ရွက္တာဒိုးနက္နဲ႕ အေ၀းကြင္း ရင္ဆိုင္ဖို႔သြားေရာက္မယ့္ မန္စီးတီးအသင္းရဲ႕ လူစာရင္းထဲ ဘယ္စြန္ခံစစ္မွဴး ဘန္ဂ်င္မင္ မန္ဒီ ပါ၀င္လာပါတယ္။ မန္ဒီဟာ ျပီးခဲ့တဲ့ရာသီမွာ ျပင္းထန္တဲ့ ဒူးဒဏ္ရာေၾကာင့္ ကာလအေတာ္ၾကာ ပါ၀င္ကစားခြင့္ မရခဲ့သူ ျဖစ္ပါတယ္။

ရွက္တာနဲ႕ ပြဲအတြက္ ယူကရိန္းသို႔ ထြက္ခြာသြားတဲ့ မန္စီးတီးအသင္းရဲ႕ ၂၁ ေယာက္ လူစာရင္းမွာ – ဘရာဗို၊ ေ၀ၚကာ၊ စတုန္း၊ စတားလင္း၊ ဂြမ္ဒိုဂန္၊ ဂ်ီဆု၊ အဂြယ္ရို၊ ဇင္ခ်န္ကို၊ အိန္ဂ်လီနို၊ ရိုဒရီဂို၊ ဒီဘရိုင္း၊ ဘာနာဒို ေဆးဗား၊ ေဒးဗစ္ ေဆးဗား၊ ဘန္ဂ်မင္ မန္ဒီ၊ ဖာနန္ဒင္ဟို၊ မာရက္ဇ္၊ ကန္ဆယ္လို၊ ေအာ္တာမန္ဒီ၊ အီဒါဆန္၊ စေကာ့ကာဆန္၊ အဲရစ္ ဂါစီယာတို႔ ျဖစ္ပါတယ္။

မန္စီးတီး လူငယ္ကြင္းလယ္ကစားသမား ဖီးလ္ဖိုဒန္ကေတာ့ ၾကံ႕ခိုင္မႈ မျပည့္၀တာေၾကာင့္ ယူကရိန္းသို႔ ထြက္ခြာသြားတဲ့ လူစာရင္းမွာ မပါ၀င္ခဲ့ပါဘူး။ ၁၉နွစ္သား လူငယ္ေလးဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ ၁၀ မိနစ္မွ်သာ ကစားရေသးတာပါ။

မန္စီးတီးအသင္း ဒီရာသီ အမွတ္ေပးဖလားကို လက္လြတ္ရႏုိင္တဲ့ အဓိက အေၾကာင္းရင္းထဲမွာ ခံစစ္မွဴးေတြျဖစ္တဲ့ ေအာ္တာမန္ဒီနဲ႔ ဂၽြန္စတုန္းတို႔ဟာ လာေပၚေတးေနရာကို အစားဝင္ျပီး ဦးေဆာင္ေပးဖို႔ လံုေလာက္ျခင္း မရွိျခင္းျဖစ္ေၾကာင္း သံုးသပ္လာပါတယ္။

ဝက္ဟမ္းကြင္းလယ္ခံစစ္သမား ရိုက္က သူဟာ သူ႔ရဲ႕ ကိုယ္ပိုင္ပြဲေတြမွာ တိုးတက္မႈေတြအတြက္ မန္စီးတီးးနဲ႔ မန္ယူအသင္းရဲ႕ ေကာင္တာ ကစားဟန္ေတြကို ၾကည့္ျပီး ေလ့လာခဲ့ရပါတယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

မန္စီးတီးအစြန္လူ ေဝၚကာဟာ ကလပ္အသင္းမွာ ၾကားကာလတစ္ခုကို ရင္ဆိုင္ေနရတယ္လို႔ သတင္းထြက္ေနပါတယ္။ အစြန္လူသစ္ျဖစ္တဲ့ ကန္ဆယ္လို အဆင္သင့္ျဖစ္လာတဲ့ေပၚ မူတည္ျပီး မန္ေနဂ်ာဂြာဒီယိုလာဟာ ေဝၚကာကို အစြန္ေနရာမွာ မသံုးျခင္း ျဖစ္ႏုိင္သလို ဗဟိုခံစစ္မွဴးအျဖစ္လဲ ေျပာင္းလဲ အသံုးျပဳႏုိင္ပါတယ္။

