မန္ယူအသင္းနဲ႔ Adidas တို႔ ခ်ဳပ္ဆိုထားတဲ့ ၁၀ ႏွစ္ စာခ်ဳပ္မွာ မန္ယူဘက္က ခ်န္ပီယံလိဂ္ဝင္ခြင့္ ႏွစ္ရာသီဆက္ လြဲေခ်ာ္မယ္ဆိုရင္ စပြန္ဆာေၾကး ၃၀% ေလ်ာ့ခ်ခံရမယ္လို႔ သိရပါတယ္။ ႏွစ္ဘက္ တာဝန္ရွိသူေတြဟာ တစ္ႏွစ္ကို ေပါင္ ၇၅ သန္းထိ တန္ေၾကးရွိမယ့္ စာခ်ဳပ္ကို ကာလရွည္ သေဘာတူညီထားတာပါ။

မန္ယူမွာ ပိုေကာင္းတဲ့ ေထာက္တိုင္ေတြကို ဖန္တီးႏိုင္ဖို႔အတြက္ ထိပ္တန္းကစားသမား ၃ ေယာက္ေခၚယူဖို႔ လိုအပ္တယ္လို႔ ဂယ္ရီနဗီးက ယူဆေနပါတယ္။ အဆိုပါအတြက္လည္း ဂယ္ရီနဗီးက ဗဟိုခံစစ္မွဴး ဗာရိန္း၊ ကြင္းလယ္လူ ကန္တီနဲ႔ တိုက္စစ္မွဴး အမ္ဘက္ပီတို႔လို ကစားသမားေတြကို ေခၚယူလိုေနပါတယ္။

နည္းျပေမာ္ရင္ညိဳေနရာကို ဆိုးရွားဝင္ေရာက္လာခဲ့ၿပီးေနာက္ အဓိက ဦးစားေပးလုပ္ေဆာင္ေနျခင္းက အသင္းအဝတ္လဲခန္းတြင္း ျပိဳကြဲေနတဲ့ စိတ္ဓါတ္ပိုင္းနဲ႔ ေထာက္တိုင္ေတြကို ျပန္တည့္မွတ္ဖို႔ျဖစ္ျပီး လာမယ့္ရာသီမွာ အဓိက ေခၚယူမႈေတြလုပ္ကာ လမ္းေၾကာင္းမွန္ေပၚ ျပန္တည့္မွတ္မွာျဖစ္တယ္ဆိုတဲ့ သံုးသပ္ခ်က္တစ္ေစာင္ ထြက္ေပၚလာပါတယ္။

မန္ယူရဲ႕ ေျခစြမ္း အတုိးတက္ဆံုး ကစားသမားက ကြင္းလယ္ကစားသမား ေတာ္မီေနးျဖစ္ျပီး သူ႔ရဲ႕ ကြင္းလယ္ပိုင္း ေဘာလံုးျဖတ္ေတာက္မႈနဲ႔ ျဖန္႔ေဝမႈေတြက တစ္ရွိန္ထိုး တိုးတက္လာေနတယ္လုိ႔ မွတ္တမ္းေတြက ေဖာ္ျပေနပါတယ္။ ေတာ္မီေနးဟာ ျပိဳင္ဘက္ တုိက္စစ္ေတြကို ရပ္တန္႔ေစဖို႔ပိုင္းကိုလည္း အဓိက တာဝန္ယူလာရသူျဖစ္ပါတယ္။

မန္ယူကြင္းလယ္လူမာတာက လူငယ္ကစားသမားေတြနဲ႔ ပက္သက္ျပီး ဂိုးမက္စ္က ပင္ကိုယ္အရည္အေသြးရွိသူ၊ တာဟစ္ေခ်ာင္က ေတာင္ပံအားသန္သူ၊ ဂါနာက တည္ျငိမ္ျပီး ဂရင္းဝုဒ္က အဆံုးသတ္ပိုင္း ေသခ်ာသူလို႔ မွတ္ခ်က္ေတြ ေပးခဲ့ပါတယ္။

ဒီအပတ္ ယူရိုပါလိဂ္ပြဲမွာေတာ့ မန္ယူအသင္း ဂိုးေပါက္ကို ေလာေလာလတ္လတ္ စာခ်ဳပ္သစ္ခ်ဳပ္ထားတဲ့ ဒီဂီယာအစား အရန္ဂိုးသမား ရိုမီယို ပြဲထြက္မယ္လို႔ သတင္းေတြ က်ယ္ျပန္႔ေနပါတယ္။ အဆိုပါပြဲမွာ ေပါ့ဘာနဲ႔ မာရွယ္တုိ႔လည္း ပါဝင္ႏုိင္ေသးဖြယ္ မရွိပါဘူး။

မန္ယူအသင္းဟာ လာမယ့္ေစ်းကြက္မွာ အဂၤလန္သား ကစားသမားေတြကို အဓိက ေခၚယူႏုိင္ျပီးး ဆန္ခ်ိဳ၊ မတ္ဒီဆန္၊ ဝီဆန္တို႔နဲ႔ သတင္းထြက္ေနပါတယ္။ မန္ယူဟာ ခံစစ္အတြက္လည္း ေပၚတူဂီကို ကင္းေထာက္ေတြ မၾကာခဏ ေစလႊတ္ေလ့ရွိတယ္လို႔ သိရပါတယ္။

