လီဗာပူး လူငယ္တိုက္စစ္မွဴးေလး ဘရူစတားဟာ ခ်န္ပီယံလိဂ္ အုပ္စုပြဲ ကစားမယ့္ လီဗာပူး အသင္းၾကီးနဲ႔အတူ အီတလီမွာ ေရာက္ရွိေနပါတယ္။ ဒီည ကစားမယ့္ နာပိုလီနဲ႕ပြဲမွာ ကစားခြင့္ မရခဲ့ရင္ေတာင္ ဘရူစတားဟာ လာမယ့္ တနဂၤေႏြေန႔မွာ ကစားမယ့္ ခ်ယ္ဆီးနဲ႕ ပြဲမွာေတာ့ ကစားရဖြယ္ ရွိပါတယ္။

ဒီညမွာ ရင္ဆိုင္မယ့္ နာပိုလီဟာ တကယ့္အသင္းေကာင္း တစ္သင္း ျဖစ္တဲ့အတြက္ အထူး ဂရုစိုက္ကစားဖို႔ လိုမယ္လို႔ ဆိုခဲ့ျပီး ေပါ့ဆရင္ ေပးဆင္မႈၾကီး သြားလိမ့္မယ္လို႔ လီဗာပူး ခံစစ္မွဴး အန္ဒီ ေရာ္ဘတ္ဆန္က သတိေပးလိုက္ပါတယ္။

လီဗာပူးဟာ ၿပီးခဲ့တဲ့ႏွစ္ ေဘာလံုးရာသီမွာ ခ်န္ပီယံလိဂ္အုပ္စု အေဝးကြင္း ၃ ပြဲစလံုး ရံႈးနိမ့္ထားတာပါ။ နာပိုလီ၊ ပီအက္စ္ဂ်ီနဲ႔ ရပ္စတား ဘဲလ္ဂရိတ္ အသင္းေတြကို ရံႈးနိမ့္ခဲ့တာ ျဖစ္ပါတယ္။

ယူနိုုက္တက္ ခံစစ္မွဴးေဟာင္း ဂယ္ရီ နဗီး က လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္ လုပ္ေဆာင္ခဲ့သလို ယူနိုက္တက္နည္းျပ ဆိုးရွားလည္း အသင္းကို အခ်ိန္ေပးျပန္လည္တည္ေဆာက္ဖို႔ လိုက္လံ လုပ္ေဆာင္သင့္ေၾကာင္း အၾကံျပဳစကားဆိုခဲ့ပါတယ္။

လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္ရဲ႕ေအးဂ်င့္ကေတာ့ ကေလာ့ပ္ဟာ လက္ရွိ စာခ်ဳပ္ ကုန္ဆံုးရင္ လီဗာပူးနဲ႕ လမ္းခြဲမယ္ဆိုတဲ့ သတင္းေတြကို ပယ္္ခ်လိုက္ပါတယ္။ စာခ်ဳပ္သစ္အတြက္ ေဆြးေႏြးဖို႔ အခ်ိန္ေတြ အမ်ားၾကီး က်န္ေသးျပီး လီဗာပူးက ထြက္ဖို႔ဆိုရင္ ရာသီဥတု ဆိုး၀ါးလြန္းလို႔မွ သာ ျဖစ္မွပဲလို႔ အရႊန္းေဖာက္ကာ ေျပာဆိုသြားပါတယ္။

ဒီႏွစ္ ခ်န္ပီယံလိဂ္ ဖလား ဗိုလ္စြဲဖို႔ လက္ရိွ ခ်န္ပီယံလိဂ္ ခ်န္ပီယံ လီဗာပူးနဲ႔ မန္စီးတီးတို႔ ေရပန္းစားေနေၾကာင္း လီဗာပူး ကစားသမားေဟာင္း ဟာမန္းက အင္တာဗ်ဴးတစ္ခုမွာ ေျဖၾကားခဲ့ပါတယ္။

လီဗာပူး အစြန္ခံစစ္မွဴး ထရန္႔ အလက္ဇန္းဒါးအာႏုိး က ဟာဇက္ကဲ့သလို႔ အစြမ္းထက္တဲ့ နာပိုလီ ေတာင္ပံ တုိက္စစ္သမား ေလာ္ရန္ဇုိ အင္ဆစ္နီ ရဲ႕ ျခိမ္းေျခာက္နုိင္စြမ္းအေပၚ သတိၾကီးၾကီး ထားရမယ္္လို႕ ၀န္ခံသြားပါတယ္။

