အဂၤလန္က အေျပာင္းအေရႊ႔ဆိုင္ရာ သတင္းေတြကို စုစည္းေဖာ္ျပတဲ့ သတင္းဌာနကေနျပီး မန္ယူအသင္းရဲ႕ အနာဂတ္ အေျပာင္းအေရႊ႔ လုပ္ရွားမႈအေၾကာင္း ဖြသတင္းတစ္ပုဒ္ ေဖာ္ျပလာခဲ့ျပီျဖစ္ပါတယ္။

မန္ယူဟာ အဂၤလန္လူငယ္ေတြျဖစ္တဲ့ ဆန္ခ်ိဳနဲ႔ မတ္ဒီဆန္တို႔ကို လာမယ့္ ေႏြမွာ ေခၚယူဖို႔ ထိပ္တန္းပစ္မွတ္အျဖစ္ ေရြးခ်ယ္ထားျပီး ေစာင့္ၾကည့္မႈေတြ ဆက္တိုက္လုပ္မွာျဖစ္တယ္။ အဂၤလန္ထိပ္တန္းၾကယ္ပြင့္ေတြဟာ မန္ယူအသင္းရဲ႕ ျဗိတိန္ကစားသမား စုေဆာင္းမႈမွာ ဦးစားေပးအျဖစ္ ေရြးခ်ယ္ထားျခင္းခံရတယ္လို႔ျဖစ္တယ္။

ေႏြတုန္းက လူကာကူကို ေရာင္းထုတ္စဥ္ ရခဲ့တဲ့ ေပါင္ ၇၅ သန္းအျပင္ ကစားသမား ေရာင္းထုတ္မႈေတြကေန အသံုးစရိတ္ေတြ ရဦးမယ္ မန္ယူဟာ သူတို႔ႏွစ္ဦးေပါင္းအတြက္ ေပါင္ သန္း ၂၀၀ ထိ အသံုးျပဳရမယ္ဆိုတာကိုလည္း နားလည္ထားျပီး မန္ေနဂ်ာဆိုးရွားလက္ေအာက္ လူစာရင္း ရွင္းထုတ္လာမႈမွာ တိုးတက္လာမႈ အေနအထားကို သူတို႔ ႏွစ္ဦးနဲ႔ ျပသမယ္လို႔ ဆိုပါတယ္။

အဂၤလန္အထင္ကရ သတင္းဌာနေတြကလည္း ေႏြတုန္းက ဆန္ခ်ိဳကို မန္ယူအသင္း ကမ္းလွမ္းခဲ့ေၾကာင္းကို ေဒါ့မြန္ဥကၠဌရဲ႕ ေျပာဆိုမႈအေပၚ မူတည္ျပီး သတင္းျပန္ၾကားမႈေတြ လုပ္ေပးခဲ့ျပီးပါျပီ။ မတ္ဒီဆန္ကို မန္ယူကင္းေထာက္ေတြ ေစာင့္ၾကည့္ေနတာကလည္း ကြယ္ဝွက္ထားစရာ မလိုတဲ့ သတင္းျဖစ္တယ္။

တိုက္စစ္နဲ႔ ကြင္းလယ္မွာ ထူးခၽြန္တဲ့ ကစားသမားေတြရွိေပမယ့္လို႔ နည္းစနစ္ပိုင္း အမ်ားအျပား သံုးဖို႔ရာ လံုေလာက္ေအာင္ေတာ့ ၾကြယ္ဝမႈ မရွိပါဘူး။ မန္ယူတိုက္စစ္မွာ ရပ္ဖို႔၊ မာရွယ္နဲ႔ ဂ်ိမ္းတို႔ပဲ အမာခံရွိေနျပီး ကြင္းလယ္မွာလည္း ေပါ့ဘာ မပါႏုိင္ခ်ိန္မွာ မာတစ္နဲ႔ မာတာတို႔ကို ျပန္သံုးဖို႔ပဲ ရွိေနတာေၾကာင့္ ငယ္ရြယ္တဲ့ ျဗိတိန္သားေတြကို ေခၚယူျပီး နည္းစနစ္ပိုင္းဆိုင္ရာ ပိုမို က်ယ္ျပန္႔လာေအာင္ လုပ္ေဆာင္ဖို႔ ရည္ရြယ္ေနတာျဖစ္ပါတယ္။