UNICODE

ရှက်တာဒိုးနက်နဲ့ အဝေးကွင်း ရင်ဆိုင်ဖို့သွားရောက်မယ့် မန်စီးတီးအသင်းရဲ့ လူစာရင်းထဲ ဘယ်စွန်ခံစစ်မှူး ဘန်ဂျင်မင် မန်ဒီ ပါဝင်လာပါတယ်။ မန်ဒီဟာ ပြီးခဲ့တဲ့ရာသီမှာ ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် ကာလအတော်ကြာ ပါဝင်ကစားခွင့် မရခဲ့သူ ဖြစ်ပါတယ်။

ရှက်တာနဲ့ ပွဲအတွက် ယူကရိန်းသို့ ထွက်ခွာသွားတဲ့ မန်စီးတီးအသင်းရဲ့ ၂၁ ယောက် လူစာရင်းမှာ – ဘရာဗို၊ ဝေါ်ကာ၊ စတုန်း၊ စတားလင်း၊ ဂွမ်ဒိုဂန်၊ ဂျီဆု၊ အဂွယ်ရို၊ ဇင်ချန်ကို၊ အိန်ဂျလီနို၊ ရိုဒရီဂို၊ ဒီဘရိုင်း၊ ဘာနာဒို ဆေးဗား၊ ဒေးဗစ် ဆေးဗား၊ ဘန်ဂျမင် မန်ဒီ၊ ဖာနန်ဒင်ဟို၊ မာရက်ဇ်၊ ကန်ဆယ်လို၊ အော်တာမန်ဒီ၊ အီဒါဆန်၊ စကော့ကာဆန်၊ အဲရစ် ဂါစီယာတို့ ဖြစ်ပါတယ်။

မန်စီးတီး လူငယ်ကွင်းလယ်ကစားသမား ဖီးလ်ဖိုဒန်ကတော့ ကြံ့ခိုင်မှု မပြည့်ဝတာကြောင့် ယူကရိန်းသို့ ထွက်ခွာသွားတဲ့ လူစာရင်းမှာ မပါဝင်ခဲ့ပါဘူး။ ၁၉နှစ်သား လူငယ်လေးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁၀ မိနစ်မျှသာ ကစားရသေးတာပါ။

မန်စီးတီးအသင်း ဒီရာသီ အမှတ်ပေးဖလားကို လက်လွတ်ရနိုင်တဲ့ အဓိက အကြောင်းရင်းထဲမှာ ခံစစ်မှူးတွေဖြစ်တဲ့ အော်တာမန်ဒီနဲ့ ဂျွန်စတုန်းတို့ဟာ လာပေါ်တေးနေရာကို အစားဝင်ပြီး ဦးဆောင်ပေးဖို့ လုံလောက်ခြင်း မရှိခြင်းဖြစ်ကြောင်း သုံးသပ်လာပါတယ်။

ဝက်ဟမ်းကွင်းလယ်ခံစစ်သမား ရိုက်က သူဟာ သူ့ရဲ့ ကိုယ်ပိုင်ပွဲတွေမှာ တိုးတက်မှုတွေအတွက် မန်စီးတီးးနဲ့ မန်ယူအသင်းရဲ့ ကောင်တာ ကစားဟန်တွေကို ကြည့်ပြီး လေ့လာခဲ့ရပါတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

မန်စီးတီးအစွန်လူ ဝေါ်ကာဟာ ကလပ်အသင်းမှာ ကြားကာလတစ်ခုကို ရင်ဆိုင်နေရတယ်လို့ သတင်းထွက်နေပါတယ်။ အစွန်လူသစ်ဖြစ်တဲ့ ကန်ဆယ်လို အဆင်သင့်ဖြစ်လာတဲ့ပေါ် မူတည်ပြီး မန်နေဂျာဂွာဒီယိုလာဟာ ဝေါ်ကာကို အစွန်နေရာမှာ မသုံးခြင်း ဖြစ်နိုင်သလို ဗဟိုခံစစ်မှူးအဖြစ်လဲ ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။