နာပိုလီပြဲၾကိဳ အင္တာဗ်ဴးမွာ ဥေရာပခ်န္ပီယံ လီဗာပူးအသင္း ပဲ့ကိုင္ရွင္ ယာဂင္ကေလာ့ပ္ဟာ ပြဲေန႔ဆိုင္ရာ ေမးခြန္းေတြနဲ႔ အနာဂတ္အတြက္ ေမးခြန္းေတြအျပင္ လီဗာပူးက အေကာင္းဆံုး ကလပ္လားဆိုတဲ့ ေမးခြန္းေတြကို အေမးခံခဲ့ရပါတယ္။

လီဗာပူးအသင္းနဲ႔ ၂၀၂၂ ခုႏွစ္ထိ စာခ်ဳပ္ရွိေနတဲ့ ယာဂင္ကေလာ့ပ္ဟာ မာေဆးဆိုဒ္ေဒသရဲ႕ ရာသီဥတုကို မႏွစ္သက္ျခင္းေၾကာင့္ စာခ်ဳပ္သစ္ကို ထပ္ခ်ဳပ္မွာ မဟုတ္ပဲ လီဗာပူးကေန ထြက္ခြာသြားႏုိင္ေၾကာင့္ သူ႔ရဲ႕ေအးဂ်င့္က မေန႔ကပဲ ေျပာဆိုပါတယ္။ ဂ်ာမနီကလာတဲ့ ကေလာ့ပ္က လီဗာပူးမွာ ရာသီဥတုပိုင္းကို အေတာ္ေလး အခက္ေတြ႔တယ္လို႔ သူက ေျပာတာပါ။

ဒီအေၾကာင္းနဲ႔ ပက္သက္ျပီး ယာဂင္ကေလာ့ပ္က ” ေအးဂ်င့္ျဖစ္သူက အေျပာင္အပ်က္ ေျပာခဲ့တာျဖစ္မွာပါ။ ဒါေပမယ့္ က်ေနာ္ ေလးေလးနက္နက္ ျပန္ေျဖေပးပါမယ္။ တကယ္ေတာ့ သူေျပာခဲ့တာက ဂ်ာမာန္ဟာသျဖစ္ပါတယ္ ဒီမွာေတာ့ လူတိုင္းက နားမလည္ၾကလို႔ပါ။ က်ေနာ္က ရာသီဥတုနဲ႔ အဆင္ေျပပါတယ္။ ဒီအခန္းထဲက အပူေတြထက္ေတာင္ ရာသီဥတု ပိုေကာင္းေသးတယ္ ” လို႔ နာပိုလီမွာလုပ္တဲ့ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့တာပါ။

ျပည္တြင္းျပိဳင္ဘက္ျဖစ္တဲ့ မန္စီးတီးအသင္း မန္ေနဂ်ာ ဂြာဒီယိုလာက ေနာ္ဝစ္ကို အေရးနိမ့္တဲ့ ပြဲအျပီးမွာ စက္တင္ဘာပဲရွိပါေသးတယ္ ခ်န္ပီယံ လီဗာပူးကို ဂုဏ္ျပဳပါတယ္လုိ႔ ခနဲ႔ခဲ့တယ္။ သတင္းသမားေတြက ဥေရာပရဲ႕ အေကာင္းဆံုးအသင္းက လီဗာပူးလားလို႔ ေမးခြန္းထုတ္ခဲ့ပါတယ္။

ယာဂင္ကေလာ့ပ္က ” ဥေရာပမွာ က်ေန္ာတို႔က အေကာင္းဆံုးအသင္း မျဖစ္ႏုိင္ပပါဘူး။ ဘာလို႔လည္းဆိုေတာ့ ကမၻာအေကာင္းဆံုး အသင္းက မန္စီးတီးပါ။ တူညီတဲ့ ကမၻာမွာေတာ့ သူတို႔က အေကာင္းဆံုးလို႔ က်ေနာ္ထင္ပါတယ္ ” ဆိုျပီး အေကာင္းဆံုးအသင္းက မန္စီးတီသာျဖစ္တယ္လုိ႔ ေျဖဆိုခ့ဲပါတယ္။

ယာဂင္ကေလာ့ပ္က သေဘာရိုးနဲ႔ ေျဖခဲ့သလား ဂြာဒီယိုလာရဲ႕ စိတ္ဓါတ္စစ္ဆင္ေရးကို ခပ္ေအးေအးပဲ ျပန္စကားလြဲခဲ့သလားဆိုတာကေတာ့ သူကိုယ္တုိင္ပဲ သိမွာပဲျဖစ္ပါတယ္။