UNICODE

အင်္ဂလန်က အပြောင်းအရွှေ့ဆိုင်ရာ သတင်းတွေကို စုစည်းဖော်ပြတဲ့ သတင်းဌာနကနေပြီး မန်ယူအသင်းရဲ့ အနာဂတ် အပြောင်းအရွှေ့ လုပ်ရှားမှုအကြောင်း ဖွသတင်းတစ်ပုဒ် ဖော်ပြလာခဲ့ပြီဖြစ်ပါတယ်။

မန်ယူဟာ အင်္ဂလန်လူငယ်တွေဖြစ်တဲ့ ဆန်ချိုနဲ့ မတ်ဒီဆန်တို့ကို လာမယ့် နွေမှာ ခေါ်ယူဖို့ ထိပ်တန်းပစ်မှတ်အဖြစ် ရွေးချယ်ထားပြီး စောင့်ကြည့်မှုတွေ ဆက်တိုက်လုပ်မှာဖြစ်တယ်။ အင်္ဂလန်ထိပ်တန်းကြယ်ပွင့်တွေဟာ မန်ယူအသင်းရဲ့ ဗြိတိန်ကစားသမား စုဆောင်းမှုမှာ ဦးစားပေးအဖြစ် ရွေးချယ်ထားခြင်းခံရတယ်လို့ဖြစ်တယ်။

နွေတုန်းက လူကာကူကို ရောင်းထုတ်စဉ် ရခဲ့တဲ့ ပေါင် ၇၅ သန်းအပြင် ကစားသမား ရောင်းထုတ်မှုတွေကနေ အသုံးစရိတ်တွေ ရဦးမယ် မန်ယူဟာ သူတို့နှစ်ဦးပေါင်းအတွက် ပေါင် သန်း ၂၀၀ ထိ အသုံးပြုရမယ်ဆိုတာကိုလည်း နားလည်ထားပြီး မန်နေဂျာဆိုးရှားလက်အောက် လူစာရင်း ရှင်းထုတ်လာမှုမှာ တိုးတက်လာမှု အနေအထားကို သူတို့ နှစ်ဦးနဲ့ ပြသမယ်လို့ ဆိုပါတယ်။

အင်္ဂလန်အထင်ကရ သတင်းဌာနတွေကလည်း နွေတုန်းက ဆန်ချိုကို မန်ယူအသင်း ကမ်းလှမ်းခဲ့ကြောင်းကို ဒေါ့မွန်ဥက္ကဌရဲ့ ပြောဆိုမှုအပေါ် မူတည်ပြီး သတင်းပြန်ကြားမှုတွေ လုပ်ပေးခဲ့ပြီးပါပြီ။ မတ်ဒီဆန်ကို မန်ယူကင်းထောက်တွေ စောင့်ကြည့်နေတာကလည်း ကွယ်ဝှက်ထားစရာ မလိုတဲ့ သတင်းဖြစ်တယ်။

တိုက်စစ်နဲ့ ကွင်းလယ်မှာ ထူးချွန်တဲ့ ကစားသမားတွေရှိပေမယ့်လို့ နည်းစနစ်ပိုင်း အများအပြား သုံးဖို့ရာ လုံလောက်အောင်တော့ ကြွယ်ဝမှု မရှိပါဘူး။ မန်ယူတိုက်စစ်မှာ ရပ်ဖို့၊ မာရှယ်နဲ့ ဂျိမ်းတို့ပဲ အမာခံရှိနေပြီး ကွင်းလယ်မှာလည်း ပေါ့ဘာ မပါနိုင်ချိန်မှာ မာတစ်နဲ့ မာတာတို့ကို ပြန်သုံးဖို့ပဲ ရှိနေတာကြောင့် ငယ်ရွယ်တဲ့ ဗြိတိန်သားတွေကို ခေါ်ယူပြီး နည်းစနစ်ပိုင်းဆိုင်ရာ ပိုမို ကျယ်ပြန့်လာအောင် လုပ်ဆောင်ဖို့ ရည်ရွယ်နေတာဖြစ်ပါတယ်။