စကိုင္းစေပါ့မွ အားကစားသံုးသပ္သူ ေပါမာဆန္က ဝတ္ဖို႔နဲ႔ပြဲမွာ မယံုႏုိင္ေလာက္ေအာင္ ေျခစြမ္းညံ့ဖ်င္းခဲ့တဲ့ အာဆင္နယ္ရဲ႕ စြမ္းေဆာင္ရည္အတြက္ တစ္ဦးတည္းေသာ အျပစ္တင္ရမယ့္သူက မန္ေနဂ်ာအမ္မရီျဖစ္တယ္လို႔ ဒဲ့တိုး ေျပာဆိုလိုက္ပါတယ္။

ပထမပိုင္းမွာ ေျခအသာနဲ႔ ကစားႏုိင္ခဲ့သလို တိုက္စစ္မွဴး အူဘာမီယန္ရဲ႕ သြင္းဂိုး ႏွစ္ဂိုးနဲ႔ ဦးေဆာင္ခဲ့တဲ့ အာဆင္နယ္ဟာ ဒုတိယပိုင္းမွာေတာ့ ခံစစ္မွဴး ဆိုကေရးတက္စ္နဲ႔ လူးဝစ္တို႔ရဲ႕ အမွားေတြေၾကာင့္ ေျခပဂိုးေတြ ျပန္လည္ ေပးခဲ့ရျပီး ဂိုးသမား လီႏိုနဲ႔ လူးဝစ္တို႔ ခံစစ္ကာကြယ္မႈအခ်ိဳ႕ကို အေကာင္းဆံုး လုပ္ႏုိင္ျခင္းေၾကာင့္ ပြဲကို အေရးမနိမ့္ခဲ့တာျဖစ္ပါတယ္။

ေပါ့မာဆန္ကေတာ့ ” အားလံုးက မန္ေနဂ်ာအျပစ္ေတြပါ။ လူေတြက ကြင္းထဲမွာ ဝါရင့္ကစားသမားေတြ ရွိေနတာပဲလို႔ ေျပာၾကတာ ျဖစ္ႏုိင္ပါတယ္။ ဒါေပမယ့္ သူက မန္ေနဂ်ာ။ ကလပ္အသင္းက သူ႔ကို နာခံေနရတာျဖစ္ပါတယ္။ အားလံုးက သူ႔စကား နားေထာင္ရတာျဖစ္ျပီး မွန္ကန္တဲ့ ဦးေဆာင္မႈကို အမ္မရီ မလုပ္ႏုိင္ခဲ့ပါဘူး။

သူ႔ရဲ႕ လူစားလဲမႈေတြက မမွန္ပါဘူး။ ေဘာလံုးကို ထိန္းထားႏုိင္ဖို႔ လိုေပမယ့္ ခပ္လြယ္လြယ္ပဲ ဆံုးရံွဴးခဲ့ရတယ္။ ဒီပြဲမွာ ေဘာလံုး ဆံုးရံွဴးမႈမျဖစ္ေအာင္ ကစားခဲ့သူက အိုေဇးပါ။ အာဆင္နယ္က ေနာက္ထပ္ သြင္းဂိုးတစ္ဂိုး လိုပါတယ္။ ဒါေပမယ့္ သူက လူငယ္ေတြကို ေခၚထည့္လာျပီး အသင္းကို ဖိအားမ်ားေစခဲ့တယ္။

ခံစစ္ဧရိယာထဲမွာ ခံစစ္မွဴးႏွစ္ဦးနဲ႔ ေဘာလံုးေပးလို႔ရတဲ့ စည္းမ်ဥ္းသစ္ စတင္ကတည္းက သူတို႔က ၆ ကိုက္စည္းထဲမွာ ေဘာလံုးေပးေနၾကတယ္။ ဘာလို႔ အဲ့သည္လို လုပ္ေနတာလည္း။ မႏွစ္တုန္းက ဘယ္သူမွ အဲ့လိုမေပးဘူး။ အခု သူတို႔ေပးေနတယ္။ မန္ေနဂ်ာက ဒါကို ျမင္ျပီး ေဘာလံုးကို ေရွ႔ကိုေပးဖို႔ လမ္းညႊန္ရမွာပါ။ ပထမေပးမႈကို မႏုိင္ရင္ ဒုတိယေဘာလံုးကို ရရပါမယ္။ သူတို႔က အဲ့တာေတြကို အႏုိင္မရပါဘူး ” လို႔ ေဝဖန္သြားခဲ့ပါတယ္။

ေပါမာဆန္ကေတာ့ အာဆင္နယ္ဟာ လြဲမွားတဲ့ နည္းစနစ္ေတြနဲ႔ ခ်ဥ္းကပ္မႈေတြကို လုပ္ခဲ့ျပီး ဝတ္ဖို႔နဲ႔ သေရပြဲအတြက္ ကြင္းထဲက ကစားသမားေတြကို အျပစ္တင္ထားထက္ အားလံုးကို ဆံုးျဖတ္ေပးတဲ့ မန္ေနဂ်ာကိုပဲ အျပစ္တင္ဖို႔ ပစ္မွတ္ထားခဲ့တာျဖစ္ပါတယ္။