UNICODE

နာပိုလီပွဲကြို အင်တာဗျူးမှာ ဥရောပချန်ပီယံ လီဗာပူးအသင်း ပဲ့ကိုင်ရှင် ယာဂင်ကလော့ပ်ဟာ ပွဲနေ့ဆိုင်ရာ မေးခွန်းတွေနဲ့ အနာဂတ်အတွက် မေးခွန်းတွေအပြင် လီဗာပူးက အကောင်းဆုံး ကလပ်လားဆိုတဲ့ မေးခွန်းတွေကို အမေးခံခဲ့ရပါတယ်။

လီဗာပူးအသင်းနဲ့ ၂၀၂၂ ခုနှစ်ထိ စာချုပ်ရှိနေတဲ့ ယာဂင်ကလော့ပ်ဟာ မာဆေးဆိုဒ်ဒေသရဲ့ ရာသီဥတုကို မနှစ်သက်ခြင်းကြောင့် စာချုပ်သစ်ကို ထပ်ချုပ်မှာ မဟုတ်ပဲ လီဗာပူးကနေ ထွက်ခွာသွားနိုင်ကြောင့် သူ့ရဲ့အေးဂျင့်က မနေ့ကပဲ ပြောဆိုပါတယ်။ ဂျာမနီကလာတဲ့ ကလော့ပ်က လီဗာပူးမှာ ရာသီဥတုပိုင်းကို အတော်လေး အခက်တွေ့တယ်လို့ သူက ပြောတာပါ။

ဒီအကြောင်းနဲ့ ပက်သက်ပြီး ယာဂင်ကလော့ပ်က ” အေးဂျင့်ဖြစ်သူက အပြောင်အပျက် ပြောခဲ့တာဖြစ်မှာပါ။ ဒါပေမယ့် ကျနော် လေးလေးနက်နက် ပြန်ဖြေပေးပါမယ်။ တကယ်တော့ သူပြောခဲ့တာက ဂျာမာန်ဟာသဖြစ်ပါတယ် ဒီမှာတော့ လူတိုင်းက နားမလည်ကြလို့ပါ။ ကျနော်က ရာသီဥတုနဲ့ အဆင်ပြေပါတယ်။ ဒီအခန်းထဲက အပူတွေထက်တောင် ရာသီဥတု ပိုကောင်းသေးတယ် ” လို့ နာပိုလီမှာလုပ်တဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

ပြည်တွင်းပြိုင်ဘက်ဖြစ်တဲ့ မန်စီးတီးအသင်း မန်နေဂျာ ဂွာဒီယိုလာက နော်ဝစ်ကို အရေးနိမ့်တဲ့ ပွဲအပြီးမှာ စက်တင်ဘာပဲရှိပါသေးတယ် ချန်ပီယံ လီဗာပူးကို ဂုဏ်ပြုပါတယ်လို့ ခနဲ့ခဲ့တယ်။ သတင်းသမားတွေက ဥရောပရဲ့ အကောင်းဆုံးအသင်းက လီဗာပူးလားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။

ယာဂင်ကလော့ပ်က ” ဥရောပမှာ ကျနေ်ာတို့က အကောင်းဆုံးအသင်း မဖြစ်နိုင်ပပါဘူး။ ဘာလို့လည်းဆိုတော့ ကမ္ဘာအကောင်းဆုံး အသင်းက မန်စီးတီးပါ။ တူညီတဲ့ ကမ္ဘာမှာတော့ သူတို့က အကောင်းဆုံးလို့ ကျနော်ထင်ပါတယ် ” ဆိုပြီး အကောင်းဆုံးအသင်းက မန်စီးတီသာဖြစ်တယ်လို့ ဖြေဆိုခဲ့ပါတယ်။

ယာဂင်ကလော့ပ်က သဘောရိုးနဲ့ ဖြေခဲ့သလား ဂွာဒီယိုလာရဲ့ စိတ်ဓါတ်စစ်ဆင်ရေးကို ခပ်အေးအေးပဲ ပြန်စကားလွဲခဲ့သလားဆိုတာကတော့ သူကိုယ်တိုင်ပဲ သိမှာပဲဖြစ်ပါတယ်။