အဂၤလန္မန္ေနဂ်ာေဆာက္ဂိတ္ဟာ ခ်ယ္ဆီးအသင္းနဲ႔ ေတာက္ပလာတဲ့ ေအဘရာဟမ္ကို အခြင့္အေရးၾကီးေတြ ေပးႏုိင္ဖို႔အတြက္ စတင္ကာ ကင္းေထာက္ေတာ့မွာျဖစ္ျပီး ဗလန္စီယာနဲ႔ ယွဥ္ျပိဳင္ရမယ့္ ခ်န္ပီယံလိဂ္ပြဲမွာ အဂၤလန္သား တိုက္စစ္သမားကို ေစာင့္ၾကည့္ဖို႔ လက္ေထာက္နည္းျပ စတိဗ္ဟိုလန္ကို ေစလႊတ္မွာျဖစ္ပါတယ္။

ေအဘရာဟမ္ဟာ ကုန္ခဲ့တဲ့ သံုးပြဲမွာ ၇ ဂိုး သြင္းယူထားခဲ့သူျဖစ္ျပီး ၂၀၂၀ ယူရို ျပိဳင္ပြဲဝင္ အဂၤလန္အသင္းရဲ႕ ေနာက္လအတြင္း ယွဥ္ျပိဳင္ရမယ့္ ခ်က္နဲ႔ ဘူေဂးရီးယား ပြဲေတြမွာ စီနီယာ လက္ေရြးစင္အသင္းအတြက္ ေရြးခ်ယ္ခံရဖို႔ ေရပန္းစားလာတာပါ။ အသက္ ၂၁ ႏွစ္အရြယ္ တိုက္စစ္သမားဟာ ဘုန္းေမာက္မွ ဝဲလ္ဆန္နဲ႔ အျပိဳင္လည္း ျဖစ္လာေနပါတယ္။

ေအဘရာဟမ္ဟာ အဂၤလန္စီနီယာအသင္းအတြက္ မကစားေပးထားလို႔ ဖခင္ျဖစ္သူရဲ႕ ေမြးရပ္ေျမျဖစ္တဲ့ ႏုိင္ဂ်ီးရီးယား အသင္းကိုလည္း ကိုယ္စားျပဳခြင့္ ရေနသူျဖစ္တယ္။ မန္ေနဂ်ာေဆာက္ဂိတ္ကေတာ့ ဟယ္ရီကိန္းနဲ႔ ပြဲထြက္ေနရာ ယွဥ္ျပိဳင္ဖို႔ အျခားေသာ တုိက္စစ္မွဴးေတြ ေရြးခ်ယ္ရာမွာ ေအဘရာဟမ္နဲ႔ ဝဲလ္ဆန္တို႔ထဲက တစ္ဦးကို ဦးစားေပးအျဖစ္ ေစာင့္ၾကည့့္လိုေနပါတယ္။

ဥေရာပရဲ႕ အဆင့္အျမင့္ဆံုး ျပိဳင္ပြဲျဖစ္တဲ့ ယူရို ျပိဳင္ပြဲမွာ အဂၤလန္အသင္းအတြက္ ေအဘရာဟမ္ရဲ႕ ပါဝင္ေပးႏုိင္စြမ္းဟာ ဟိုလန္ရဲ႕ အကဲျဖတ္မႈအေပၚ မူတည္မွာျဖစ္သလို ေအဘရာဟမ္ကိုယ္တုိင္ကလည္း ေျခစြမ္းျပဖို႔ လိုမွာျဖစ္တယ္။ ဒီပြဲမွာေတာ့ တိုက္စစ္မွဴးေနရာအတြက္အျပင္ ေမဆန္ေမာင့္နဲ႔ တိုမိုရီတုိ႔ကို ေစာင့္ၾကည့္ျခင္းလည္း ျဖစ္လာပါမယ္။

ခ်ယ္ဆီးခံစစ္မွဴးတိုမိုရီဟာ ကေနဒါနဲ႔ အဂၤလန္အသင္းေတြကို လူငယ္အဆင့္မွာ ကိုယ္စားျပဳထားခဲ့သလို သူဟာ မိဘေတြရဲ႕ ေမြးရပ္ျဖစ္တဲ့ ႏုိင္ဂ်ီးရီးယားအတြက္ ကိုယ္စားျပဳခြင့္လည္း ရွိေနပါတယ္။ ႏုိင္ဂ်ီးရီးယားအသင္းကလည္း တိုမိုရီကိုပါ လက္ေရြးစင္အဆင့္အတြက္ ေစာင့္ၾကည့္ေနတာျဖစ္ပါတယ္။