UNICODE

စကိုင်းစပေါ့မှ အားကစားသုံးသပ်သူ ပေါမာဆန်က ဝတ်ဖို့နဲ့ပွဲမှာ မယုံနိုင်လောက်အောင် ခြေစွမ်းညံ့ဖျင်းခဲ့တဲ့ အာဆင်နယ်ရဲ့ စွမ်းဆောင်ရည်အတွက် တစ်ဦးတည်းသော အပြစ်တင်ရမယ့်သူက မန်နေဂျာအမ်မရီဖြစ်တယ်လို့ ဒဲ့တိုး ပြောဆိုလိုက်ပါတယ်။

ပထမပိုင်းမှာ ခြေအသာနဲ့ ကစားနိုင်ခဲ့သလို တိုက်စစ်မှူး အူဘာမီယန်ရဲ့ သွင်းဂိုး နှစ်ဂိုးနဲ့ ဦးဆောင်ခဲ့တဲ့ အာဆင်နယ်ဟာ ဒုတိယပိုင်းမှာတော့ ခံစစ်မှူး ဆိုကရေးတက်စ်နဲ့ လူးဝစ်တို့ရဲ့ အမှားတွေကြောင့် ခြေပဂိုးတွေ ပြန်လည် ပေးခဲ့ရပြီး ဂိုးသမား လီနိုနဲ့ လူးဝစ်တို့ ခံစစ်ကာကွယ်မှုအချို့ကို အကောင်းဆုံး လုပ်နိုင်ခြင်းကြောင့် ပွဲကို အရေးမနိမ့်ခဲ့တာဖြစ်ပါတယ်။

ပေါ့မာဆန်ကတော့ ” အားလုံးက မန်နေဂျာအပြစ်တွေပါ။ လူတွေက ကွင်းထဲမှာ ဝါရင့်ကစားသမားတွေ ရှိနေတာပဲလို့ ပြောကြတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူက မန်နေဂျာ။ ကလပ်အသင်းက သူ့ကို နာခံနေရတာဖြစ်ပါတယ်။ အားလုံးက သူ့စကား နားထောင်ရတာဖြစ်ပြီး မှန်ကန်တဲ့ ဦးဆောင်မှုကို အမ်မရီ မလုပ်နိုင်ခဲ့ပါဘူး။

သူ့ရဲ့ လူစားလဲမှုတွေက မမှန်ပါဘူး။ ဘောလုံးကို ထိန်းထားနိုင်ဖို့ လိုပေမယ့် ခပ်လွယ်လွယ်ပဲ ဆုံးရံှူးခဲ့ရတယ်။ ဒီပွဲမှာ ဘောလုံး ဆုံးရံှူးမှုမဖြစ်အောင် ကစားခဲ့သူက အိုဇေးပါ။ အာဆင်နယ်က နောက်ထပ် သွင်းဂိုးတစ်ဂိုး လိုပါတယ်။ ဒါပေမယ့် သူက လူငယ်တွေကို ခေါ်ထည့်လာပြီး အသင်းကို ဖိအားများစေခဲ့တယ်။

ခံစစ်ဧရိယာထဲမှာ ခံစစ်မှူးနှစ်ဦးနဲ့ ဘောလုံးပေးလို့ရတဲ့ စည်းမျဉ်းသစ် စတင်ကတည်းက သူတို့က ၆ ကိုက်စည်းထဲမှာ ဘောလုံးပေးနေကြတယ်။ ဘာလို့ အဲ့သည်လို လုပ်နေတာလည်း။ မနှစ်တုန်းက ဘယ်သူမှ အဲ့လိုမပေးဘူး။ အခု သူတို့ပေးနေတယ်။ မန်နေဂျာက ဒါကို မြင်ပြီး ဘောလုံးကို ရှေ့ကိုပေးဖို့ လမ်းညွှန်ရမှာပါ။ ပထမပေးမှုကို မနိုင်ရင် ဒုတိယဘောလုံးကို ရရပါမယ်။ သူတို့က အဲ့တာတွေကို အနိုင်မရပါဘူး ” လို့ ဝေဖန်သွားခဲ့ပါတယ်။

ပေါမာဆန်ကတော့ အာဆင်နယ်ဟာ လွဲမှားတဲ့ နည်းစနစ်တွေနဲ့ ချဉ်းကပ်မှုတွေကို လုပ်ခဲ့ပြီး ဝတ်ဖို့နဲ့ သရေပွဲအတွက် ကွင်းထဲက ကစားသမားတွေကို အပြစ်တင်ထားထက် အားလုံးကို ဆုံးဖြတ်ပေးတဲ့ မန်နေဂျာကိုပဲ အပြစ်တင်ဖို့ ပစ်မှတ်ထားခဲ့တာဖြစ်ပါတယ်။