နာပိုလီ နည္းျပ အန္ဆယ္ေလာ့တီကေတာ့ ဒီႏွစ္ လီဗာပူးဟာ မႏွစ္ကထက္ အမ်ားၾကီးေတာင့္တင္းတယ္လို႔ မွတ္ခ်က္ေပးလိုက္ျပီး တစ္သင္းလံုး ရဲ႕ ယံုၾကည္ခ်က္ေတြဟာ အျမင္ဆံုးအထိ ျဖစ္ေနတဲ့ အခ်က္က အေကာင္းဆံုး လက္နက္ ျဖစ္ေနတယ္လို႔ ဆိုပါတယ္။

Myan News

UNICODE – လီဗာပူး လူငယ်တိုက်စစ်မှူးလေး ဘရူစတားဟာ ချန်ပီယံလိဂ် အုပ်စုပွဲ ကစားမယ့် လီဗာပူး အသင်းကြီးနဲ့အတူ အီတလီမှာ ရောက်ရှိနေပါတယ်။ ဒီည ကစားမယ့် နာပိုလီနဲ့ပွဲမှာ ကစားခွင့် မရခဲ့ရင်တောင် ဘရူစတားဟာ လာမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် ချယ်ဆီးနဲ့ ပွဲမှာတော့ ကစားရဖွယ် ရှိပါတယ်။

ဒီညမှာ ရင်ဆိုင်မယ့် နာပိုလီဟာ တကယ့်အသင်းကောင်း တစ်သင်း ဖြစ်တဲ့အတွက် အထူး ဂရုစိုက်ကစားဖို့ လိုမယ်လို့ ဆိုခဲ့ပြီး ပေါ့ဆရင် ပေးဆင်မှုကြီး သွားလိမ့်မယ်လို့ လီဗာပူး ခံစစ်မှူး အန်ဒီ ရော်ဘတ်ဆန်က သတိပေးလိုက်ပါတယ်။

လီဗာပူးဟာ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်အုပ်စု အဝေးကွင်း ၃ ပွဲစလုံး ရှုံးနိမ့်ထားတာပါ။ နာပိုလီ၊ ပီအက်စ်ဂျီနဲ့ ရပ်စတား ဘဲလ်ဂရိတ် အသင်းတွေကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက် ခံစစ်မှူးဟောင်း ဂယ်ရီ နဗီး က လီဗာပူးနည်းပြ ယာဂင်ကလော့ပ် လုပ်ဆောင်ခဲ့သလို ယူနိုက်တက်နည်းပြ ဆိုးရှားလည်း အသင်းကို အချိန်ပေးပြန်လည်တည်ဆောက်ဖို့ လိုက်လံ လုပ်ဆောင်သင့်ကြောင်း အကြံပြုစကားဆိုခဲ့ပါတယ်။

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ရဲ့အေးဂျင့်ကတော့ ကလော့ပ်ဟာ လက်ရှိ စာချုပ် ကုန်ဆုံးရင် လီဗာပူးနဲ့ လမ်းခွဲမယ်ဆိုတဲ့ သတင်းတွေကို ပယ်ချလိုက်ပါတယ်။ စာချုပ်သစ်အတွက် ဆွေးနွေးဖို့ အချိန်တွေ အများကြီး ကျန်သေးပြီး လီဗာပူးက ထွက်ဖို့ဆိုရင် ရာသီဥတု ဆိုးဝါးလွန်းလို့မှ သာ ဖြစ်မှပဲလို့ အရွှန်းဖောက်ကာ ပြောဆိုသွားပါတယ်။

ဒီနှစ် ချန်ပီယံလိဂ် ဖလား ဗိုလ်စွဲဖို့ လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ လီဗာပူးနဲ့ မန်စီးတီးတို့ ရေပန်းစားနေကြောင်း လီဗာပူး ကစားသမားဟောင်း ဟာမန်းက အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။

လီဗာပူး အစွန်ခံစစ်မှူး ထရန့် အလက်ဇန်းဒါးအာနိုး က ဟာဇက်ကဲ့သလို့ အစွမ်းထက်တဲ့ နာပိုလီ တောင်ပံ တိုက်စစ်သမား လော်ရန်ဇို အင်ဆစ်နီ ရဲ့ ခြိမ်းခြောက်နိုင်စွမ်းအပေါ် သတိကြီးကြီး ထားရမယ်လို့ ဝန်ခံသွားပါတယ်။

နာပိုလီ နည်းပြ အန်ဆယ်လော့တီကတော့ ဒီနှစ် လီဗာပူးဟာ မနှစ်ကထက် အများကြီးတောင့်တင်းတယ်လို့ မှတ်ချက်ပေးလိုက်ပြီး တစ်သင်းလုံး ရဲ့ ယုံကြည်ချက်တွေဟာ အမြင်ဆုံးအထိ ဖြစ်နေတဲ့ အချက်က အကောင်းဆုံး လက်နက် ဖြစ်နေတယ်လို့ ဆိုပါတယ်။

Myan News