ဖရန္႔လမ္းပတ္က ခ်ယ္ဆီးအသင္းဟာ ခ်န္ပီယံလိဂ္ျပိဳင္ပြဲကို အေကာင္းဆံုး ပါဝင္ယွဥ္ျပိဳင္ႏုိင္တယ္လို႔ ယံုၾကည္ေနေပမယ့္ အုပ္စုအဆင့္ကေန ေက်ာ္လြန္ျခင္း မတိုင္ခင္မွာ အျခားေသာ အဆင့္ေတြကို ေက်ာ္မၾကည့္ဖိုဖ႔လည္း စိတ္ပိုင္းျဖတ္ထားပါတယ္။

ခ်ယ္ဆီးအသင္းဟာ ဒီကေန႔မွာေတာ့ အုပ္စုတြင္းပြဲ အဖြင့္ပြဲအျဖစ္ ဗလန္စီယာကို အိမ္ကြင္းမွာ ဧည့္ခံ ယွဥ္ျပိဳင္ရမွာပါ။ လမ္းပတ္က ကလပ္ရဲ႕ လူငယ္ေတြကို အေတာ္ေလး ယံုၾကည္မႈ ျပင္းထန္ေနျပီး ပရီမီးယားလိဂ္မွာ ျပသတဲ့ ေျခစြမ္းေတြကို ထိန္းသိမ္းႏုိင္မယ္ ယံုၾကည္ေနတယ္။ ဒါေပမယ့္လို႔ ဥေရာပျပိဳင္ပြဲဆိုတာ ျခားနားတ့ ျပိဳင္ပြဲျဖစ္ေၾကာင္းလည္း နားလည္ထားပါတယ္။

လမ္းပတ္က ” က်ေနာ္တို႔ ယံုၾကည္မႈရွိသလို အႏၱရာယ္ၾကီးမႈေတြကိုလည္း သိထားပါတယ္။ က်ေနာ္တုိ႔ရဲ႕ ပစ္မွတ္က ခက္ခဲတဲ့ အုပ္စုအဆင့္ကေန ေက်ာ္လြန္ဖို႔ျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္က ပရီးမီးယားလိဂ္နဲ႔ ျခားနားပါတယ္။ အေရးၾကီးဆံုးကေတာ့ အာရံုစူးစိုက္မႈအျပည့္နဲ ျပိဳင္ပြဲေတြကို ေက်ာ္ျဖတ္ဖို႔ပါ။ ျခားနားတဲ့ အဆင့္ေတြက ကိုယ္ကို အံ့အားသင့္ေစပါတယ္။

က်ေနာ္ရဲ႕ ကစားသမားေတြကို ယံုၾကည္ပါတယ္။ သူတုိ႔က ခ်န္ပီယံလိဂ္ကို ပါဝင္ယွဥ္ျပိဳင္ႏုိင္စြမ္းရွိတယ္။ က်ေနာ္မွာ သိပ္ေကာင္းတဲ့ ခ်န္ပီယံလိဂ္ညေတြ ရွိခဲ့ပါတယ္။ ေနာက္ျပီး ဆိုးရြားတဲ့ ညေတြေကာပါပဲ။ ခ်န္ပီယံလိဂ္က က်ေနာ္တို႔အတြက္ အရမ္းေကာင္းတဲ့ ျပိဳင္ပြဲျဖစ္ျပီး ခ်န္ပီယံလိဂ္ သံစဥ္ေကာပါပဲ။ က်ေနာ္ အရမ္း ဂုဏ္ယူပါတယ္ ” လို႔ ဆိုခဲ့ပါတယ္။

လမ္းပတ္ဟာ လြန္ခဲ့တဲ့ ခုႏွစ္ႏွစ္တုန္းက လန္ဒန္အသင္းေတြထဲ တစ္လံုးတည္ေသာ ခ်န္ပီယံလိဂ္ဖလား အႏုိင္ရအသင္းအျဖစ္ ခ်ယ္ဆီးကို မွတ္တမ္းဝင္ေစမယ့္ ေအာင္ျမင္မႈမွာ ပါဝင္ႏုိင္ခဲ့သူပါ။ သူဟာ မန္ေနဂ်ာဘဝ ပထမဆံုးေသာ ခ်န္ပီယံလိဂ္ျပိဳင္ပြဲကို ဒီကေန႔မွာ ယွဥ္ျပိဳင္သြားရမွာပဲျဖစ္ပါတယ္။

