ကန္ေတနဲ႕ အိုဒြိဳင္းတို႔ နွစ္ေယာက္လံုးဟာ အေျခအေနေတြ ေကာင္းမြန္ေနေပမယ့္ ပြဲကစားဖို႔ လံုေလာက္တဲ့ ၾကံ႕ခိုင္မႈ မရွိေသးဘူးလို႔ လမ္းပတ္က ဆိုလိုက္ျပီး ဗလင္စီယာနဲ႕ ပြဲကို နွစ္ဦးလံုး လြဲေခ်ာ္ျပီ ျဖစ္ပါတယ္။

ခ်ယ္ဆီး ဂိုးသမား ကီပါဟာ ယခင္က ခ်န္ပီယံလိဂ္ပြဲ တစ္ခါမွ မကစားဖူးတာေၾကာင့္ ဒီည စတန္းဖို႔ဘရစ္မွာ ဗလန္စီယာနဲ႕ ရင္ဆုိင္ရမယ့္ပြဲက ၄င္း ကစားသမားဘ၀ ပထမဆံုး ခ်န္ပီယံလိဂ္ ပြဲ ျဖစ္ပါတယ္။

ကီပါ အျပင္ ဒီေန႔ညကမွာ ပထမဆံုး ခ်န္ပီယံလိဂ္ ပြဲစဥ္ ကို ကစားမယ့္ ကစားသမားအခ်ိဳ႕ လည္း ရွိေနပါေသးတယ္။ သူတို႔ေတြကေတာ့ ခ်ယ္ဆီးအကယ္ဒမီထြက္ေတြ ျဖစ္တဲ့ ေအဗရာဟမ္၊ ေမဆန္ေမာင့္နဲ႕ တိုမိုရီတို႔ ျဖစ္ပါတယ္။ ကီပါကေတာ့ သူတို႔ဟာ ခ်န္ပီယံလိဂ္ ပထမဆံုးပြဲ အတြက္ အေကာင္းဆံုး ၾကိဳးစားသြားမယ္လို႔ ဆိုထားပါတယ္။

ဗလင္စီယာနဲ႕ ခ်န္ပီယံလိဂ္ အုပ္စုအဖြင့္ ပြဲစဥ္မွာ ရူဒီဂါနဲ႕ အီမာဆန္လည္း ပါ၀င္နိုင္မွာ မဟုတ္ေၾကာင္း လမ္းပတ္က အတည္ျပဳသြားပါတယ္။ ရူဒီဂါက ေပါင္ျခံဒဏ္ရာ ရွိေနျပီး ဘရာဇီးသား အီမာဆန္လည္းက နုိင္ငံအသင္းနဲ႕ရွိစဥ္ ေပါင္မွာ ဒဏ္ရာ ရထားခဲ့တာပါ။

ခ်ယ္ဆီးနည္းျပ ဖရန္႔လမ္းပတ္ဟာ ခ်န္ပီယံလိဂ္မွာ နည္းျပအေတြ႔အၾကံဳ မရွိေသးေပမယ့္ ၄င္းရဲ႕ ပထမဆံုး ဥေရာပပြဲအတြက္ လူငယ္ေတြနဲ႕ အေကာင္းဆံုး ပြဲထြက္ဖို႔ ျပင္ဆင္ထားျပီး စိတ္ဓာတ္တက္ၾကြေနပါတယ္။

လက္ရွိ ခ်ယ္ဆီး နည္းျပ ဖရန္႕လမ္းပတ္ ဟာ ကစားသမားဘ၀က ဗလန္စီယာအသင္းနဲ႕ ထိပ္တိုက္ ရင္ဆိုင္ခဲ့သမွ် ရွံဳးပြဲ တစ္ပြဲမွာ မၾကံဳဖူးပါဘူး။ ဒါ့အျပင္ ခ်ယ္ဆီးက ခ်န္ပီယံလိဂ္မွာ ဗလန္စီယာနဲ႕ ၆ ၾကိမ္ ကစားဖူးရာ ၃ပြဲနိုင္ ၃ပြဲ သေရ ရထားပါတယ္။

ခ်ယ္ဆီးနဲ႕ ရင္ဆိုင္ရမယ့္ ဗလန္စီယာအသင္း ကစားသမားေတြဟာ မေန႔ကပြဲၾကိဳ သတင္းစာရွင္းလင္းပြဲကို တက္ဖို႔ ျငင္းဆန္ခဲ့ၾကျပီး နည္းျပသစ္ ဆီလာဒက္စ္ သာ ပြဲၾကိဳသို႔ တက္ေရာက္ခဲ့ပါတယ္။ ဗလန္စီယာဟာ နည္းျပအေျပာင္းအလဲ လုပ္ထားစ ျဖစ္ျပီး အသင္းတြင္း မတည္ျငိမ္မႈေတြ ရွိေနပါတယ္။

ခ်ယ္ဆီးနည္းျပ လမ္းပတ္ကေတာ့ နည္းျပ အေျပာင္းအလဲ ရွိထားျပီး ဘာစီလိုနာကို ဂိုးျပတ္ရွံဳးထားတဲ့ အသင္း ျဖစ္ေပမယ့္ ဗလန္စီယာကို ေလွ်ာ့တြက္လို႔ မရေၾကာင္း သတိေပးလိုက္ျပီး ခက္ခဲတဲ့ ပြဲစဥ္ျဖစ္မယ္ ေမွ်ာ္လင့္ထားေၾကာင္း ပြဲၾကိဳမွာ ေျဖၾကားထားပါတယ္။

