးတဲ့ အသင်းက ခေါ်ယူလိုလာချိန်မှာ သူကလည်း အသင်းပြောင်းချင်ခဲ့ခြင်းဖြစ်တယ်လို့ ပြောဆိုပါတယ်။

အာဆင်နယ်ဂိုးသမား လီနိုက မန်နေဂျာက တည်တည်ငြိမ်ငြိမ်ပဲ ရှိနေသေးတာဖြစ်ပြီး အင်္ဂါနေ့မှာ ပွဲကို ပြန်လည်စိစစ်မှု ပြုလုပ်ကြမယ်လို့ မှာကြားထားကာ ကြာသပတေးနေ့မှာ ယူရိုပါလိဂ်ပွဲကို အကောင်းဆုံး ယှဉ်ပြိုင်မယ်လို့ အဝတ်လဲခန်းမှာ ပြောခဲ့ကြောင်း ထုတ်ပြောပါတယ်။

စပါးနဲ့ပွဲမှာ အာဆင်နယ်ဟာ ဂိုးပေါက်ခြိမ်းခြောက်မှု ၂၆ ကြိမ် လုပ်နိုင်ခဲ့ပြီး ပြိုင်ဘက်က ၁၃ ကြိမ်ပဲ လုပ်နိုင်ခဲ့ပါတယ်။ ဘန်လေ၊ နယူးကာဆယ်၊ ဝတ်ဖို့နဲ့ပွဲမှာတော့ အာဆင်နယ်ဟာ ပြိုင်ဘက်တွေထက်တောင် ဂိုးပေါက်ခြိမ်းခြောက်မှုမှာ နည်းပါးခဲ့ပါတယ်။ မန်နေဂျာ အမ်မရီဟာ ပွဲကြီးတွေမှာ ပြင်ဆင်မှုပိုင်းး ကောင်းမွန်ပေမယ့် အင်အားနည်းတဲ့ အသင်းတွေကို ချဉ်းကပ်မှုမှာ လိုအပ်ချက် များနေပါတယ်။

အမ်မရီဟာ အာဆင်နယ်အတွက် မှန်ကန်တဲ့ မန်နေဂျာပါဆိုတာကို ထောက်ခံမှုနှုန်း ကျဆင်းလာနေပါတယ်။ အာဆင်နယ်ကို တစ်နှစ်ကြာ ကိုင်တွယ်ထားတဲ့ အမ်မရီအပေး ထောက်ခံမှုနှုန်း ကောင်းမွန်နေဆဲဖြစ်ပေမယ့် နွေအပြောင်းအရွှေ့ ခေါ်ယူမှု အကျိုးမဖြစ်ထွန်းမှုအပေါ် စိတ်ပျက်ခံနေရတာဖြစ်ပါတယ်။

အာဆင်နယ် ကစားသမားသစ် ဆာလီဘာဟာ ဝက်ဖို့ဒ်နဲ့ပွဲကို လာရောက် အားပေးခဲ့ပြီး အာဆင်နယ်အသင်း ပရိသတ်တွေရှိတဲ့ ပွဲကြည့်စင် ဘက်မှာ ရှိနေခဲ့ပါတယ်။

ဝက်ဖို့ဒ်နဲ့ ပွဲက ကစားပုံကို ဝေဖန်မှုတွေ ပြင်းထန်နေပေမယ့် ပေါမာဆန်ကတော့ အမ်မရီရဲ့ နည်းစနစ်ကို လိုက်ပါ မကစားနိုင်တဲ့ ဆိုကရေးတစ်ကိုလည်း အပြစ်တင်လိုက်ပြီး အမ်မရီ အနေနဲ့ အန္တရာယ်ကို ကြိုမြင်သင့်တယ်လို့ ဆိုလိုက်ပါတယ်။

နောက်တန်းကနေ ကစားပုံကို တည်ဆောက်ဖို့ ကြိုးစားခဲ့ပေမယ့် ဆိုကရေးတစ်ဟာ ဒေးဗစ်လူးဝစ်လို ဘောလုံးပေးပို့တာ သက်တောင့်သက်သာ မဖြစ်ခဲ့တာကြောင့် အမှားများစွာ ကျူးလွန်ခဲ့တယ်လို့ ပေါမာဆန်က သုံးသပ်ခဲ့ပါတယ်။

အာဆင်နယ်အပြင် အဲဗာတန်၊ ချယ်ဆီးနဲ့ ဝုဗ်အသင်းတို့ ခေါ်ယူလိုနေတဲ့ ကွင်းလယ်ကစားသမား ရိုင်ယန် ဖရေဆာကို ဘုန်းမောက် အသင်းက တစ်ပတ် လုပ်ခ ပေါင် တစ်သိန်းထိ တိုးပေးပြီး စာချုပ်သစ် ချုပ်ဆိုသွားဖို့ ပြင်ဆင်နေပါတယ်။

Myan News