UNICODE

ဖရန့်လမ်းပတ်က ချယ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်နိုင်တယ်လို့ ယုံကြည်နေပေမယ့် အုပ်စုအဆင့်ကနေ ကျော်လွန်ခြင်း မတိုင်ခင်မှာ အခြားသော အဆင့်တွေကို ကျော်မကြည့်ဖိုဖ့လည်း စိတ်ပိုင်းဖြတ်ထားပါတယ်။

ချယ်ဆီးအသင်းဟာ ဒီကနေ့မှာတော့ အုပ်စုတွင်းပွဲ အဖွင့်ပွဲအဖြစ် ဗလန်စီယာကို အိမ်ကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်ရမှာပါ။ လမ်းပတ်က ကလပ်ရဲ့ လူငယ်တွေကို အတော်လေး ယုံကြည်မှု ပြင်းထန်နေပြီး ပရီမီးယားလိဂ်မှာ ပြသတဲ့ ခြေစွမ်းတွေကို ထိန်းသိမ်းနိုင်မယ် ယုံကြည်နေတယ်။ ဒါပေမယ့်လို့ ဥရောပပြိုင်ပွဲဆိုတာ ခြားနားတ့ ပြိုင်ပွဲဖြစ်ကြောင်းလည်း နားလည်ထားပါတယ်။

လမ်းပတ်က ” ကျနော်တို့ ယုံကြည်မှုရှိသလို အန္တရာယ်ကြီးမှုတွေကိုလည်း သိထားပါတယ်။ ကျနော်တို့ရဲ့ ပစ်မှတ်က ခက်ခဲတဲ့ အုပ်စုအဆင့်ကနေ ကျော်လွန်ဖို့ဖြစ်ပါတယ်။ ချန်ပီယံလိဂ်က ပရီးမီးယားလိဂ်နဲ့ ခြားနားပါတယ်။ အရေးကြီးဆုံးကတော့ အာရုံစူးစိုက်မှုအပြည့်နဲ ပြိုင်ပွဲတွေကို ကျော်ဖြတ်ဖို့ပါ။ ခြားနားတဲ့ အဆင့်တွေက ကိုယ်ကို အံ့အားသင့်စေပါတယ်။

ကျနော်ရဲ့ ကစားသမားတွေကို ယုံကြည်ပါတယ်။ သူတို့က ချန်ပီယံလိဂ်ကို ပါဝင်ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်။ ကျနော်မှာ သိပ်ကောင်းတဲ့ ချန်ပီယံလိဂ်ညတွေ ရှိခဲ့ပါတယ်။ နောက်ပြီး ဆိုးရွားတဲ့ ညတွေကောပါပဲ။ ချန်ပီယံလိဂ်က ကျနော်တို့အတွက် အရမ်းကောင်းတဲ့ ပြိုင်ပွဲဖြစ်ပြီး ချန်ပီယံလိဂ် သံစဉ်ကောပါပဲ။ ကျနော် အရမ်း ဂုဏ်ယူပါတယ် ” လို့ ဆိုခဲ့ပါတယ်။

လမ်းပတ်ဟာ လွန်ခဲ့တဲ့ ခုနှစ်နှစ်တုန်းက လန်ဒန်အသင်းတွေထဲ တစ်လုံးတည်သော ချန်ပီယံလိဂ်ဖလား အနိုင်ရအသင်းအဖြစ် ချယ်ဆီးကို မှတ်တမ်းဝင်စေမယ့် အောင်မြင်မှုမှာ ပါဝင်နိုင်ခဲ့သူပါ။ သူဟာ မန်နေဂျာဘဝ ပထမဆုံးသော ချန်ပီယံလိဂ်ပြိုင်ပွဲကို ဒီကနေ့မှာ ယှဉ်ပြိုင်သွားရမှာပဲဖြစ်ပါတယ်။