UNICODE

အင်္ဂလန်မန်နေဂျာဆောက်ဂိတ်ဟာ ချယ်ဆီးအသင်းနဲ့ တောက်ပလာတဲ့ အေဘရာဟမ်ကို အခွင့်အရေးကြီးတွေ ပေးနိုင်ဖို့အတွက် စတင်ကာ ကင်းထောက်တော့မှာဖြစ်ပြီး ဗလန်စီယာနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲမှာ အင်္ဂလန်သား တိုက်စစ်သမားကို စောင့်ကြည့်ဖို့ လက်ထောက်နည်းပြ စတိဗ်ဟိုလန်ကို စေလွှတ်မှာဖြစ်ပါတယ်။

အေဘရာဟမ်ဟာ ကုန်ခဲ့တဲ့ သုံးပွဲမှာ ၇ ဂိုး သွင်းယူထားခဲ့သူဖြစ်ပြီး ၂၀၂၀ ယူရို ပြိုင်ပွဲဝင် အင်္ဂလန်အသင်းရဲ့ နောက်လအတွင်း ယှဉ်ပြိုင်ရမယ့် ချက်နဲ့ ဘူဂေးရီးယား ပွဲတွေမှာ စီနီယာ လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံရဖို့ ရေပန်းစားလာတာပါ။ အသက် ၂၁ နှစ်အရွယ် တိုက်စစ်သမားဟာ ဘုန်းမောက်မှ ဝဲလ်ဆန်နဲ့ အပြိုင်လည်း ဖြစ်လာနေပါတယ်။

အေဘရာဟမ်ဟာ အင်္ဂလန်စီနီယာအသင်းအတွက် မကစားပေးထားလို့ ဖခင်ဖြစ်သူရဲ့ မွေးရပ်မြေဖြစ်တဲ့ နိုင်ဂျီးရီးယား အသင်းကိုလည်း ကိုယ်စားပြုခွင့် ရနေသူဖြစ်တယ်။ မန်နေဂျာဆောက်ဂိတ်ကတော့ ဟယ်ရီကိန်းနဲ့ ပွဲထွက်နေရာ ယှဉ်ပြိုင်ဖို့ အခြားသော တိုက်စစ်မှူးတွေ ရွေးချယ်ရာမှာ အေဘရာဟမ်နဲ့ ဝဲလ်ဆန်တို့ထဲက တစ်ဦးကို ဦးစားပေးအဖြစ် စောင့်ကြည့်လိုနေပါတယ်။

ဥရောပရဲ့ အဆင့်အမြင့်ဆုံး ပြိုင်ပွဲဖြစ်တဲ့ ယူရို ပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် အေဘရာဟမ်ရဲ့ ပါဝင်ပေးနိုင်စွမ်းဟာ ဟိုလန်ရဲ့ အကဲဖြတ်မှုအပေါ် မူတည်မှာဖြစ်သလို အေဘရာဟမ်ကိုယ်တိုင်ကလည်း ခြေစွမ်းပြဖို့ လိုမှာဖြစ်တယ်။ ဒီပွဲမှာတော့ တိုက်စစ်မှူးနေရာအတွက်အပြင် မေဆန်မောင့်နဲ့ တိုမိုရီတို့ကို စောင့်ကြည့်ခြင်းလည်း ဖြစ်လာပါမယ်။

ချယ်ဆီးခံစစ်မှူးတိုမိုရီဟာ ကနေဒါနဲ့ အင်္ဂလန်အသင်းတွေကို လူငယ်အဆင့်မှာ ကိုယ်စားပြုထားခဲ့သလို သူဟာ မိဘတွေရဲ့ မွေးရပ်ဖြစ်တဲ့ နိုင်ဂျီးရီးယားအတွက် ကိုယ်စားပြုခွင့်လည်း ရှိနေပါတယ်။ နိုင်ဂျီးရီးယားအသင်းကလည်း တိုမိုရီကိုပါ လက်ရွေးစင်အဆင့်အတွက် စောင့်ကြည့်နေတာဖြစ်ပါတယ်။