UNICODE

မန်ယူအသင်းနဲ့ Adidas တို့ ချုပ်ဆိုထားတဲ့ ၁၀ နှစ် စာချုပ်မှာ မန်ယူဘက်က ချန်ပီယံလိဂ်ဝင်ခွင့် နှစ်ရာသီဆက် လွဲချော်မယ်ဆိုရင် စပွန်ဆာကြေး ၃၀% လျော့ချခံရမယ်လို့ သိရပါတယ်။ နှစ်ဘက် တာဝန်ရှိသူတွေဟာ တစ်နှစ်ကို ပေါင် ၇၅ သန်းထိ တန်ကြေးရှိမယ့် စာချုပ်ကို ကာလရှည် သဘောတူညီထားတာပါ။

မန်ယူမှာ ပိုကောင်းတဲ့ ထောက်တိုင်တွေကို ဖန်တီးနိုင်ဖို့အတွက် ထိပ်တန်းကစားသမား ၃ ယောက်ခေါ်ယူဖို့ လိုအပ်တယ်လို့ ဂယ်ရီနဗီးက ယူဆနေပါတယ်။ အဆိုပါအတွက်လည်း ဂယ်ရီနဗီးက ဗဟိုခံစစ်မှူး ဗာရိန်း၊ ကွင်းလယ်လူ ကန်တီနဲ့ တိုက်စစ်မှူး အမ်ဘက်ပီတို့လို ကစားသမားတွေကို ခေါ်ယူလိုနေပါတယ်။

နည်းပြမော်ရင်ညိုနေရာကို ဆိုးရှားဝင်ရောက်လာခဲ့ပြီးနောက် အဓိက ဦးစားပေးလုပ်ဆောင်နေခြင်းက အသင်းအဝတ်လဲခန်းတွင်း ပြိုကွဲနေတဲ့ စိတ်ဓါတ်ပိုင်းနဲ့ ထောက်တိုင်တွေကို ပြန်တည့်မှတ်ဖို့ဖြစ်ပြီး လာမယ့်ရာသီမှာ အဓိက ခေါ်ယူမှုတွေလုပ်ကာ လမ်းကြောင်းမှန်ပေါ် ပြန်တည့်မှတ်မှာဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်တစ်စောင် ထွက်ပေါ်လာပါတယ်။

မန်ယူရဲ့ ခြေစွမ်း အတိုးတက်ဆုံး ကစားသမားက ကွင်းလယ်ကစားသမား တော်မီနေးဖြစ်ပြီး သူ့ရဲ့ ကွင်းလယ်ပိုင်း ဘောလုံးဖြတ်တောက်မှုနဲ့ ဖြန့်ဝေမှုတွေက တစ်ရှိန်ထိုး တိုးတက်လာနေတယ်လို့ မှတ်တမ်းတွေက ဖော်ပြနေပါတယ်။ တော်မီနေးဟာ ပြိုင်ဘက် တိုက်စစ်တွေကို ရပ်တန့်စေဖို့ပိုင်းကိုလည်း အဓိက တာဝန်ယူလာရသူဖြစ်ပါတယ်။

မန်ယူကွင်းလယ်လူမာတာက လူငယ်ကစားသမားတွေနဲ့ ပက်သက်ပြီး ဂိုးမက်စ်က ပင်ကိုယ်အရည်အသွေးရှိသူ၊ တာဟစ်ချောင်က တောင်ပံအားသန်သူ၊ ဂါနာက တည်ငြိမ်ပြီး ဂရင်းဝုဒ်က အဆုံးသတ်ပိုင်း သေချာသူလို့ မှတ်ချက်တွေ ပေးခဲ့ပါတယ်။

ဒီအပတ် ယူရိုပါလိဂ်ပွဲမှာတော့ မန်ယူအသင်း ဂိုးပေါက်ကို လောလောလတ်လတ် စာချုပ်သစ်ချုပ်ထားတဲ့ ဒီဂီယာအစား အရန်ဂိုးသမား ရိုမီယို ပွဲထွက်မယ်လို့ သတင်းတွေ ကျယ်ပြန့်နေပါတယ်။ အဆိုပါပွဲမှာ ပေါ့ဘာနဲ့ မာရှယ်တို့လည်း ပါဝင်နိုင်သေးဖွယ် မရှိပါဘူး။

မန်ယူအသင်းဟာ လာမယ့်ဈေးကွက်မှာ အင်္ဂလန်သား ကစားသမားတွေကို အဓိက ခေါ်ယူနိုင်ပြီးး ဆန်ချို၊ မတ်ဒီဆန်၊ ဝီဆန်တို့နဲ့ သတင်းထွက်နေပါတယ်။ မန်ယူဟာ ခံစစ်အတွက်လည်း ပေါ်တူဂီကို ကင်းထောက်တွေ မကြာခဏ စေလွှတ်လေ့ရှိတယ်လို့ သိရပါတယ်။