ခ်ယ္ဆီးကြင္းလယ္ၾကယ္ပြင့္ေဟာင္း အီဒင္ ဟာဇက္ကေတာ့ အသင္းသစ္ ရီးရဲလ္မက္ဒရစ္ အသင္း ပရိသတ္ေတြဟာ ခ်ယ္ဆီး အသင္းပရိသတ္ေတြထက္ ေဘာလံုးကို ပိုနားလည္ကာ အားေပးမႈ ျပင္းထန္တယ္လို႔ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

Myan News

UNICODE – ကန်တေနဲ့ အိုဒွိုင်းတို့ နှစ်ယောက်လုံးဟာ အခြေအနေတွေ ကောင်းမွန်နေပေမယ့် ပွဲကစားဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှု မရှိသေးဘူးလို့ လမ်းပတ်က ဆိုလိုက်ပြီး ဗလင်စီယာနဲ့ ပွဲကို နှစ်ဦးလုံး လွဲချော်ပြီ ဖြစ်ပါတယ်။

ချယ်ဆီး ဂိုးသမား ကီပါဟာ ယခင်က ချန်ပီယံလိဂ်ပွဲ တစ်ခါမှ မကစားဖူးတာကြောင့် ဒီည စတန်းဖို့ဘရစ်မှာ ဗလန်စီယာနဲ့ ရင်ဆိုင်ရမယ့်ပွဲက ၎င်း ကစားသမားဘ၀ ပထမဆုံး ချန်ပီယံလိဂ် ပွဲ ဖြစ်ပါတယ်။

ကီပါ အပြင် ဒီနေ့ညကမှာ ပထမဆုံး ချန်ပီယံလိဂ် ပွဲစဉ် ကို ကစားမယ့် ကစားသမားအချို့ လည်း ရှိနေပါသေးတယ်။ သူတို့တွေကတော့ ချယ်ဆီးအကယ်ဒမီထွက်တွေ ဖြစ်တဲ့ အေဗရာဟမ်၊ မေဆန်မောင့်နဲ့ တိုမိုရီတို့ ဖြစ်ပါတယ်။ ကီပါကတော့ သူတို့ဟာ ချန်ပီယံလိဂ် ပထမဆုံးပွဲ အတွက် အကောင်းဆုံး ကြိုးစားသွားမယ်လို့ ဆိုထားပါတယ်။

ဗလင်စီယာနဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့် ပွဲစဉ်မှာ ရူဒီဂါနဲ့ အီမာဆန်လည်း ပါဝင်နိုင်မှာ မဟုတ်ကြောင်း လမ်းပတ်က အတည်ပြုသွားပါတယ်။ ရူဒီဂါက ပေါင်ခြံဒဏ်ရာ ရှိနေပြီး ဘရာဇီးသား အီမာဆန်လည်းက နိုင်ငံအသင်းနဲ့ရှိစဉ် ပေါင်မှာ ဒဏ်ရာ ရထားခဲ့တာပါ။

ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်ဟာ ချန်ပီယံလိဂ်မှာ နည်းပြအတွေ့အကြုံ မရှိသေးပေမယ့် ၎င်းရဲ့ ပထမဆုံး ဥရောပပွဲအတွက် လူငယ်တွေနဲ့ အကောင်းဆုံး ပွဲထွက်ဖို့ ပြင်ဆင်ထားပြီး စိတ်ဓာတ်တက်ကြွနေပါတယ်။

လက်ရှိ ချယ်ဆီး နည်းပြ ဖရန့်လမ်းပတ် ဟာ ကစားသမားဘဝက ဗလန်စီယာအသင်းနဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့သမျှ ရှုံးပွဲ တစ်ပွဲမှာ မကြုံဖူးပါဘူး။ ဒါ့အပြင် ချယ်ဆီးက ချန်ပီယံလိဂ်မှာ ဗလန်စီယာနဲ့ ၆ ကြိမ် ကစားဖူးရာ ၃ပွဲနိုင် ၃ပွဲ သရေ ရထားပါတယ်။

ချယ်ဆီးနဲ့ ရင်ဆိုင်ရမယ့် ဗလန်စီယာအသင်း ကစားသမားတွေဟာ မနေ့ကပွဲကြို သတင်းစာရှင်းလင်းပွဲကို တက်ဖို့ ငြင်းဆန်ခဲ့ကြပြီး နည်းပြသစ် ဆီလာဒက်စ် သာ ပွဲကြိုသို့ တက်ရောက်ခဲ့ပါတယ်။ ဗလန်စီယာဟာ နည်းပြအပြောင်းအလဲ လုပ်ထားစ ဖြစ်ပြီး အသင်းတွင်း မတည်ငြိမ်မှုတွေ ရှိနေပါတယ်။

ချယ်ဆီးနည်းပြ လမ်းပတ်ကတော့ နည်းပြ အပြောင်းအလဲ ရှိထားပြီး ဘာစီလိုနာကို ဂိုးပြတ်ရှုံးထားတဲ့ အသင်း ဖြစ်ပေမယ့် ဗလန်စီယာကို လျှော့တွက်လို့ မရကြောင်း သတိပေးလိုက်ပြီး ခက်ခဲတဲ့ ပွဲစဉ်ဖြစ်မယ် မျှော်လင့်ထားကြောင်း ပွဲကြိုမှာ ဖြေကြားထားပါတယ်။

ချယ်ဆီးကွင်းလယ်ကြယ်ပွင့်ဟောင်း အီဒင် ဟာဇက်ကတော့ အသင်းသစ် ရီးရဲလ်မက်ဒရစ် အသင်း ပရိသတ်တွေဟာ ချယ်ဆီး အသင်းပရိသတ်တွေထက် ဘောလုံးကို ပိုနားလည်ကာ အားပေးမှု ပြင်းထန်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

Myan News