လီဗာပူးဘယ္အစြန္လူ ေရာ္ဘတ္ဆန္ဟာ ၾကံ႕ခိုင္မႈကိစၥ စစ္ေဆးမႈ အဆင္မေျပလို႔ ပြဲထြက္ခြင့္မရဘူးဆိုရင္ နာပိုလီနဲ႔ပြဲမွာ မန္ေနဂ်ာယာဂင္ကေလာ့ပ္က ေရြးခ်ယ္မႈတစ္ခုကို ျပဳလုပ္ရေတာ့မွာပဲ ျဖစ္ပါတယ္။

ေရာ္ဘတ္ဆန္ဟာ ခ်န္ပီယံလိဂ္ျပိဳင္ပြဲအတြက္ လီဗာပူးအသင္းသား ၂၀ ဦးစာရင္းမွာ ပါဝင္ခဲ့ေပမယ့္လည္း ပြဲၾကိဳ ေလ့က်င့္ေရးမွာ ပါဝင္ႏုိင္ခဲ့ျခင္း မရွိပါဘူူး။ နယူးကာဆယ္ကို အႏုိင္ရတဲ့ပြဲမွာ ေျခစြမ္းေကာင္းခဲ့တဲ့ ေရာ္ဘတ္ဆန္ဟာ ၾကံ႔ခိုင္မႈဆိုင္ရာ ျပသနာ ရွိေနတယ္လုိ႔ ယူဆရတယ္။

ေရာ္ဘတ္ဆန္ရဲ႕ ဒဏ္ရာအေျခအေနနဲ႔ ပက္သက္လို႔ ယာဂင္ကေလာ့ပ္ကပဲ “ ရိုဘို မေန႔က ေလ့က်င့္ေရး မဆင္းႏုိင္ခဲ့ပါဘူး။ သူ႔ရဲ႕ဒဏ္ရာက မျပင္းထန္ေပမယ့္ က်ေနာ္တို႔ ၾကည့္ရပါမယ္။ သူပါဝင္ကစားႏုိင္မလား ရာႏႈန္းျပည့္ မေသခ်ာပါဘူး။ ပြဲမတိုင္ခင္ စစ္ေဆးမႈမွာ သူ ကစားႏုိင္မလားဆိုတာ သိရမွာပါ ” လို႔ ဆိုခဲ့တာပါ။

ေရာ္ဘတ္ဆန္ မကစားႏုိင္ရင္ေတာ့ လီဗာပူးအသင္းမွာ ဘယ္အစြန္ေနရာအတြက္ ပံုမွန္ကစားႏုိင္မယ့္ ကစားသမားမ်ိဳး မရွိပါဘူး။ မိုရီႏိုကို လက္လြတ္ထားရျပီျဖစ္ျပီး ဘယ္အစြန္အတြက္ ယူ-၂၃နဲ႔ ယူ-၁၈ အသင္းမွ အသင္းသားေတြ ရွိေပမယ့္ ေနပယ္ခရီးစဥ္မွာ တစ္ဦးမွ ပါဝင္သြားခဲ့ျခင္း မရွိတာျဖစ္တယ္။

ယာဂင္ကေလာ့ပ္ဟာ ဘယ္အစြန္အတြက္ေတာ့ အျခားေသာ အသင္းသားေတြထဲက မီလ္နာကို ဦးစားေပးအျဖစ္ ေရြးခ်ယ္ဖြယ္ရွိတယ္။ ဒါ့အျပင္ ဖာဘင္ညိဳ၊ အာႏိုးနဲ႔ ဂိုးမက္စ္တို႔ကိုလည္း ဘယ္အစြန္အတြက္ သံုးႏုိင္ပါတယ္။ အာႏိုးနဲ႔ ဂိုးမက္စ္ဟာ ညာအစြန္လူေတြျဖစ္ေပမယ့္ ဘယ္အစြန္ေနရာအတြက္ပါ ေကာင္းေကာင္းသံုးႏုိင္တာျဖစ္ပါတယ္။

UNICODE

လီဗာပူးဘယ်အစွန်လူ ရော်ဘတ်ဆန်ဟာ ကြံ့ခိုင်မှုကိစ္စ စစ်ဆေးမှု အဆင်မပြေလို့ ပွဲထွက်ခွင့်မရဘူးဆိုရင် နာပိုလီနဲ့ပွဲမှာ မန်နေဂျာယာဂင်ကလော့ပ်က ရွေးချယ်မှုတစ်ခုကို ပြုလုပ်ရတော့မှာပဲ ဖြစ်ပါတယ်။

ရော်ဘတ်ဆန်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် လီဗာပူးအသင်းသား ၂၀ ဦးစာရင်းမှာ ပါဝင်ခဲ့ပေမယ့်လည်း ပွဲကြို လေ့ကျင့်ရေးမှာ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူူး။ နယူးကာဆယ်ကို အနိုင်ရတဲ့ပွဲမှာ ခြေစွမ်းကောင်းခဲ့တဲ့ ရော်ဘတ်ဆန်ဟာ ကြံ့ခိုင်မှုဆိုင်ရာ ပြသနာ ရှိနေတယ်လို့ ယူဆရတယ်။

ရော်ဘတ်ဆန်ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပက်သက်လို့ ယာဂင်ကလော့ပ်ကပဲ “ ရိုဘို မနေ့က လေ့ကျင့်ရေး မဆင်းနိုင်ခဲ့ပါဘူး။ သူ့ရဲ့ဒဏ်ရာက မပြင်းထန်ပေမယ့် ကျနော်တို့ ကြည့်ရပါမယ်။ သူပါဝင်ကစားနိုင်မလား ရာနှုန်းပြည့် မသေချာပါဘူး။ ပွဲမတိုင်ခင် စစ်ဆေးမှုမှာ သူ ကစားနိုင်မလားဆိုတာ သိရမှာပါ ” လို့ ဆိုခဲ့တာပါ။

ရော်ဘတ်ဆန် မကစားနိုင်ရင်တော့ လီဗာပူးအသင်းမှာ ဘယ်အစွန်နေရာအတွက် ပုံမှန်ကစားနိုင်မယ့် ကစားသမားမျိုး မရှိပါဘူး။ မိုရီနိုကို လက်လွတ်ထားရပြီဖြစ်ပြီး ဘယ်အစွန်အတွက် ယူ-၂၃နဲ့ ယူ-၁၈ အသင်းမှ အသင်းသားတွေ ရှိပေမယ့် နေပယ်ခရီးစဉ်မှာ တစ်ဦးမှ ပါဝင်သွားခဲ့ခြင်း မရှိတာဖြစ်တယ်။

ယာဂင်ကလော့ပ်ဟာ ဘယ်အစွန်အတွက်တော့ အခြားသော အသင်းသားတွေထဲက မီလ်နာကို ဦးစားပေးအဖြစ် ရွေးချယ်ဖွယ်ရှိတယ်။ ဒါ့အပြင် ဖာဘင်ညို၊ အာနိုးနဲ့ ဂိုးမက်စ်တို့ကိုလည်း ဘယ်အစွန်အတွက် သုံးနိုင်ပါတယ်။ အာနိုးနဲ့ ဂိုးမက်စ်ဟာ ညာအစွန်လူတွေဖြစ်ပေမယ့် ဘယ်အစွန်နေရာအတွက်ပါ ကောင်းကောင်းသုံးနိုင်တာဖြစ်ပါတယ်။